အနံ့၊ အရသာအာရုံ ဗလာဖြစ်နေတဲ့ ထူးထူးဆန်းဆန်း ဝေဒနာရှင် အမျိုးသမီး

Facebook/Gabriella Sanders

ဂယ်ဘရီရယ်လာဆန်ဒါစ်အမည်ရတဲ့ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အနံ့အာရုံနဲ့ အရသာအာရုံ ကင်းမဲ့နေသူ တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ နှာခေါင်းက ဘာအနံ့မှ ခံစားမရသလို သူမရဲ့လျှာကလည်း အစားအသောက်တွေကို အရသာခံနိုင်စွမ်းမရှိပါဘူး။ ဂယ်ဘရီရယ်လာဟာ ရှားပါးလွန်းတဲ့ အာရုံကြောရောဂါတစ်မျိုးကို ခံစားနေရတာ ဖြစ်ပါတယ်။

Ladbible အရ ဂယ်ဘရီရယ်လာဟာ ဒီအဖြစ်ကို သူမငယ်ရွယ်စဉ်မှာပဲ ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲ့ဒီတုန်းက ကျောင်းမှာ ပရောဂျက်တစ်ခု ရှိပါတယ်။ ပရောဂျက်က ကလေးတွေရဲ့ အာရုံခံစွမ်းရည်ကိုစစ်ဆေးတဲ့ ပရောဂျက်ပါ။ အခြားကလေးတွေက သူတို့အနံ့ခံလို့ရတဲ့ အရာတွေ၊ စားလိုက်တဲ့အစားအသောက်တွေရဲ့ ရသာအာရုံတွေကို ဘယ်လိုရှိတယ်ဆိုတာ ပြန်ပြောပြနိုင်ကြပေမယ့် ဂယ်ဘရီရယ်ကတော့ ဒီလိုမပြောနိုင်ခဲ့ပါဘူး။

Faecbook/Gabriella Sanders

သူမရဲ့ အနံ့နဲ့ အရသာခံအာရုံကတော့ ဗလာနတ္ထိဖြစ်နေခဲ့တာပါ။ “အစားအသောက်ဆိုတာ ဘယ်လိုအရသာခံရမလဲ ကျွန်မ နားမလည်ပါဘူး။ သောက်စရာပူပူတွေ၊ ချိုတဲ့ဟာ၊ စပ်တဲ့ဟာ အဲ့ဒါတွေကိုလည်း အရသာခံလို့ မရပါဘူး…” လို့ သူမက ဆိုပါတယ်။

READ
အသွင်ယူထားတဲ့ ရဲတွေ အချင်းအချင်း ပြန်ဖမ်းမိကြတဲ့ အမေရိကန်နိုင်ငံက ဖြစ်ရပ်

ဂယ်ဘရီရယ်လာတို့ မျိုးရိုးထဲမှာတော့ သူမလိုမျိုး ဝေဒနာဖြစ်ဖူးတာ တစ်ယောက်မှ မရှိပါဘူး။ ဂယ်ဘရီရယ်လာဟာ သူမရဲ့ ချို့ယွင်းချက်တွေနဲ့ စိတ်မသက်မသာ ကြီးပြင်းလာခဲ့ရတာ ဖြစ်ပါတယ်။ သူမမှာ မီးကို အကြောက်လွန်တဲ့ရောဂါရှိပါတယ်။ သူမကြောက်တာက တကယ်လို့များ သူမအိပ်နေတုန်း အိမ်မီးလောင်ခဲ့ရင် မီးခိုးနံ့ကို မသိတဲ့သူမက ဘယ်လိုမှ နိုးလာမှာ မဟုတ်ဘူးဆိုပြီးတော့ပါ။

Facebook/Gabriella Sanders

သူမကြုံဖူးတဲ့ အဖြစ်တစ်ခုကိုတော့ ဂယ်ဘရီရယ်လာက ခုလို ပြန်ပြောပြပါတယ်။ “တစ်နေ့ အမေ ကျွန်မအိမ်လာတယ်။ တစ်အိမ်လုံး ဂက်စ်နံ့ကြီး မွှန်ထူနေတာပဲတဲ့။ ကျွန်မမှ အနံ့မရတာလေ။ တစ်ခုခုများဖြစ်ရင် စိုးရိမ်စရာပါပဲနော်။ ကျွန်မက တစ်ခုခုဖြစ်မှာ အရမ်းကြောက်တယ်။ ဒါကြောင့်လည်း ဘာလုပ်လုပ် အခုထိလည်း သတိထားပြီး လုပ်ကိုင်ပါတယ်…”

ဂယ်ဘရီရယ်လာဟာ အကပညာရှင်တစ်ဦး အဖြစ် အလုပ်လုပ်နေပါတယ်။ သူမအနေနဲ့ကတော့ အနံ့ခံအာရုံ အရသာအာရုံတွေ ခံစားလို့မရတဲ့ သူမရဲ့ ချို့ယွင်းချက်အတွက် ခံစားချက်ကြီးကြီးမားမားမရှိပေမယ့်လည်း တစ်ခါတစ်လေတော့ သူများတွေလို စားစရာတွေကို အရသာခံကြည့်ချင်ကြောင်းနဲ့ အရာဝတ္ထုတွေရဲ့ အနံ့တွေဟာ ဘယ်လိုများရှိနေမလဲဆိုပြီး သိချင်စိတ်ဖြစ်မိကြောင်းလည်း ပြောပြခဲ့ပါတယ်။

READ
ခြေထောက်ကိုဓာတ်ပုံရိုက်ပြီး တစ်နှစ်ကို ပေါင်(၅၅,ဝဝဝ)ရနေတဲ့ မော်ဒယ်

လင်းလင်း (ShweMom)

SHARE