ကိုယ်ဝန်ရှိတယ်လို့ တစ်လျှာက်လုံးလိမ်ခဲ့ပြီး မွေးဖို့ အချိန်ကျတော့ တစ်မျိုးအကြောင်းပြသူ

ကိုလံဘီယာနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန် (၉) လရှိပြီဆိုပြီး ဟန်ဆောင်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ မွေးဖွားခါနီးမှ လူဆိုးဂိုဏ်းတစ်ကောင်က သူမရဲ့ ကလေးကို သူအိမ်ထဲကနေ ထုတ်ယူသွားခဲ့တယ်လို့ အခိုင်အမာပြောခဲ့တာပါ။

Antonela Milena Padilla (၃၇ နှစ်) ဟာ သူမ အမျိုးသား ထားသွားမှာဆိုလို့ ကူရှင်တွေကို အသုံးချပြီး အခုလို ကိုယ်ဝန်ရှိနေပြီး ဆိုပြီး အယုံသွင်းထားဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ သူဟာ လတွေအလိုက် သူရဲ့ ဗိုက် အရွယ်အစားကို ကြီးအောင် အ၀တ်စုတ်တွေနဲ့ ကူရှင်တွေကို ဗိုက်မှာ ဖြည့်ထားတယ်။ ဓာတ်မှန်စမ်းသပ်ချက်ကိုလည်း အင်တာနက်ကနေ ယူကာ ပရင့်ထုတ်ပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို ပြသထားခဲ့တယ်။

El Heraldo

ဒီနေရာမှာ ထူးဆန်းတဲ့ တစ်ချက်ကတော့ သူမ အမျိုးသားက နည်းနည်းမှ မရိပ်မိဘူး ဆိုတာပါပဲ။ မွေးဖို့ နီးလာမှ အဖေဖြစ်တော့မယ်ဆိုပြီး ပထမဆုံး စိတ်လှုပ်ရှားတယ်လို့ သိရတယ်။ ဒါပေမယ့် သူမ မွေးမယ် လုပ်ထားတဲ့နေ့ (စက်တင်ဘာ ၂၂) မှာတော့ အစီအစဉ်တွေ ပျက်ခဲ့ရတယ်။

Padilla ဟာ ကိုလံဘီယာမြောက်ပိုင်း Barranquilla မြို့ကနေ အဲ့ဒီ့မှာ မနက် (၁၀) နာရီ ကတည်းက ဆေးခန်းကို အိမ်ကထွက်သွားတယ်လို့  သိရတယ်။ အဲ့ဒီ့နောက်မှာ ဂိုဏ်းတစ်ခုက သူမကို အနီရောင် ဗန်ကားထဲကို ဆွဲသွင်းပြီး ပြန်ပေးဆွဲသွားခဲ့ပါတဲ့။

READ
ခွဲစိတ်မှုအမှားကြောင့် အူမကြီးပေါက်ကာ မစင်တွေပြန်အန်နေရတဲ့ အမျိုးသမီး

ညနေ (၇) နာရီလောက်မှာ မြိုရဲ့ တစ်ခြားအပိုင်းတစ်ခုက စူပါမားကတ် အပြင်မှာ နိုးလာခဲ့ပြီး သူဗိုက်ထဲမှာ ကလေးမရှိတော့ဘူးဆိုတာ သိခဲ့ရတယ်လို့ အခိုင်အမာ ထွက်ဆိုပါတယ်။ အဲ့ဒါနဲ့ပဲ အိမ်ကို ဖုန်းခေါ်ပြီး ခင်ပွန်းဖြစ်သူနဲ့ တခြား မိသားစုဝင်တွေကို လူရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းဝယ်နေတဲ့ ဂိုဏ်းက သူမဗိုက်ထဲက ကလေးကို ခွဲထုတ်သွားပါတယ်ဆိုပြီး အကြောင်းကြားခဲ့တယ်။

El Heraldo

အဲ့ဒါနဲ့ပဲ သူမ ကျန်းမာရေးအတွက် စိုးရိမ်ပြီး သူမက အိမ်ကလူတွေက အတင်းပဲ ဒေသတွင်းဆေးရုံဖြစ်တဲ့ Local Nino Jesus de Soledad ဆေးရုံကို တင်လိုက်ကြတယ်။ သူမ အခြေအနေကြီးက မှုခင်းကိစ္စကြီးဖြစ်နေတဲ့ အခါ ဆေးရုံကလည်း ရဲထပ်ခေါ်တာပေါ့။ ဒီလိုမျိုး ပြင်းပြင်းထန်ထန်လုပ်သွားတဲ့ ပြန်ပေးသမားတွေကို လိုက်ဖို့အတွက် သက်သက်ပါ။

ဒါပေမယ့် သူမရဲ့ ဇာတ်လမ်းတွေကို ရဲတွေက ချက်ချင်းပဲ သံသယရှိခဲ့တယ်။ အထူးသဖြင့် ဆေးရုံရဲ့ စစ်ဆေးချက်တွေမှာ ဘာ ဓားဒဏ်ရာမှ မတွေ့ရတာကြောင့်ဖြစ်တယ်။ သွေးစစ်ချက်တွေကို ကြည့်ပြန်တော့လည်း သူမအနေနဲ့ တစ်ခါမှ ကိုယ်ဝန်မရှိဖူးဘူး။ တခြား ဘာဆေးဓာတ်ကိုမှာ ခန္ဓာကိုယ်ထဲမှ မတွေ့ရဘူး။

READ
မီးဘေးမှကယ်ခဲ့ရတဲ့ ကောင်မလေးရဲ့ ဘွဲ့ယူအခမ်းအနားကို တက်ရောက်ခဲ့သည့် ရဲသားကြီး
El Heraldo

သူမရဲ့ ယောက္ခမဖြစ်သူကတော့ တချို့ အမျိုးသမီးတွေဆိုလည်း ဗိုက်သိပ်မကြီးပဲ မွေးတတ်တဲ့ အတွက်ကြောင့်မို့လို့ သူမအနေအထားကို သိပ် အလေးမထားခဲ့ကြောင့်နဲ့ ဘာသံသယမှ မပွားခဲကြောင်းပြောပါတယ်။ အခုလို သိသွားတဲ့နောက်မှာတော့ သူမအနေနဲ့ အခုလို လုပ်ဖို့ လုံးဝမလိုအပ်ကြောင်း ပြောတယ်။

အခုဆို သူမရဲ့ ကိစ္စကို စုံစမ်း စစ်ဆေးဖို့ စတင်နေပြီလို့ သိရပြီး သူမကိုလည်း ဖြောင့်ချက်ပေးဖို့ ဆင့်ခေါ်ထားကြောင်း သိရပါတယ်။ သူမအနေနဲ့ ၀တ္တရားနှောက်ယှက်မှုနဲ့ အပြစ်ဒဏ်ခံရဖို့ ရှိနေပါတယ်။

Ms Padilla ဟာ တနင်္ဂနွေနေ့ မနက် (၃) နာရီမှာ ဆေးရုံကနေထွက်သွားတယ်လို့ သိရတယ်။ ဒါ သူမကိုယ်ဝန် မရှိကြောင်း သွေးစစ်ချက်တွေ ထွက်လာပြီး (၂) နာရီ အကြာမှာဖြစ်ပြီး အခုဆို သူမ ဘယ်ကို ပုန်းရှောင်သွားလဲ မသိရသေးပါဘူး။

Source: Daily Mail

Matthew (ShweMOM)
SHARE