ယောကျာ်းတွေလို လယ်လုပ်ပြီး မိသာစုကို ရှာဖွေကျွေးမွေးနေတဲ့ အာဂအမျိုးသမီး

[email protected]

အမျိုးသမီးတစ်ယောက်တန်မဲ့နဲ့ ယောကျာ်းလေးတွေ လုပ်ကိုင်ရတဲ့ ပင်ပန်းဆင်းရဲတဲ့အလုပ်တွေကို လုပ်ကိုင်နေရတဲ့ အမျိုးသမီးတစ်ယောက်ကို သင်ဘယ်လိုမြင်ပါသလဲ။ တော်ရုံတန်ရုံမိန်းကလေးတစ်ယောက်ဟာ ယောက်ျားသားတွေ လုပ်ကိုင်တဲ့ အလုပ်တွေကို တစ်ယောက်တည်း လုပ်ကိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် အိန္ဒိယနိုင်ငံက အမျိုးသမီးတစ်ယောက်ကတော့ လောကကြီးကို လုံးဝအရှုံးမပေးပဲ ယောကျာ်းသားတွေ လုပ်ကိုင်ရတဲ့ လယ်လုပ်ငန်းကို တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားနေရပြီး သူမရဲ့ မိသားစုကို ရှာဖွေကျွေးမွေးနေရပြီး Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါအမျိုးသမီးကတော့ အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ်၊ Akola မြို့မှာ ရှိတဲ့ ရွာတစ်ရွာမှာ နေထိုင်တဲ့ Jyoti Deshmukh လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ လူတော်တော်များများကတော့ Jyoti ဟာ မိသားစုရှိရက်နဲ့ မိန်းမသားတန်မဲ့ ဘာကြောင့်အလုပ်လုပ်နေရသလဲလို့ မေးကောင်းမေးပါလိမ့်မယ်။ လက်ရှိ COVID 19 ကပ်ရောဂါကာလမှာ အရာအားလုံး ကျပ်တည်းနေသလို Jyoti ရဲ့မိသားစုဟာလည်း ငွေရေးကြေးရေးအကြပ်အတည်းတွေ တော်တော်ရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ Jyoti ရဲ့ မိသားစုရှိ ယောကျာ်းသား ၃ ဦးဖြစ်တဲ့ Jyoti ရဲ့ အမျိုးသား၊ Jyoti ရဲ့ ခဲအိုနဲ့ Jyoti ရဲ့ ယောက္ခထီးတို့ဟာ မကြာသေးခင်အချိန်က ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ကြပါတယ်။

READ
ထူးခြားတီထွင်မှုတွေကြောင့် အင်တာနက်ပေါ်မှာ လူသိများလာတဲ့ ပါရမီရှင်လေး
[email protected]

ဒါ့ကြောင့်လည်း ကျန်ရှိနေသေးတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးဟာ Jyoti ရဲ့ ခေါင်းပေါ်ကို အကုန်လုံး စုပြုံပြီး ကျရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ Jyoti ဟာ ကျန်ရှိနေသေးတဲ့ မြေ ၂၉ ဧကမှာ သူမတစ်ယောက်တည်း လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ လယ်ထွန်စက်တစ်လုံးကို ရွာသားများအား အကူအညီတောင်းခဲ့ပေမယ့် ဘယ်သူမှ အကူအညီမပေးခဲ့သလို ရွာရှိလူတိုင်းက မြေဧကတွေကို သူတို့ဆီရောင်းချဖို့ပဲ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် Jyoti ကတော့ အဲဒီလယ်မြေတွေ ရောင်းချဖို့ ကိစ္စတွေကို လုံးဝသဘောမတူခဲ့ပါဘူး။

 

“နောက်ဆုံး လယ်ထွန်စက် မငှားချင်ရင်တောင် ကျွန်မဘာသာ လယ်ထွန်စက်တစ်လုံးဝယ်ပါ့မယ်၊ ကျွန်မကို လယ်ထွန်စက်အသုံးပြုနည်း သင်ပေးပါလို့ တောင်းတောင်းပန်ပန် ပြောခဲ့ပေမယ့် တစ်ယောက်မှ မသင်ပေးခဲ့ပါဘူး။ အဲဒီတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ လေ့လာရတာပေါ့။ အခုတော့ ကျွန်မလယ်ထွန်စက်ကို ကောင်းကောင်းကြီး အသုံးပြုတတ်သွားပါပြီ။ ဘာလို့ လယ်မြေတွေကို မရောင်းချင်တာလဲဆိုတော့ အဲဒီကရတဲ့ ပိုက်ဆံက ခဏတာအတွက်ပဲ အဆင်ပြေကောင်းပြေလိမ့်မယ်။ ဒါပေမယ့် ရေရှည်အဆင်မပြေပါဘူး။ ဒါ့ကြောင့် လယ်မြေတွေကို မရောင်းချပဲ ကိုယ်ကိုယ်တိုင် လယ်စိုက်ပြီး ရတဲ့ ပိုက်ဆံနဲ့ မိသားစုကို ရှာကျွေးနေရတာပါ”လို့ Jyoti က ပြောကြားခဲ့ပါတယ်။

READ
ဒရမ်တုတ်တွေကို ပစ်မြှောက်ကစားရင်း ထူးခြားတဲ့ ဂီတရသကို သရုပ်ဖော်ခဲ့တဲ့ အမျိုးသား

Pyi Hein Kyaw

SHARE