ဒီခေတ်ကြီးထဲမှာ ဘယ်အလုပ်ကိုမှ ယောကျာ်းအလုပ်၊ မိန်းမအလုပ်ဆိုပြီး ခွဲခြားနေရတော့မယ့် ခေတ်မဟုတ်တော့ပါဘူး။ မိန်းကလေးတွေဆိုတာကလည်း ယောကျာ်းလေးတွေနည်းတူ အရာရာကို ရင်ဘောင်တန်းနိုင်နေပြီး တစ်ချို့ယောကျာ်းလေးတွေ မလုပ်နိုင်တဲ့ အလုပ်မျိုးကို လုပ်ကိုင်နေဂတဲ့ အမျိုးသမီးတွေတောင် ရှိပါတယ်။ အခုပြောပြချင်တာကတော့ အိန္ဒိယပြည်နယ်တစ်ခုမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ အခုဆိုရင်တော့ အဆိုပါ အမျိုးသမီးဟာ သူနေထိုင်တဲ့ Kashmir ပြည်နယ်ရဲ့ ပထမဦးဆုံးသော အမျိုးသမီး အဝေးပြေးယာဉ်မောင်း ဖြစ်လာခဲ့ပြီဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Congratulations to J&K Jammu’s first woman bus driver Pooja Devi who ferries passengers from Kathua to Jammu.✨✨@RadioChinar @ChinarcorpsIA #Kashmir #kashmiri @rachitseth @smritiirani @OfficeOfLGJandK @UN_Women pic.twitter.com/npFRCilqon
— Baramulla Watch (@baramullawatch) December 25, 2020
သူမကတော့ ကလေး ၃ ယောက်မိခင်တစ်ဦးဖြစ်တဲ့ Pooja Devi အမည်ရ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Pooja ဟာ အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံ၊ Kathua ပြည်နယ်ရှိ Sandhar မြို့မှ Basohli မြို့သို့ ပြေးဆွဲနေတဲ့ High way ကားတွေကို မောင်းနှင်နေတဲ့ အမျိုးသမီးဒရိုင်ဘာတစ်ယောက် ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်အနေနဲ့ ဒီလိုမျိုး အဝေးပြေး ယာဉ်မောင်းအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတာဟာ လူတော်တော်များများအတွက် ထူးဆန်းစရာ ကိစ္စတစ်ခုပါပဲ။
ဒါပေမယ့် ဒီလိုမျိုး အဝေးပြေးယာဉ်မောင်း အလုပ်ဟာ Pooja ရဲ့ အိမ်မက်တစ်ခုဖြစ်ပြီး သူကိုယ်တိုင်ကိုယ်က ဒီအလုပ်ကို လုပ်ကိုင်ချင်ခဲ့တာ ဖြစ်ပါတယ်။ Pooja ဟာ ကားကြီးမောင်းတဲ့ သင်တန်းကို ရက် ၃၀ ကြာအောင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး လိုင်စင်ရယူခဲ့တာ ဖြစ်ပါတယ်။ Pooja မောင်းရမယ့် Kathua မြို့ကနေ Jammu မြို့အထိ ခရီးစဉ်ဟာ အကွာအဝေးဟာ (၅၂)မိုင်အထိ ရှိပါတယ်။
Meet Pooja Devi, a bus driver and a mother of two, who trips passengers in a private bus from Kathua to Jammu and becomes the first woman bus driver from Jammu and Kashmir.#jammuandkashmir #India #Woman #BusDriver @JandKTourism @mygovindia pic.twitter.com/ZaWSFSxTgB
— Amit Singh (@editorneindia) December 26, 2020
Jammu and Kashmir has got its first woman bus driver who drives passenger bus on the Jammu-Kathua road, inspiring many women into the profession.
Pooja Devi, basically a driving trainer, adopted this profession because of her passion to become a professional driver. pic.twitter.com/mqRqRc607z
— Pranjal Mishra ( प्रांजल मिश्रा ) (@PranjalmishraIN) December 25, 2020
“ဒီအလုပ်ကို ကျွန်မအမျိုးသားက လုံးဝမလုပ်စေချင်ပါဘူး။ ဘာကြောင့်လဲတော့ ကျွန်မမသိဘူး။ ဒါပေမယ့် ဒီလိုမျိုး heavy vehicles တွေကို မောင်းရတာ ကျွန်မရဲ့ အိမ်မက်တစ်ခုပါပဲ။ အခုဆိုရင် ကျွန်မဝင်ငွေနဲ့ ကျွန်မမိသားစုကို ထောက်ပံ့ပေးနိုင်တဲ့ အခြေအနေတစ်ခု ရောက်နေပါပြီ။ ကျွန်မမောင်းတဲ့ ကားကို စီးတဲ့ လူတော်တော်များများကတော့ စတီယာတိုင်ကိုင်ပြီး မောင်းနေတဲ့ ကျွန်မကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်တတ်ကြပါတယ်။ ကျွန်မကတော့ အဲဒီမျက်လုံးတွေကို စိတ်မဝင်စားပါဘူး။ ကျွန်မကားပေါ်ရောက်ပြီဆိုတာနဲ့ အဲဒီနေ့အတွက် ကားကိုဘယ်လိုမျိုး ဘေးအန္တရာယ်ကင်းကင်းမောင်းနိုင်မလဲဆိုတာကိုပဲ အဓိက အာရုံစိုက်ပါတယ်”လို့ Pooja က Storypick သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Pooja Devi is J&K’s first woman bus driver from Kathua District
Read morehttps://t.co/dWUhSPxWVc pic.twitter.com/hq2Zbtp0ij
— Cross Town News (@CrossTownNews) December 25, 2020
Pyi Hein Kyaw