ဆွဲဆောင်မှုရှိလွန်းတာကြောင့် လူ ၁၅ ယောက်ရဲ့အဓမ္မကျင့်ခြင်းကို ခံခဲ့ရတယ်ဆိုတဲ့သူမ

လန်ဒန်မြို့ အနောက်ပိုင်းမှာရှိတဲ့ အသက် ၂၇ နှစ်အရွယ် Jemma Beale ဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက သူမကို လူ ၁၅ ယောက်မှ အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး အမျိုးသားစုစုပေါင်း ၁၅ ယောက်တို့ကို စွဲချက်တင်ခဲ့ပါတယ်။

စွတ်စွဲခံလိုက်ရတဲ့အမျိုးသား ၁၅ ယောက်ထဲက ၁ ယောက်ကတော့ အပြစ်ရှိတယ်လို့ သတ်မှတ်ခံခဲ့ရလို့ ထောင်ကျနေတာတောင် ၂ ကျော်ရှိနေခဲ့ပြီး နောက်တစ်ယောက်ကတော့ စွဲချက်အတင်ခံရတဲ့နေ့မှာတင်ကိုပဲ နိုင်ငံအတွင်းကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။

Central News

ကျန်တဲ့တရားခံအမျိုးသားများကို စစ်ဆေးနေရင်း မလိုအပ်ဘဲ အချိန်တွေကြာသွားတဲ့ အတွက်ကြောင့် နောက်ဆုံးမှာတော့ တရားခံတွေကိုမစစ်ဘဲ တရားလိုပြုတိုင်ကြားခဲ့တဲ့ သူမကို တစ်ဖက်လှည့်နဲ့ ပြန်လည်စစ်ဆေးခဲ့ပါတယ်။ ထွက်ဆိုချက်တွေကို တိုက်ကြည့်တဲ့အခါမှာတော့ ဖြစ်နိုင်ချေလျော့နည်းကာ ထွက်ဆိုချက်ဇာတ်လမ်းတွေဟာလည်း တမင်စိတ်ကူးယဉ်ပြီး ဖန်တီးထားတယ်လို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ရှေ့နေနဲ့ တရားသူကြီးတွေအားလုံးက ယူဆခဲ့ကြပါတယ်။

Central News

Jemma Beale ဟာ ငယ်စဉ်တုန်းက စိတ်ပိုင်းဆိုင်ရာအရအနိုင်ကျင့်အနှိမ်ခံခဲ့ရလို့ အခုအချိန်မှာ လူတိုင်းရဲ့အာရုံစူးစိုက်မှုကို ခံရအောင်နဲ့ အနိုင်ရအောင် ပြုလုပ်နေတာဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းက စစ်လာတဲ့အမှုဟာ ၂၀၁၉ အထိ နာရီပေါင်း ၆၄၀၀ကြာအောင်စစ်ဆေးခဲ့တာတောင်မှ ရေရာတဲ့အဖြေရယ်လို့ တိတိကျကျထွက်မလာခဲ့ပါဘူး။ အမှုစစ်တဲ့ နိုင်ငံတော်ကုန်ကျစရိတ်အနေနဲ့လည်း ယူရို ၂ သိန်းခွဲတောင် ကုန်ကျနေတာဖြစ်တဲ့အတွက် တရားရုံးအတွက် ဆုံးဖြတ်ချက်ချစရာအခြေအနေတစ်ခု ဖြစ်လာခဲ့တာပါ။

READ
နိုင်ငံခြားသူချောချောလေးကို လက်ထပ်နိုင်ခဲ့ပြီးတော့ Dating Club ဖွင့်လှစ်ခဲ့တဲ့ အမျိုးသား

တကယ်တော့ Jemma Beale ဟာ လူ ၁၅ ယောက်ကို သူမကိုအဓမ္မမကျင့်ပါဘဲ အကွက်ကျကျနဲ့စွတ်စွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်အခုလိုလိမ်လည်တရားစွဲဆိုခဲ့တဲ့ သူမကို တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ပါတယ်။ သို့ပေမယ့် Jemma Beale ရဲ့ ရှေ့နေဖက်ကတော့ Jemma Beale ဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါအခံရှိတာကြောင့်အခုလိုလုပ်မိတဲ့အတွက် လျှော့ပေါ့စေချင်ကြောင်း အယူခံဝင်ခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ ထောင်ဒဏ် ၁၀ နှစ်သာ ချမှတ်ခံခဲ့ရပါတယ်။

Central News

Source: Daily Mail, Unilad

Penny

SHARE