ကြောက်မက်ဖွယ် မိတ်ကပ်ဖန်တီးမှုများနှင့် Halloween ကိုပုံဖော်တဲ့အမျိုးသမီး

Sarah Mudle အမည်ရှိ  အသက် ၃၃နှစ်အရွယ် မိတ်ကပ်ဖန်တီးရှင်အမျိုးသမီးဟာ သြစတြေးလျနိုင်ငံ Gold Coast မြို့ကမော်ဒယ်တစ်ဦးဖြစ်ပါတယ်။

သူမက ၂၀၁၆ခုနှစ် အောက်တိုဘာ ၃၁ရက်နေ့မှာကျင်းပမယ့် Halloween Dayမှာ “scare the f*** out of people”ဆိုတဲ့နာမည်နဲ့ ထူးထူးဆန်းဆန်းမိတ်ကပ် ဖန်တီးမှုတွေပြုလုပ်ဖို့မျှော်လင့်ထားပါတယ်။

ထိတ်လန့်ကြောက်မက်ဖွယ်ရုပ်ရှင်တွေမှာတောင်မတွေ့ရဖူးတဲ့ မြင်လိုက်တာနဲ့လူကိုဖြုံသွားစေမယ့်သူမရဲ့ထူးခြားဆန်းပြားမိတ်ကပ်ဒီဇိုင်းတွေကို အလှကုန်ပစ္စည်းတွေရဲ့အကူအညီနဲ့ ပိုမိုဆန်းသစ်နိုင်ခဲ့ပါတယ်။

သူမရဲ့မိတ်ကပ်ဖန်တီးမှုတွေမှာညဘက်အိပ်မက်ဆိုးတွေမှာတွေ့ရတတ်တဲ့ကာတွန်းဇာတ်ကောင်တွေ၊အိုမင်းရင့်ရော်နေတဲ့အသားအရေတွေနဲ့ ဦးခေါင်းအပြင်ဘက် ဦးနှောက်ထွက်နေတဲ့ပုံစံတွေကို တွေ့ရမှာပါ။

Sarah က”မိတ်ကပ်တွေအပေါ် ကျွန်မရဲ့စိတ်ကူးတီထွင်ဥာဏ်တွေနဲ့ ဒီလိုဖန်တီးမှုတွေဖြစ်လာတာပါ။မိတ်ကပ်တွေက ကျွန်မလိုချင်တဲ့ပုံစံအတိုင်းအကောင်းဆုံးကူညီပေးတယ်။မယုံကြည်နိုင်လောက်အောင် ထူးခြားတဲ့ ဖန်တီးမှုတွေကို ကျွန်မပြုလုပ်နိုင်ခဲ့တယ်”လို့ဆိုပါတယ်။

Sarahဟာ သူမရဲ့ ဖေ့စ်ဘွတ် ပေ့ခ်ျမှာ “I want to scare the f*** out of people”ဆိုပြီး ရေးသားထားသလို   Pink Pirateဆိုတဲ့ အင်စတာဂရမ်အကောင့်နာမည်နဲ့ သူမရဲ့ ထူးဆန်းအံ့သြဖွယ် မိတ်ကပ်ဖန်တီးမှုပုံတွေကြောင့် အွန်လိုင်းမှာ လူသိများနေပါပြီ။အခုဆို သူမကို အားပေးနေသူ  ၁၇၈၀၀၀တောင်ရှိနေပါတယ်။

READ
Silicon Valley က သန်းချီတန်လုပ်ငန်းစုကိုဦးဆောင်နေတဲ့ ၂၂ နှစ်အရွယ်လူငယ်လေး

ဒီလိုဖန်တီးမှုတွေကြောင့်လူအများရဲ့ပြစ်တင်ဝေဖန်တိုက်ခိုက်မှုတွေခံရတဲ့အချိန်ကစပြီးသူမရဲ့ဖန်တီးမှုတွေကို လေ့ကျင့်ခဲ့တယ်လို့လည်း Sarahကပြောပါတယ်။

“ကျွန်မရဲ့ဖန်တီးမှုတွေကိုချစ်တယ်Halloweenအမှတ်တရအခုလိုမိတ်ကပ်ဖန်တီးမှုတွေကိုမျှဝေပေးရုံသက်သက်ပါပဲ။ပြီးတော့ ကျွန်မ Halloweenကိုချစ်တယ်”လို့ သူမကပြောပါတယ်။

ChoChoThan(Shwemom)

ref:thesun

SHARE