ချစ်စရာကောင်းလွန်းတဲ့ ကိတ်မုန့်လေးတွေကြောင့် နာမည်ကြီးနေတဲ့ မုန့်ဖုတ်ဆရာမလေး

[email protected] petrichoro

ကိတ်မုန့်ဆိုတာကတော့ လူတော်တော်များများ ကြိုက်ကြပါတယ်။ ပါတီ၊ မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနား အစရှိတဲ့ ပွဲတွေမှာ မရှိမဖြစ်လိုအပ်တာကတော့ ကိတ်မုန့်ပါပဲ။ လူတော်တော်များများ အရသာရှိတဲ့ ကိတ်မုန့်တွေကိုတော့ စားဖူးကြမှာပါ။ ဒါပေမယ့် အရသာလည်းအရမ်းရှိ၊ ချစ်စရာလည်း ကောင်းလွန်းလှတဲ့ ကိတ်မုန့်လေးတွေဆိုရင်ရော စားချင်ကြရဲ့လား။ ဒါဆိုရင်တော့ ဒီလိုအရသာလည်းရှိ၊ ချစ်စရာကောင်းတဲ့ ကိတ်မုန့်လေးတွေပဲ သီးသန့်ဖန်တီးလေ့ရှိတဲ့ ကိတ်မုန့်ဖုတ်ဆရာမလေးတစ်ယောက်အကြောင်းကို Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို Shwemom ပရိသတ်ကြီး သိအောင် ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။

https://www.instagram.com/p/CBt-B8BFjgL/

အပေါ်မှာ ဖော်ပြထားတဲ့ အမျိုးသမီးရဲ့ နာမည်ကတော့ Grace ပဲ ဖြစ်ပါတယ်။ Grace ဟာ ကိတ်မုန့်ဆရာမတစ်ယောက်ပါပဲ။ ဒါပေမယ့် Grace ဖုတ်တဲ့ ကိတ်မုန့်တွေ၊ အစားအစာတစ်ချို့က မစားရက်လောက်အောင်ကို လှပပြီး အရမ်းချစ်စရာကောင်းလွန်းလှပါတယ်။ အောက်ကကိတ်မုန့်လေးကတော့ Grace လက်တလောမှာ နောက်ဆုံးဖန်တီးထားတဲ့ ကိတ်မုန့်လေးပါ။

 

Grace ဟာ အဆိုပါ ကိတ်မုန့်လေးကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အဖေများနေ့မှာ သူ့အဖေအတွက် သူကိုယ်တိုင် ၂၂ နာရီကျော်ကြာအောင် ဖုတ်ခဲ့တဲ့ ဂျယ်လီကိတ်မုန့်လေးပါပဲ။ အဲဒီဂျယ်လီကိတ်မုန့်လေးဟာ လက်တလော ဆိုရှယ်မီဒီယာပေါ်မှာ လူတော်တော်များများ ကြိုက်နှစ်သက်လွန်းလို့ Grace ဆီကို အော်ဒါတွေ တောက်လျှောက်တက်နေတဲ့ ကိတ်မုန့်ကလေးပဲ ဖြစ်ပါတယ်။ တော်တော်ကို လှပပြီး အသက်ဝင်လွန်းလှတဲ့ ကိတ်မုန့်လေးပါပဲ။ ရုတ်တရက် ကြည့်လိုက်ရင် ရေကန်ထဲမှာ တစ်ကယ့်ငါးကလေးတွေ ရေကူးခတ်နေတဲ့ အတိုင်းပါပဲ။

READ
ကျောင်းတွေပိတ်ထားတုန်း ကလေးတွေကို စနစ်တကျပုံဆွဲနည်းသင်ပေးနေတဲ့သူ

“လက်ရှိတော့ ဒီကိတ်မုန့်နဲ့ ပတ်သတ်ပြီး အမှာစာတွေ တော်တော်များများ ရောက်နေပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဘာလုပ်ရမှန်းတော့ မသိသေးဘူး။ ဒီကိတ်မုန့်တစ်လုံးဖြစ်ဖို့က ၂ ရက်လောက် အချိန်ယူပြီး လုပ်ရတာ မို့လို့ပါ။ အမှန်တစ်ကယ်တော့ အဲဒီလောက်မကြာပါဘူး။ ပုံစံတစ်ခုရဖို့အတွက် စောင့်ရတဲ့ အချိန်ကြာတာပါ။ နောက်လည်း ဒီထက်လှတဲ့ ကိတ်မုန့်လေးတွေ ဆက်လက်ဖန်တီးသွားဖြစ်ဖို့ ရှိပါသေးတယ်” လို့ Grace က ပြောကြားခဲ့ပါတယ်။ အောက်ကပုံတွေကလည်း Grace ဖန်တီးခဲ့တဲ့ လက်ရာလေးတွေပါပဲ။

https://www.instagram.com/p/B_0317jHsa2/

View this post on Instagram

**METRO VANCOUVER** macaron orders are CLOSED (06/26/2020) by donation to a local non-profit! get a box as a gift for your favourite grads, or just a as treat for yourself 🙂 ‎ ‏ i received a lot of interest for macaron orders during my giveaway, so i’ve joined my favourite Vancouver homebaker, @jancisbakes , in her macaron donation fundraiser! ‎ ‏‏‎ ‎ a lot has been happening in 2020, and we’d like to keep up the momentum and find more ways to support our community ‎ ‏‏‎ ‎ for every donation made, you will receive one box of 5 macarons, more information in the post above ‎ ‏‏‎ ‎ the last day to place orders is June 30th, 2020. ‎ ‏‏‎ ‎ feel free to dm @jancisbakes or myself with any questions!

A post shared by grace ! (@petrichoro) on

Pyi Hein Kyaw

READ
ပုံမဆွဲတတ်ပေမယ့် လူကြိုက်များပြီး နာမည်ကြီးနေတဲ့ တက်တူးဆရာမလေး

 

SHARE