ဦးနှောက်အမြှေးပါးယောင်ရောဂါကြောင့် ခြေ၊လက်တွေဆုံးရှုံးခဲ့ရတဲ့အမျိုးသမီး

အသက်(25)နှစ်အရွယ်သာရှိသေးတဲ့ Charlene Colchin ဟာ မကြာသေးခင်က ဗိုင်းရပ်/ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးယောင် ရောဂါကို ခံစားခဲ့ရပါတယ်။ သူမ အလုပ်က အပြန်မှာ ရုတ်တရက် ဦးခေါင်း ပြင်းထန်စွာ
ကိုက်ခဲခဲ့ပြီး ဆက်တိုက်ပျို့အန်ခဲ့ပါတယ်။ အဲဒီနောက် အိပ်ယာထဲမှာ လှဲနေခဲ့ရပါတယ်။

ဒါပေမယ့် နောက်တစ်ရက်အရောက်မှာပဲ Colchin ဟာ ခန္ဓာကိုယ်အနှံ့မှာ အမည်းအစက်ပျောက်တွေ ပေါ်လာခဲ့ပြီး အခြေအနေ ပိုပြီးဆိုးဝါးလာခဲ့ပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံ Derbyshire မှာနေထိုင်သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆိုးဝါး
လွန်းတဲ့ ရောဂါကြောင့် သူမရဲ့ ခြေတောက်လက်တောက်တွေ ဆုံးရှုံးရဖို့ ရာခိုင်နှုန်းအတော်များနေပါတယ်။

ဆေးရုံဒေါက်တာတွေကလည်း အတက်နိုင်ဆုံး ကြိုးစားနေပြီး အနည်းဆုံးတော့ ခြေချောင်းလေးတွေ ဆုံးရှုံးရဖို့ သေချာသလောက် ဖြစ်နေပါတယ်။ Colchin ဟာ သူမ ခံစားနေရတဲ့ ရောဂါကို အားလုံး ဂရုတစိုက်နဲ့ ကာကွယ်နိုင်စေဖို့ ရည်ရွယ်
ပြီး ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ပုံတွေကို Facebook ပေါ်မှာ တင်ခဲ့ပါတယ်။

READ
သခင်တွေနဲ့ ခွေးလေးတွေကြားက အကြွင်းမဲ့အချစ်ကို ဖော်ပြနေတဲ့ဓာတ်ပုံများ

Colchin က ” ဒီပုံတွေဟာ ကြည့်ကောင်းတဲ့ ပုံတွေတော့ မဟုတ်ပါဘူး … ဒါပေမယ့် ဦးနှောက်အမြှေးယောင်ရောဂါဟာ ဒိလောက်ဆိုးဝါးတဲ့ အခြေအနေကို ဖြစ်စေတယ်ဆိုတာကို လူတိုင်းကို သိစေချင်ပါတယ် … ဒီရောဂါကို သင်လည်း အ
ချိန်မရွေုးဖြစ်နိုင်တယ်ဆိုတာ သတိချပ်စေချင်ပါတယ် .. အခုတော့ ကျွန်မဟာ သွေးထဲကို ဘက်တီးရီးယားတွေ ပျံ့နှံ့နေပြီမို့ ခြေထောက်လက်တောက်တွေထဲကို သွေးဆိပ်တွေ ပျံ့နှံ့နေပါပြီ “လို့ ရေးသားခဲ့ပါတယ်။

သူမက ဆက်လက်ပြီး ” ဒီအခြေအနေဟာ ခန္ဓာကိုယ်အင်္ဂါရပ်ထဲက ကြွက်သားတွေကို သေဆုံးစေပြီး ဘာမှ လုပ်မရ
အောင် ဖန်တီးပေးပါတယ် … အခုတော့ သွေးဆိပ်ဟာ ခန္ဓာကိုယ်အထက်ပိုင်း အောက်ပိုင်း အကုန်ပျံ့နှံ့နေပြီး သေချာသလောက်ကတော့ ခြေချောင်းလေးတွေကို ဆုံးရှုံးရတော့မှာပါ “လို့ ရေးသားခဲ့ပါတယ်။

READ
လူတစ်ဦးရဲ့အသက်ကို ကယ်ဖို့အတွက် ထောင်ဒဏ်ချမှတ်ပေးခဲ့တဲ့ တရားသူကြီး

လွန်ခဲ့တဲ့ 2014 ခုနှစ် အောက်တိုဘာလတုန်းကလည်း တက္ကသိုလ်ပထမနှစ်ကျောင်းသားတစ်ယောက်ဟာ ဦးနှောက်အ
မြှေးပါးယောင် ရောဂါကို ရုတ်တရက်ခံစားခဲ့ရပြီး အသက်သေဆုံးခဲ့ပါတယ်။ ( ဦးနှောက်အမြှေးပါးယောင်ရောဂါ – ဦး
နှောက်အမြှေးပါးယောင်ရောဂါ( Meningitis )ဟာ ဗိုင်းရပ်သို့မဟုတ် ဘက်တီးရီးယားတို့ကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပြီး အသက်အန္တရယ်ကို ထိခိုက်စေနိုင်ပါတယ်၊ Septicaemia လို့ ခေါ်တဲ့ သွေးဆိပ်တက်ခြင်းကိုပါ ဖြစ်စေပြီး တစ်ခါတရံမှာ
နှစ်မျိုးစလုံးကို ခံစားရစေပါတယ်။ ရောဂါလက္ခဏာတွေကတော့ အပြင်းဖျားခြင်း၊ ခြေတောက်လက်တောက် အေးစက်
ခြင်း၊ အော့အန်ခြင်း၊ လမ်းလျှောက်ရ ခက်ခဲခြင်း၊ ခန္ဓာကိုယ်ကြွက်သားတွေ နာကျင်ခြင်း၊ ဖျော့တော့အားနည်းခြင်း၊ သွေးယား ယားခြင်း၊ အနီစက်အမည်းစက်များ ပေါ်လာခြင်း၊ ဦးခေါင်းပြင်းထန်စွာကိုက်ခြင်း၊ လည်ပင်းနာခြင်း-စသည်တို့ဟာ
ရောဂါပိုး ခန္ဓာကိုယ်ထဲကို ရောက်ရှိပြီး အချိန်ပိုင်းမှ ရသတ္တပတ်အတွင်းမှာ ဖြစ်ပေါ်စေကာ အသက်ကိုလည်း ဆုံးရှုံးစေ
နိုင်ပါတယ်။)

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE