ဖုန်းသွားပြင်ရာကနေ ကိုယ်ရေးကိုယ်တာပုံတွေခိုးယူခံလိုက်ရတဲ့မိန်းကလေး

Facebook

နည်းပညာတိုးတက်လာတာနဲ့အမျှ ကိုယ်ရေးအချက်ဆိုင်ရာ လုံခြုံမှုတွေအတွက် အတော်လေးစိုးရိမ်လာကြရပြီး၊ အဲဒီထဲမှာမှ မိန်းကလေးတွေက ပိုပြီးထိခိုက်ကြသူတွေပါ။ အခုလည်း အမျိုးသမီးငယ်တစ်ဦးက သူ့ iPhone ကို iPhone serviceစတိုးမှာ သွားပြင်ရာ ဆိုင်ဝန်ထမ်း technicianတစ်ဦးက ကောင်မလေးရဲ့ အတွင်းရေးဓာတ်ပုံတစ်ပုံကို သူ့ဖုန်းထဲ ကူးယူခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ Gloria Elisa Fuentesဟာ သူမကြုံကြိုက်ခဲ့တဲ့စိတ်ပျက်စရာ အဖြစ်အပျက်အကြောင်းကို  မကြာသေးမီက Facebook မှာတင်လိုက်ပြီးနောက်ပိုင်း အတော်လေးပျံ့နှံ့သွားခဲ့ပါတယ်။

Fuentesဟာ သူမiPhone screenကို ပြန်လည်ပြုပြင်ဖို့ Apple storeတစ်ခုကိုသွားပြရာကနေ အခုလို ဖြစ်ခဲ့တာဖြစ်ပါတယ်။ သူမဆိုင်မသွားခင် ဖုန်းထဲမှာရှိတဲ့ အက်ပလီကေးရှင်းတွေ၊ ဘဏ်အကောင့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးအပြင် ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတွေအားလုံးကို ဖျက်ပြီး backup လုပ်ထားခဲ့ပေမယ့်၊ အရေးကြီးတဲ့အရာတစ်ခုဖြစ်တဲ့ သူမဓာတ်ပုံတွေကို ဖျက်ပစ်ဖို့ မေ့လျော့သွားခဲ့ပါတယ်။

ဖုန်းထဲကပုံတွေကိုဖျက်မလို့လုပ်ပေမယ့် ဖုန်းဆိုင်က လာမယ့်အချိန်ကို ချိန်းထားတဲ့ထက်ပိုစောကြောင်းမက်ဆေ့ခ်ျ ရောက်လာခဲ့တာမို့ အမြန်မြန်သွားဖို့လုပ်ရာကနေ ပုံတွေဖျက်ပစ်ဖို့ မေ့သွားခဲ့တာဖြစ်ပါတယ်။

ဆိုင်က technicianက ကျွန်မ ဖုန်း passcodeကိုမေးပြီး ဖုန်းကိုကလိနေပေမယ့် သူ့အလုပ်သူလုပ်နေတယ်ဆိုပြီး မသိမထားမိလိုက်ဘူး။ အိမ်ပြန်ရောက်ချိန် ဖုန်းဖွင့်ကြည့်လိုက်တော့ contactမှာ မမှတ်ထားတဲ့နံပါတ်စိမ်းတစ်လုံးဆီပို့ထားတဲ့ messageကိုတွေ့ပြီး အရမ်းလန့်သွားတယ်လို့ ကောင်မလေးကဆိုပါတယ်။

ကောင်မလေးရဲ့ဖုန်းထဲမှာ ပုံပေါင်း(၅၀၀၀)လောက်ရှိပြီး၊ အဲဒီထဲကမှ သူမရည်းစားနဲ့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ရိုက်ထားတဲ့အတွင်းရေးပုံကို ကူးယူသွားခဲ့တာဖြစ်ပါတယ်။

ဖုန်းဆိုင်ကိုပြန်သွားပြီး အဲ့ဒီအမျိုးသားနဲ့ထိပ်တိုက်ရှင်းတဲ့အခါ သူက သူ့ဖုန်းနံပါတ်ဆိုတာဝန်ခံခဲ့ပေမယ့်၊ ဓာတ်ပုံဘယ်လိုပို့လိုက်လဲဆိုတာ သူမသိဘူးလို့ငြင်းခဲ့ပါတယ်။

ဆိုင်မန်နေဂျာက ဒီကိစ္စကိုစုံစမ်းပေးမယ်လို့ပြောခဲ့ပြီး၊ ကောင်မလေးက အဆိုပါအမျိုးသားကို တရားစွဲသွားမယ်လို့ ဆိုပါတယ်။

Pixabay / FirmBee

သူမအဖြစ်အပျက်ကို အင်တာနက်ပေါ်ဝေမျှလိုက်တာဟာ သူ့လိုမျိုးမိန်းကလေးတွေ၊ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေ သတိထားဖို့ ဝေမျှခဲ့တာလို့ဆိုပြီး၊ Fuentes အတွက်စိုးရိမ်နေကြသူတွေရဲ့ likes, shares နဲ့ commentတွေဟာ အများအပြားကို သူမပို့စ်အောက်မှာ တွေ့မြင်ရတယ်လို့သိရပါတယ်။

Khaing

SHARE