နှစ်ပေါင်း (၂၀) ကျော်ကာမှ သမီးအရင်းမဟုတ်ဘဲ သူငယ်ချင်းသမီးမှန်း သိခဲ့ရတဲ့အဖြစ်

fretlessfeline/TikTok

Tiktok ကတော့ လုံးဝကို အထူးအဆန်း challenge တွေ ပေါင်းစုံနေတဲ့နေရာကြီးတစ်ခုပါပဲ။ ဟိုတလောကလည်း challenge တစ်ခုပေါ်ထွက်လာပါသေးတယ်။ ကိုယ့်မိသားစုနဲ့ကိုယ် DNA စစ်ကြည့်ဖူးလားတဲ့။ ကြံကြံဖန်ဖန်။

ဒီ challenge ကိုတော့ သားအဖနှစ်ယောက်က အပျော်သဘောနဲ့အတည်ယူကာ အဖေရယ်၊ အမေရယ်၊ သမီးဖြစ်သူရယ် DNA စစ်ခဲ့ကြပါတယ်။ ရလဒ်ကတော့ သမီးနဲ့အမေကတော့ DNA တူပြီး အဖေဖြစ်သူကတော့ DNA မတူပါဘူးတဲ့လေ။ အဲဒီမှာ ပြဿနာကစတာပဲ။

fretlessfeline/TikTok

ဒီအကြောင်းလေးကိုတော့ သူမကိုယ်တိုင် Tiktok မှာ ဗီဒီယိုတင်ထားခဲ့တာပါ။ တစ်သက်လုံး သားအဖအရင်းလို ချစ်ခင်လာခဲ့ကြတာ သားအဖအရင်းမဟုတ်ဘူးဆိုတော့ သူ့အဖေအရင်းကိုအရမ်းတွေ သိချင်သွားခဲ့ပါတယ်။ နောက် သူမရဲ့ လူမျိုးဟာလည်း ဆံပင်သာအနီရောင်ဖြစ်နေပေမယ့်လို့ Irish လူမျိုး လုံးဝမပါနေခဲ့တာကို သွားတွေ့ရတယ်။ အဲဒီမှာ အဖေဆိုပြီး ထင်လာခဲ့တဲ့ ပုဂ္ဂိုလ်ကလည်း Irish လူမျိုးစစ်စစ်။

@fretlessfeline#stitch with @meezersqueezer This is the first time I have said this on the internet and my soul just sighed. #fyp #Ancestry #ancestrydna♬ original sound – Cat McDonald

စစ်ဆေးခတျက်အရ သူမဟာ Norwegian ဖြစ်နေတာကို သွားတွေ့ရပါတယ်။ နောက် သူမဟာ DNA တူတဲ့လူကို လိုက်ရှာကြည့်လိုက်တော့ ထွက်လာတဲ့ အမျိုးသားရဲ့ နာမည်ဟာ သူတို့မိသားစုနဲ့ အရင်တုန်းက အရမ်းရင်းနှီးခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ နာမည်ဖြစ်နေတာကို သွားတွေ့ရပါတယ်တဲ့။

အမေကတော့ ပြောမကောင်း အရမ်းတွေေ တုန်လှုပ်နေခဲ့တယ်လို့ သူမက ဗီဒီယိုထဲမှာ ပြောလာခဲ့ပါတယ်။ ကျွေးအဖေရဲ့ခွင့်ပြုချက်နဲပပဲ သူမဟာ အဖေအရင်းရှိတဲ့မြို့ကို ကားမောင်းပြီးထွကလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားဟာ အတွေ့မခံခဲ့ပါဘူး။ သူဟာ ဘီလီလံနာတစ်ယောက်ဖြစ်နေပေမယ့်လို့ အိမ်ထောင်နဲ့ သမီးသုံးယောက်နဲ့ ဖြစ်နေတော့လေ။ ဒါကြောင့် သူမဟာ “လူ့လောကထဲကိုခေါ်လာပေးလို့ ကျေးဇူးပါ” ဆိုတဲ့စာလေးကိုပဲ ပို့ပြီး အိမ်ပြန်လာခဲ့ပါတယ်တဲ့။

@fretlessfeline#ancestorydna #part2♬ original sound – Cat McDonald

penny

SHARE