သင် ငယ်ငယ်က အချစ်ဆုံးတိရစ္ဆာန်လေးရှိခဲ့ဖူးလား…. ရှိခဲ့ဖူးရင် အဲ့ဒီအချစ်ဆုံးလေးနဲ့ ခွဲခွာရတဲ့ ဒုက္ခကို ခံစားဖူးပါသလား…
အခုပြောပြမဲ့အကြောင်းအရာကတော့ ကံကောင်းလွန်းတဲ့ မိန်းကလေးတဦးရဲ့အကြောင်းပါ။ ဒီအကြောင်းကို ဖတ်ကြည့်ပြီးရင် ပျော်စရာဇာတ်သိမ်းဆိုတာ ရုပ်ရှင်တွေထဲမှာတင် မဟုတ်ဘဲ အပြင်မှာလည်း ရှိတတ်တယ်ဆိုတာကို ခံစားတတ်ပါလိမ့်မယ်။

အမေရိကန်နိုင်ငံ၊ ပင်ဆဲလ်ဗေးနီးယားပြည်နယ်မှာနေထိုင်တဲ့ Nicole Grimes ဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်က ခွေးလေးတကောင် အရမ်းလိုချင်ခဲ့ပါသတဲ့။ သူ့အသက် (၁၀)နှစ်ပြည့်တဲ့မွေးနေ့မှာ သူ့ရဲ့ဖွားဖွားက သူ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပြီး ခွေးမလေးတကောင်ဝယ်ပေးခဲ့ပါတယ်။ ခွေးလေးကို မြင်မြင်ချင်းအရမ်းချစ်သွားတဲ့ Nicole က ခွေးမလေးကို Chloe လို့ နာမည်ပေးပြီး တယုတယမွေးခဲ့တာပေါ့။
ဒါပေမဲ့ မမြင်ရတဲ့ ကံကြမ္မာက Nicole နဲ့ Chloe တို့ကို ခွဲပစ်ခဲ့ပါတော့တယ်။ အတူတူနေရင်း (၄)နှစ်အကြာမှာ Nicole ရဲ့ ဖခင်ဟာ အလုပ်အသစ်ရခဲ့တာကြောင့် မိသားစုလိုက် အိမ်ပြောင်းခဲ့ရပြီး အလုပ်အနေအထားအရ ခွေေးလးကို ဆက်မွေးဖို့မဖြစ်နိုင်တော့လို့ Washington Humane Society မှာ မွေးမဲ့လူရှိရင်ပေးဖို့ ထားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် နောက် (၇)နှစ်အကြာမှာ Nicole ဟာ ကြော်ငြာတခုမှာ သက်ကြီးခွေးလေးတကောင်ကို မွေးစားပေးမဲ့သူတယောက်လိုနေတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ ခွေးလေးရဲ့နာမည်က Chloe ပါပဲတဲ့။ ဒီနာမည်ကိုတွေ့တော့ Nicole ဟာ သူ့ရဲ့ခွေးလေးကို သတိရခဲ့ပြီး ဘာပဲဖြစ်ဖြစ်မွေးစားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ခွေးလေးအိမ်ရောက်လာပြီးနောက်ပိုင်းမှာ တဖြေးဖြေးနဲ့ သူ့ရဲ့အမူအကျင့်တွေက အရင်တုန်းက Chloe လေးနဲ့ တူနေတာကြောင့် Nicole နဲ့ သူ့ရဲ့ အမေဟာ စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။
Posted by Nicole Grimes on Wednesday, January 31, 2018
သူတို့ဟာ Washington Humane Society ကနေ စတင်စုံစမ်းခဲ့ပြီး သူတို့ရဲ့ ခွေးလေးကို အပ်နှံခဲ့စဉ်က serial number တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါ Chloe လေးဟာ Nichole ငယ်ငယ်က မွေးခဲ့ဖူးတဲ့ခွေးလေးနဲ့ တကောင်တည်းဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ဒီဲဖြစ်ရပ်နဲ့ပတ်သက်ပြီး Nicole က သူ့ရဲ့ facebook မှာဝမ်းသာအားရ ဝေမျှခဲ့ပြီး ဒီတခါတော့ သူ့ခွေးလေးနဲ့ ဘယ်တော့မှမခွဲတော့ဘူးလို့ ဆိုနေလေရဲ့…..
KYM