Blind date မှာ ဆွေမျိုးအယောက်(၂၀)ကျော် ခေါ်ပြီး အားရပါးရ စားသောက်ခဲ့တဲ့ အမျိုးသမီး

Pixabay-StockSnap

ဒီဘက်ခေတ်မှာ ချစ်သူရည်စားရှာဖို့အတွက် Dating app တွေသုံးပြီး အမျိုးသားနဲ့ အမျိုးသမီးတွေဟာ အပြင်မှာ ချိန်းတွေ့ကြပါတယ်။ ဒီလိုတွေ့တဲ့အခါမှာတော့ များသောအားဖြင့် စားသောက်ဆိုင်ကောင်းကောင်းတစ်ခုမှာ တွေ့ကြပြီး အစာလေးစားလိုက်၊ ဝိုင်ကြိုက်ရင် ဝိုင်လေးသောက်လိုက်နဲ့ စကားလေးတွေ တီတီတာတာ ပြောနေတတ်ကြပါတယ်။ ဒီလိုမျိုး First blind date မှာ တစ်ယောက်နဲ့တစ်ယောက် လေ့လာအကဲခတ်ဖို့ များသောအားဖြင့် နှစ်ယောက်တည်း သီးသန့်တွေ့ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့ First blind date မှာ သူမရဲ့ ဆွေမျိုး ၂၃ ယောက်ကို ခေါ်လာပြီး စားသောက်ဆိုင်မှာ တစ်ဝတပြဲစားသောက်ခဲ့ကြောင်း Ladbible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-TerriC

အဆိုပါ အမျိုးသမီးကတော့ တရုတ်နိုင်ငံရှိ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါ အမျိုးသမီးဟာ အသက် ၂၉ နှစ်အရွယ် Mr Lui လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်နဲ့ Dating app တစ်ခုမှာ တွေ့ရှိခဲ့ပြီး တစ်ရက်မှာတော့ စားသောက်ဆိုင်ကောင်းကောင်းတစ်ခုမှာ တွေ့ဖို့ ချိန်းခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါ အမျိုးသမီးဟာ တွေ့မယ့်ရက်မှာတော့ အဆိုပါ စားသောက်ဆိုင်ကို သူမရဲ့ ဆွေမျိုး ၂၃ ယောက်နဲ့ အတူတူရောက်ရှိလာခဲ့ပြီး အားရပါးရ စားသောက်ခဲ့ပါတယ်။

READ
Instagram မှာ နေ့ချင်းညချင်း Follower သောင်းကျော်သွားတဲ့ ဟောင်ကောင်က ရဲမေလေး

အဆိုပါ အမျိုးသမီးအဆိုအရတော့ သူမအနေနဲ့ Mr Lui ရဲ့ ရက်ရောမှုနဲ့ သူမအပေါ်ဘယ်လောက်တန်ဖိုးထားကြောင်း သိချင်တာကြောင့် ဒီလိုမျိုးလုပ်ခဲ့ရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ဒီလိုနဲ့ ဘေလ်ရှင်းတဲ့ အချိန်မှတော့ ကျသင့်တဲ့ ပမာဏဟာ ပေါင် ၂,၃၀၀ (မြန်မာငွေ သိန်း ၄၀ နီးပါး) အထိ ကျသင့်ခဲ့ပါတယ်။ ဒါပေမယ့် Mr Lui ဟာ သူစားတဲ့ အစားအသောက်တွေနဲ့ အဆိုပါ အမျိုးသမီး စားထားတဲ့ အစားအသောက်ဖိုးသာ ရှင်းပေးခဲ့ပြီး ဘာမှမပြောပဲ ဆိုင်ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှတော့ အဆိုပါ အမျိုးသမီးဟာ ကျန်ရှိနေတဲ့ ဘေလ်တွေကို အကုန်ရှင်းပေးခဲ့ကြောင်း သိရပါတယ်။

Pixabay-Free-Photos

“ကျွန်မက ဒီအတိုင်း ကျွန်မအပေါ်ထားရှိတဲ့ သူ့ရဲ့ စိတ်ကို စမ်းသပ်ချင်တာတစ်ကြောင်း၊ သူဘယ်လောက်ရက်ရောနိုင်လဲဆိုတာတစ်ကြောင်း သိချင်လို့ စမ်းသပ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်မရဲ့ စ်ဆေးစမးသပ်မှုကို သူမခံနိုင်ခဲ့ပါဘူး။ ဒီလိုမျိုး First date မှာ ကျသင့်တဲ့ ဘေလ်တောင် မပေးနိုင်တဲ့ ယောကျာ်းတစ်ယောက်ကို ဘယလိုစိတ်နဲ့ တစ်ဘဝလုံးအားကိုးရမှာလဲ”လို့ အဆိုပါ အမျိုးသမီးက ပြောကြားခဲ့ပါတယ်။ Shwemom ပရိသတ်ကြီးကော ဘယ်လိုမြင်လဲဗျ။

READ
စီးကရက်ယူမပေးလို့ ချစ်သူကို ဆိုးဝါးစွာရိုက်နှက်ခဲ့သူ ထောင်ဒဏ်ချမှတ်ခံရ
Pixabay-StockSnap

Pyi Hein Kyaw

SHARE