ဒုက္ခိတဖြစ်နေတဲ့ ခွေးလေးတွေကိုမှ စာနာသနားစိတ်နဲ့ ကောက်ယူမွေးစားထားတဲ့ အမျိုးသမီး

Facebook/TheFowlerHeard

ခန္ဓာကိုယ်ချို့ယွင်းချက်ရှိနေတဲ့ တိရစ္ဆာန်လေးတွေအဖို့ တသက်လုံးကောင်းကောင်းမွန်မွန်နေထိုင်နိုင်မယ့် အမြဲတမ်းနေအိမ်ရှာဖွေရတာဟာ ခက်ခဲပါတယ်။ ဒီလိုတိရစ္ဆာန်လေးတွေက ပိုပြီးဂရုစိုက်ဖို့ ၊ အချိန်ပေးဖို့လိုအပ်တာကြောင့်လည်း တော်ရုံလူတွေက မွေးချင်ရင်တောင် မမွေးဖြစ်ကြပါဘူး။ ဒါပေမဲ့ ဗားမွန့်မှာနေထိုင်သူ ထရေစီဖောင်လာအမည်ရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဒီလိုစိန်ခေါ်မှုတွေကြားထဲကမှ ဒုက္ခတဖြစ်နေတဲ့ ခွေးလေးတွေကို ကောက်ယူမွေးစားခဲ့တာပါ။

Facebook/TheFowlerHerd

အခုဆိုရင်တော့ ထရေစီမှာ ခွေး(၈) ကောင်ရှိပြီး ထိုထဲက (၆) ကောင်ကတော့ ဂေဟာကနေ ခေါ်ယူမွေးစားထားတဲ့ ခွေးလေးတွေပါ။ ထရေစီက သူ့အိမ်က ခွေးအုပ်စုကို ဖောင်လာခွေးအုပ်ဆိုပြီး နာမည်ပေးထားပါတယ်။ ခွေးလေးတွေဟာ ထရေစီရဲ့ အကူအညီနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေကြဆဲပါ။

Facebook/TheFowlerHerd
Facebook/TheFowlerHerd

ထရေစီဟာ အရင်တုန်းက ဟေဒန်အမည်ရတဲ့ ခွေးလေးတစ်ကောင်ပဲ မွေးဖူးတာပါ။ တစ်နေ့သူ့ခွေးလေးဟာ ရောဂါတစ်ခုကြောင့် ၀ှီးချဲလ်လိုအပ်လာခဲ့ရာကနေ နောက်ဆုံးမှာတော့ အသက်ပါဆုံးသွားခဲ့ရတာပါ။ ထရေစီဟာ ဟေဒန်စီးသွားခဲ့တဲ့ ဘီးလေးတွေကို ကြည့်ပြီး လွမ်းတဲ့အတွက် ဟေဒန်လိုမျိုးအလားတူ ချိနဲ့ပြီး မသန်စွမ်းတဲ့ခွေးလေးတွေကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

READ
သားကို ဆရာဝန်ဖြစ်အောင်ထိ ပျိုးထောင်ပေးခဲ့တဲ့ ဒေါင်းဝေဒနာရှင် ဖခင်ရဲ့မေတ္တာ
Facebook/TheFowlerHerd
Facebook/TheFowlerHerd

ကြင်နာတတ်ပြီး ပြုစုယုယတတ်တဲ့ ထရေစီကြောင့် ဖောင်လာခွေးအုပ်လေးဟာ ပျော်ရွှင်ရပါတယ်။ ခွေးလေးတွေဟာ သူတို့ချင်းလည်း တည့်ပါတယ်။ ဥပမာ ဆောင်းတွင်းလိုအခါမျိုးတွေမှာဆိုရင် ထရေစီရဲ့ ပတ်ဝန်းကျင်နားတစ်ဝိုက်ဟာ နှင်းတွေနဲ့ ဖုံးလွှမ်းနေတတ်ပါတယ်။ ဒီလိုအချိန်ရောက်ရင် ဖောင်လာခွေးအုပ်ကြီးဟာ နှင်းတောထဲ ၀ှီးချဲလ်လေးတွေနဲ့လျှောက်ပြေးပြီး သခင်မဖြစ်သူနဲ့အတူ ဆော့လေ့ရှိပါတယ်။

Facebook/TheFowlerHerd

Posted by The Fowler Herd on Wednesday, March 25, 2020

ထရေစီကတော့ မသန်စွမ်းတဲ့ခွေးလေးတွေကို မွေးစားတာနဲ့ပတ်သက်ပြီး  “သူတို့ကို ထိန်းသိမ်းရတာ အဲဒီလောက် မခက်ပါဘူး။ သူတို့ရဲ့ ချီးသေးတွေကို မကြောက်ဖို့တော့ လိုတာပေါ့။ မသန်စွမ်းတဲ့ ခွေးတစ်ကောင်ကို မွေးဖို့စိတ်မ၀င်စားဘူးဆိုရင်လည်း ရှင့်သဘောပါပဲ။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် သူတို့လေးတွေဟာလည်း လမ်းလျှောက်တတ်တဲ့ကောင်လေးတွေနဲ့တော့ သိပ်မကွာပါဘူး…” လို့လည်း ပြောပြခဲ့ကြောင်း boredpanda ကတဆင့် သိရပါတယ်။

READ
ဓလေ့သစ်တစ်ခုလို လူအများကြား ပျံ့နှံ့ကုန်တဲ့ ဂျပန်နဲ့ ဆီနီဂေါပရိသတ်တွေရဲ့ စံပြလှုပ်ရှားမှု

လင်းလင်း (ShweMom)

SHARE