ဒေါက်ဖိနပ်ကို ဘယ်၊ညာ မှားစီးပြီး ဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားတဲ့ကောင်မလေး

ayleighmcgheex/Instagram

စကော့တလန်နိုင်ငံ Glasgow မှာနေထိုင်တဲ့ Ayleigh McGheeဆိုတဲ့ကောင်မလေးဟာ ဖိနပ်တစ်ရံကြောင့် ပြောစမှတ်တွင်စရာဖြစ်ခဲ့ပါတယ်။ 

အစကတော့ ဖိနပ်က စီးရတာသက်သောင့်သက်သာမရှိဘူး နာတယ်မကောင်းဘူးဆိုပြီး အပြစ်ဖို့ခဲ့ပေမယ့် တကယ်က ဖိနပ်ကို သူ့ဘာသူ ဘယ်နဲ့ညားမှားပြီးစီးလာခဲ့တာပါ။

ငါးလက်မလောက်ရှိတဲ့ဒေါက်ကို ဘယ်ညာမှားစီးပြီး night out ထွက်လာတဲ့ McGhee ကို သူငယ်ချင်းဖြစ်သူ Georgia ကဆေးထိုးပြီး တွစ်တာမှာ သင်ထင်မထားတဲ့ဖိနပ် errorဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။

 

ပို့စ်တင်လိုက်ပြီးမကြာမီမှာပဲ like (၃၅၀၀၀)နီးပါး ၊  retweet(၂၀၀၀)နီးပါးနဲ့ တွစ်တာမှာ ပွဲဆူသွားခဲ့ပါတယ်။

ဘယ်လိုအိပ်မက်ဆိုးကြီးလဲ၊ တော်တော်ရီရတာပဲ၊ အရီရဆုံးအရာပဲ စသဖြင့် တွစ်တာအသုံးပြုတွေက ပြန်လည်တုန့်ပြန်ခဲ့ကြပါတယ်။

ကောင်မလေးတစ်ယောက်ဆို သူ့သူငယ်ချင်းကို tagတွဲပြီး၊ သူ့နေရာမှာ နင်သာဆို ငါဘယ်လောက်အူတက်နေလိုက်မလဲ ဆိုပြီးလည်း စနောက်ခဲ့ပါတယ်။ 

ရယ်မောလှောင်ပြောင်သူတွေရှိပေမယ့်လည်း ကောင်းတဲ့အမြင်နဲ့ရေးသားသူတွေလည်းရှိပါတယ်။ 

အမျိုးသမီးတစ်ဦးက McGheeပုံကို : ‘Omg dyingggg ဖိနပ်က အရမ်းလှပါတယ် ငါလည်း အဲ့လိုဖိနပ်တွေလိုချင်မိတယ် ဒါပေမယ့် ဘယ်ညာတော့မှန်အောင်စီးမယ်လို့ ဆိုပါတယ်။

သူ့မဖိနပ်ပြဿနာကို ၀ိုင်းဝန်းစနောက်တာနဲ့ပတ်သက်ပြီး McGheeကတော့ ရှက်ကြောက်နေလိမ့်မယ် မထင်ပါနဲ့နော်။ ‘ ငါ့အဖြစ်ငါသိတယ် ၀င်မလှောင်ကြနဲ့ဆိုပြီး ရီနေတဲ့ emojisတွေနဲ့ ပို့စ်ထပ်တင်ခဲ့ပါသေးတယ်။

 

View this post on Instagram

 

1 arm

A post shared by Ayleigh Mcghee (@ayleighmcgheex) on

Khaing

SHARE