ထိရောက်တဲ့ Diet ကြောင့် ကိုယ်အလေးချိန် (၁၉)စတုံကနေ (၉)စတုံအထိ ချနိုင်ခဲ့တဲ့ အမျိုးသမီး

Facebook/Samantha Soto

အမျိုးသမီး တော်တော်များများကတော့ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ထက်၊ တစ်ပေါင်နှစ်ပေါင်လောက် ပိုတိုးသွားမှာကို အလွန်စိုးရိမ်ကြပါတယ်။ စိတ်ကသာ စိုးရိမ်နေကြသော်လည်း ကိုယ်ရဲ့ စားသောက်တဲ့ပုံစံကို ဂရုတစိုက် စောင့်မကြည့်ဘူးဆိုရင် ဒီစိုးရိမ်စိတ်က အတောသတ်မှာ မဟုတ်ပါဘူး။

အခု အမျိုးသမီးတစ်ဦးကတော့ အစားအသောက်ကို အောင်နိုင်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မကြာခဏ ဗိုက်ဆာလေ့ရှိတဲ့ Binge-eating disorder ကြောင့် သူမဟာ မွေးကင်းစကနေ အသက်ကြီးပြင်းလာသည်အထိ ပီဇာတွေ၊ ကြက်တောင်ပံတွေနဲ့ ပြတ်တယ်လို့ မရှိခဲ့ပါဘူး။ ထိုစဉ်တုန်းက သူမဟာ ကိုယ်အလေးချိန် (၁၉)စတုံအထိ ရှိခဲ့ပါတယ်။ ပေါင်အားဖြင့် (၂၆၆)ပေါင်တောင် ရှိခဲ့တာပါ။

Facebook/Samantha Soto

သူမရဲ့အမည်ကတော့ Samantha Soto ဖြစ်ပါတယ်။ သူမ ဖြတ်သန်းခဲ့တဲ့ ဘဝရဲ့အချိန်တော်တော်များများကို စားခြင်းနဲ့ပဲ ကုန်ဆုံးခဲ့တာပါ။ အသက်က (၂၃)နှစ်ဆိုပေမယ့် သူရဲ့ကိုယ်အလေးချိန်က မကြာမီမှာပဲ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်လာနိုင်တဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။ ဒီအထိလည်း စားလို့ သောက်လို့ ကောင်းတုန်းပါဘဲ။

Soto ဟာ အမေရိကန် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ Philadelphia ဇာတိဖြစ်ပြီး၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကြောင့် အတော်လေး နေလို့ထိုင်လို့ မကောင်းဖြစ်လာကာမှ သူမဟာ Diet တစ်ခုခုလုပ်ဖို့ စိတ်ကူးခဲ့တာပါ။ သူရဲ့အခြေအနေနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ Keto Diet ကို စဉ်းစားခဲ့တာဖြစ်ပါတယ်။

Facebook/Samantha Soto

Keto Diet ဆိုတာ Ketogenic diet ဖြစ်ပြီး၊ မိမိစားမယ့်အစားအစားတွေမှာ အဆီအစိမ့်၊ ကယ်လိုရီ၊ ကာဘိုဟိုက်ဒြိတ်စတဲ့ဓာတ်တွေကို စနစ်တကျ ရှောင်ရှားတဲ့စနစ်ဖြစ်ပါတယ်။ ကနဦးပိုင်းတော့ အစားမက်တဲ့သူတွေအဖို့ ဒီ Diet က အဆင်ပြေမှာ မဟုတ်ပါဘူး။ ကျားကို မြက်ကျွေးလိုက်တဲ့ ပုံစံမျိုး ဖြစ်သွားမှာမို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် နေသားကျတဲ့အခါ အစားအစာက ကျေးဇူးပြန်ပြုပါတယ်။

Samantha ဟာ ဒီ Diet ကို စိတ်ရှည်လက်ရှည် ကျင့်သုံးခဲ့တာကြောင့် (၁၉)စတုံကနေ (၉)စတုံအထိ လျှော့ချပစ်လိုက်နိုင်ခဲ့တာပါ။ သူမက “ အခုဆို ကျွန်မ (၁၀၀)% ပိုကောင်းလာပြီလို့ ခံစားရပါတယ် … အခုဆို သွားချင်တဲ့နေရာကိုလည်း လွယ်လင့်တကူ သွားနိုင်ပြီဖြစ်ပြီး၊ ပိုပြီးတော့လည်း အားကောင်းလာပါတယ် ”လို့ ပြောပါတယ်။

Facebook/Samantha Soto

ကတယ်လည်း Samantha ဟာ အလွန်ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ သူမ ဝတ်လိုတဲ့ ဖတ်ရှင်ဒီဇိုင်းလှလှလေးတွေကို ဆင်မြန်းခွင့် ရနေပါပြီ။ ဒီလို လွတ်လပ်ပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်လာဖို့ နိုဝင်ဘာလတုန်းက သူမဟာ Sleeve gastrectomy surgery ကုထုံးကို ခံယူခဲ့ပါတယ်။ အစာအိမ်ကို ကျုံ့ပစ်လိုက်တဲ့ ခွဲစိတ်မှု ဆိုပါတော့။

အဲဒီနောက်မှ သူမဟာ Keto Diet ကို စတင်ခဲ့တာပါ။ သူမ အောင်မြင်စွာ ဝိတ်ချနိုင်ခဲ့ခြင်းကို (၇)နှစ်ကြာ စိတ်ရှည်သည်းခံစွာ လက်တွဲခဲတဲ့ ချစ်သူအမျိုးသားကလည်း အလွန်သဘောကျနေပါတယ်။ Smantah ဟာ သူမရဲ့လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ပုံရိပ်တွေကို @_samantha_fitvsg အမည်ရ အင်စတာဂရမ်မှာ မျှဝေထားပါတယ်။

Facebook/Samantha Soto

ဝိတ်ချလိုတဲ့အမျိုးသမီးတွေကို  Smantha အားပေးချင်တဲ့ စကားကတော့ “ ဘယ်သူ့အတွက်မှာ အလုပ်မလုပ်ပါနဲ့ … ဘယ်သူ့အတွက်ဆိုပြီး ရည်ရွယ်ကာ ဝိတ်မချကြပါနဲ့ … ကိုယ့်အတွက်သာ ရည်စူးပါ … ”လို့ ပြောခဲ့ပါတယ်။ သူမကတော့ အခုလို ဝိတ်ကို အောင်မြင်စွာချနိုင်ခဲ့ခြင်းကြောင့် ပိုပြီး ယုံကြည်မှုတွေ တိုးလာခဲ့ကြောင်း အားပေးခဲ့ပါတယ်။

လင်းသုတ

SHARE