အရပ်ရှည်တဲ့ အမျိုးသမီးနဲ့ အရပ်ပုတဲ့ အမျိုးသားရည်းစားအတွဲတွေရဲ့ အွန်လိုင်းရန်ပွဲ

[email protected]

လူတစ်ယောက်ရဲ့ အရပ်အမောင်း၊ ကိုယ်အလေးအချိန်၊ ပိန်တာ၊ ၀တာ အစရှိတဲ့ဟာတွေ ကြည့်ပြီး လူတစ်ယောက်ကို သင်ခန့်မှန်းလို့မရပါဘူး။ ဒီလိုပဲ လူတစ်ယောက်အရပ်ရှည်တာနဲ့ပဲ ဒီလူဟာ ကောင်းတဲ့သူလို့ ပြောလို့မရပါဘူး။ လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းဆိုတာ အဲဒီလူရဲ့ လုပ်ရပ်နဲ့ နှလုံးသားကပဲ ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးအများစုဟာ ယောက်ျားလေးဆိုရင် အရပ်ရှည်တာကိုပဲ ကြိုက်ကြတာများပါတယ်။

 

Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ Lizz Adams လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ Twitter မှာ ချိန်းတွေ့တဲ့အချိန်တွေ့တဲ့တစ်ဖက်က ယောက်ျားလေးဟာ အရပ်ရှည်တာနဲ့ အရပ်ပုတဲ့အကြောင်းကို စကားစစ်ထိုးပြီး သူ့ရည်းစားကောင်လေးဟာ သူ့ထက်အရပ်ပိုပုကြောင်း သူနဲ့ဓာတ်ပုံတွဲရိုက်ပြီး တင်ခဲ့ပါတယ်။ Lizz ကတော့ သူမဟာ များသောအားဖြင့် အရပ်ရှည်တဲ့အမျိုးသားတွေဟာ မကောင်းတဲ့လူတွေဖြစ်ကြောင်း တစ်ဖက်သက် Twitter မှာတင်ခဲ့ပါသေးတယ်။ ဒါကိုတွေ့သွားကြတဲ့ အမျိုးသမီးတော်တော်များများဟာ Lizz ရဲ့ပို့အောက်မှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပြီး တော်တော်များများကတော့ Lizz ကို တစ်ဖက်သတ်မြင်ပြီးလျှောက်ရေးနေတာ မကောင်းကြောင်း အဖြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

READ
ခင်ပွန်းသည်ဝှက်ထားတဲ့ ပိုက်ဆံတွေကို ရှာဖွေဖော်ထုတ်ပေးခဲ့တဲ့ အချစ်တော်ကြောင်ကလေး

 

 

 

 

 

 

ဘာပဲဖြစ်ဖြစ် Lizz ရဲ့ ပို့စ်က အောင်မြင်တယ်လို့ ပြောရမှာပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီ့ပို့စ်အောက်မှာ comment  ပြန်ပေးတဲ့သူဟာ 27K ကျော်ရှိခဲ့ပြီး  like ပေးတဲ့သူ 190K ကျော်ရှိခဲ့လို့ပါပဲ။ “ကျွန်မအလုပ်က လူရွှင်တော်အလုပ်လေ။ တစ်ခုခုပြောရင် ကျွန်မမရဲ့ အကျင့်ကိုက အလွန်အကြူးပြောတတ်တာလေ။ ဒီကိစ္စမှာလဲ စနောက်တဲ့ပုံစံနဲ့ပဲပြောတာကို အတည်ကြီးတွေထင်နေကြပြီး ကျွန်မကို အပြစ်ဝိုင်းပြောနေကြတယ်” လို့ Lizz က Bored Panda သတင်းဌာနကို ပြန်ရှင်းပြခဲ့ပါတယ်။

READ
ချစ်သူများနေ့အတွက် လွယ်ကူသက်သာ အလဟဿမဖြစ်စေမယ့် ကိုယ်တိုင်လုပ်ပန်းစည်း

Pyi Hein Kyaw

SHARE