အားသွင်းထားတဲ့ဖုန်းက ရေထဲ ပြုတ်ကျပြီး၊ ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ မိန်းမပျိုလေး

Twitter "Tribunist"

ရုရှားနိုင်ငံ၊ Kirovo-Chepetsk မြို့မှာနေထိုင်တဲ့ အသက်(၂၆)နှစ်အရွယ်၊ Evgenia Shulyatyeva အမည်ရ မိန်းမပျိုလေးဟာ ရေချိုးခန်းထဲက ရေစိမ်ကန်မှာ ရေစိမ်နေစဉ်၊ ဓာတ်လိုက်ပြီး မတော်တဆ သေဆုံးခဲ့ကြောင်း သိရပါတယ်။ Evgenia ဟာ ရေစိမ်နေစဉ်မှာ အားသွင်းထားတဲ့ ဖုန်းက ရေထဲကို ပြုတ်ကျခဲ့တာပါ။

သို့သော်လည်း သူမအနေနဲ့ အားသွင်းရက်တန်းလန်း ဖုန်းကို ရေချိုးရင်း အသုံးပြုခဲ့တာလည်းဖြစ်နိုင်တယ်လို့ တစ်ချို့က ထင်မြင်ချက် ပေးခဲ့ကြပေမယ့်၊ ဒီလောက်တော့ ဉာဏ်နည်းတန်ရာမထင်ဘူးလို့ ဆိုနေကြပါတယ်။ သမီးရဲ့အလောင်းကို မိခင် Vera က တွေ့ခဲ့ရတာပါ။

 

Evgenia ဟာ စာရင်းကိုင်ဝန်ထမ်းအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သူဖြစ်ပြီး၊ သူမ မထင်မှတ်ထားပဲ သေဆုံးသွားမှုအတွက် မိဘတွေ၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေက အတော်လေး စိတ်မကောင်း ဖြစ်နေကြပါတယ်။ သူငယ်ချင်းဖြစ်သူ Elena Shakleina ကလည်း လူမှုကွန်ရက်ပေါ်ကနေ ဝမ်းနည်းကြောင်း ရေးသားခဲ့ပါတယ်။

သူမ ရေးသားခဲ့တဲ့ စာထဲမှာ “ အကြီးအကျယ် စိတ်မကောင်းဖြစ်ရပါတယ် ညီမရေ … ငြိမ်းချမ်းစွာ အနားယူပါ … ကောင်းကောင်း အိပ်စက်လို့ ရပါပြီ … မင်းက ငါတို့အသည်းနှလုံးထဲမှာ ထာဝရ ရှိနေမှာပါ … မနက်ဖြန် ဖုန်းဆက်နော်လို့ ပြောခဲ့တဲ့ မင်းစကားက တကယ့်ကို အိပ်မက်အတိုင်းပါဘဲ … ဒါပေမယ့် ဒါက အမှန်တရားတစ်ခု မဟုတ်ဘူးလေ ”လို့ ရေးခဲ့ပါတယ်။

READ
3 နှစ်အရွယ်က လက်ထပ်ဖို့ပြောခဲ့သူကို နှစ်ပေါင်း 20 အကြာမှာ တကယ်လက်ထပ်ခဲ့သူ

အခြားသူငယ်ချင်းတစ်ဦးက “ မင်းက သိပ်ကို တော်ခဲ့သူပါ … ကောင်းကောင်း အိပ်စက်ပါတော့ ”လို့ ရေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကလည်း ဒီလိုအဖြစ်အပျက်မျိုး ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့သေးပြီး၊ သေဆုံးသူကတော့ အသက်(၂၀)အရွယ် Nastya Anastasia လို့ သိရပါတယ်။ သူမရဲ့အလောင်းကိုလည်း မိခင်ကပဲ တွေ့ခဲ့ရတာလို့ သိရပါတယ်။

လင်းသုတ

SHARE