အကောင်းဆုံးအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ကို စားသောက်ဆိုင်က ရရှိခဲ့တဲ့ အမျိုးသမီး

ကိုယ့်စိတ်တိုင်းကျဖြစ်မယ့် အိမ်မွေးတိရစ္ဆာန်ကို ရွေးချယ်ဖို့ ဆိုတာ မလွယ်ပါဘူး။ သူ့ကို နေ့တိုင်းဂရုစိုက်ရမယ်၊ အစာရေစာ ကျွေးမွေးရမယ်၊ သူ့ရဲ့ အဆိုးအကောင်းတွေကိုလည်း ကိုယ်ကခံရပါမယ်။ ဒါကြောင့် မြို့မှာနေထိုင်သူတွေအဖို့ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် အိမ်မွေးတိရစ္ဆာန်ကို ရှာဖွေရတာ ခက်ခဲလွန်းပါတယ်။

Erica Lim
Erica Lim

ဒါပေမယ့် အခုဖော်ပြမယ့် မလေးအမျိုးသမီးကတော့ သာမန်လူတွေ မွေးနေကျ မဟုတ်တဲ့ တိရစ္ဆာန်တစ်ကောင်ကို မွေးမြူခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်တုန်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူနေ အသက်(၃၉) နှစ်အရွယ် အီရီကာလင်းမ်ဟာ စားသောက်ဆိုင်တစ်ဆိုင်ကနေ ဘဲသန္ဓေသား ဥလေးတစ်ဥကို ရရှိခဲ့ပါတယ်။

Erica Lim
Erica Lim

အီရီကာဟာ မျိုးအောင်ပြီးတဲ့ ဘဲဥလေးကို ဗီယက်နမ်စားသောက်ဆိုင် တစ်ဆိုင်ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ၄င်းစားသောက်ဆိုင်ဟာ ဘဲသန္ဓေသားလေးတွေကို ရောင်းချနေတာ ဖြစ်ပါတယ်။ ဘဲသန္ဓေသားဟင်းလျာဟာ ဖိလစ်ပိုင်စားသောက်ဖွယ်ရာတစ်မျိုးဖြစ်ပြီး အထဲမှာ အကောင်ဖြစ်နေပြီဖြစ်တဲ့ ဘဲဥကိုပြုတ်ကာ အခွံခွာစားသောက်ရတာ ဖြစ်ပါတယ်။ အီရီကာဟာ စူးစမ်းလိုစိတ်နဲ့ သန္ဓေသားအောင်ပြီးတဲ့ ဘဲဥလေးတစ်လုံးကို ၀ယ်ပြီး အိမ်မှာအကောင်ဖောက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

READ
(၆)တန်းတုန်းက ဆရာမရဲ့တောင်းဆိုမှုကို မှတ်ထားပြီး အကောင်အထည်ဖော်ခဲ့တဲ့ကောင်မလေး
Erica Lim
Erica Lim

သူမက ဥကလေးကို သေတ္တာလေးတစ်ခုထဲ ထည့်ပြီး ဥဖောက်စက်နဲ့ အနွေးဓာတ်ပေးပါတယ်။ အံ့သြစရာပဲ နှစ်ပတ်အကြာမှာတော့ ဥကလေးဟာ အကောင်ပေါက်လာခဲ့ပြီး ချစ်စရာကောင်းတဲ့ ဘဲကလေးတစ်ကောင် ထွက်လာခဲ့ပါပြီ။ သူမရဲ့ စမ်းသပ်ချက်ဟာ အောင်မြင်ခဲ့ပြီး ဘဲပေါက်လေးနဲ့ အီရီကာဟာ လှပတဲ့ ဆက်ဆံရေးလေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ သူမဟာ ကနဦးပိုင်းမှာ ဘဲကလေးကို ဒေစီလို့ နာမည်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ဘီဘစ်လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။

Erica Lim
Erica Lim

ဘီဘစ်ဟာ ရေအရမ်းနှစ်သက်ပြီး မကြာခဏဆိုသလို ရေချိုးခန်းထဲ သခင်အလစ်မှာ ခိုးဝင်ပြီး ရေဆော့တတ်ပါတယ်။ ရေချိုးခန်းထဲမှာ တွေ့ရတဲ့ ပစ္စည်းပစ္စယတွေကို နှုတ်သီးနဲ့ လိုက်ဆိတ်ရတာကိုလည်း ဘီဘစ်က နှစ်သက်ပါတယ်။ ဒါပေမယ့်လည်း ဘီဘစ်က သူမရဲ့ သခင်ကိုတော့ ချစ်ရှာပါတယ်။ သခင်ဖြစ်တဲ့ အီရီကာ စာအုပ်ဖတ်နေတဲ့အခါမျိုး၊ ရုပ်ရှင်ကြည့်နေတဲ့အခါမျိုးတွေမှာ သခင်နား ပူးပူးကပ်ကပ် နေလေ့ရှိပါတယ်။ ဘီဘစ်ဟာ မြို့ဘဲတစ်ကောင်ဖြစ်တာကြောင့် မြို့နေလူထုရဲ့  လူနေမှုဘ၀ကို အသားကျလျက်ရှိနေပါပြီ။

Erica Lim
Erica Lim

ဘီဘစ်ငယ်ငယ်တုန်းကတော့ အီရီကာဟာ ဘဲပေါက်လေးကို သူမအိတ်ထဲထည့်ပြီး ရုပ်ရှင်ရုံခေါ်သွားလေ့ရှိပါတယ်။ အီရီကာက ဘီဘစ်ဟာ (၂၅) နာရီခြားတစ်ခါ ဥဥလေ့ရှိကြောင်း ပြောပြပါတယ်။ ဒါကြောင့် သူမအတွက် ဘဲဥတွေက ပိုလျံနေလေ့ရှိပြီး မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေပါ လက်ဆောင်ပေးလို့ ရနေပါပြီ။ အီရီကာက “ဘဲတွေဟာ လူတွေအတွက် အဖော်ကောင်းပါ။ ဘီဘစ်က နှစ်လိုဖွယ်ရာ ကောင်းပါတယ်။ ဒါကြောင့် ဘဲကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးရတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲဆိုတာ လူတွေသိစေချင်ပါတယ်…” လို့လည်း ပြောပြခဲ့ပါတယ်။

READ
တိုင်ဖွန်းမုန်တိုင်းအပြီး လမ်းရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ကိုင်ပေးနေတဲ့ ချောင်ယွန်ဖတ်

လင်းလင်း (ShweMom)

 Ref: Boredpanda
SHARE