အပေါ့သွားချင်လွန်းလို့ စတိုးဆိုင်ကို ကားနဲ့ဝင်တိုက်မိတဲ့ အမျိုးသမီးရဲ့ အဖြစ်

Pixabay-Squadron

လူတော်တော်များများ အိမ်မှာမဟုတ်ပဲ အပြင်ရောက်နေတဲ့ အချိန်မျိုးမှာ ဆီးအရမ်းသွားချင်တာတွေ ဖြစ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီလိုအချိန်မျိုးကျရင် အိမ်သာရှာမရရင် အရမ်းစိတ်ညစ်ရပါတယ်။ အိမ်သာတွေ့သွားလို့ အိမ်သာထဲဝင်လိုက်တဲ့အချိန်မှာ ဆီးသွားချင်စိတ်က ပိုပြီးထိန်းမရသိမ်းမရဖြစ်ကာ ကတုန်ကယင်နဲ့ အယောင်ယောင် အမှားမှားတွေ ပိုပြီးဖြစ်တတ်ကြပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်ကတော့ ရယ်ရခက်ငိုရခက်ပါပဲ။ ဘာကြောင့်လဲဆိုတာ့ အဆိုပါအမျိုးသမီးဟာ ကားမောင်းနေရင်း အပေါ့အရမ်းသွားချင်နေတဲ့အချိန်မှာ စတိုးဆိုင်တစ်ဆိုင်ကို တွေ့လို့ ဝမ်းသာအားရနဲ့ ကားရပ်လိုက်တာ အရှိန်လွန်ပြီး ကားကစတိုးဆိုင်ကို တည့်တည့်ကြီး ဝင်တိုက်မိခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားခဲ့ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-marcellinusjerricho

အဆိုပါဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၈ ရက်နေ့၊ မနက် ၁ နာရီကျော်အချိန် ဂျပန်နိုင်ငံ၊ Kasuya ဒေသရဲ့ Fukuoka စီရင်စုအတွင်းက စတိုးဆိုင်တစ်ခုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ စတိုးဆိုင်တစ်ဆိုင်ရဲ့ ရှေ့တံခါးကို ရုတ်တရက် ကားနဲ့ဝင်တိုက်ခဲ့ပြီး အဆိုပါကားဟာ စတိုးဆိုင်ထဲအထိတောင် ရောက်သွားခဲ့ပါတယ်။ ကံကောင်းတာတစ်ခုကတော့ မနက်အစောကြီးဖြစ်နေတာကြောင့် အဆိုပါ စတိုးဆိုင်ထဲမှာ ဈေးဝယ်သူတစ်ဦးတစ်ယောက်မှ မရှိပဲ ဝန်ထမ်းတစ်ယောက်တည်းသာ ရှိနေတာပါပဲ။

READ
(၁.၄၄)လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးသွားအဖြစ် ဂင်းနစ်စံချိန်တင်တော့မယ့် အိန္ဒိယကျောင်းသား
Pixabay-chriskeller

အဲဒီနောက်မှာတော့ အဆိုပါအမျိုးသမီးဟာ ကားပေါ်ကနေ ကပျာကယာဆင်းလာခဲ့ပြီး ဘာမှမပြောပဲနဲ့ rest room ထဲက toilet ထဲကို ပြေးဝင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမအနေနဲ့ အရမ်းအပေါ့သွားချင်နေတာကြောင့် အခုလို ဖြစ်သွားခဲ့တာဖြစ်ကြောင်း တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ ရဲတွေရောက်လာခဲ့ပြီး အဆိုပါ အမျိုးသမီးကို စစ်ဆေးခဲ့ရာ သတ်မှတ်ထားတဲ့ အယ်လ်ကိုဟော ပမာဏထက် မြင့်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတဲ့အပြင် ယာဉ်မောင်လိုင်စင်မရှိတာကိုပါ တွေ့ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့က အဆိုပါအမျိုးသမီး ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

Pixabay-rhonda_jenkins

Pyi Hein Kyaw

SHARE