ဆွဲဆောင်မှုရှိတဲ့ လက်တွဲဖော်ကြောင့် ကျန်းမာရေးထိခိုက်လာကြရတဲ့ အမျိုးသမီးများ

pexels

အမျိုးသမီးတွေအတွက်ကတော့ စိတ်ထားနူးညံ့ပြီး ကိုယ့်ကိုချစ်လွန်း သစ္စာရှိလွန်းတဲ့ လက်တွေဲဖော်ရထားတာဟာ ပြီးပြည့်စုံနေလွန်းလှပါပြီ။ ဒီအပြင် အဲဒီလိုစိတ်ထားနဲ့လူဟာ ကိုယ့်ထက်ရုပ်ရည်သွင်ပြင်အရ နိမ့်ကျနေမယ်ဆိုရင်တော့ နှစ်ဦးသားဆက်ဆံရေးအပေါ်ပိုပြီးတောင် ပျော်ရွှင်တတ်ကြပါတယ်လို့ စစ်တမ်းကောက်ချက်မှာ ဖော်ပြထားပါတယ်။

pexels

ဒါပေမဲ့ လက်တွဲဖော်အမျိုးသားဟာ ရုပ်ရည်သွင်ပြင်အချိုးအစား တစ်ခုခုမှာ ဆွဲဆောင်မှုရှိပြီး မိမိနဲ့ယှဉ်လိုက်မယ်ဆိုရင် ပိုကြည့်ကောင်းနေခဲ့တဲ့အခါမှာတော့ နှစ်ဦးသားဆက်ဆံရေးဟာ ထင်ထားတာလောက်မပျော်ရွှင်ရတဲ့အပြင် အမျိုးသမီးများအတွက် ကျန်းမာရေးပြဿနာများပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီတော့ ဆွဲဆောင်မှုရှိတဲ့အမျိုးသားကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ထားခဲ့မယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာပါ အပါအဝင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တယ်လို့ ဆိုလိုပါတယ်။ ဖလော်ရီဒါတက္ကသိုလ် (Florida State University, FSU) မှ စစ်တမ်းကောက်ချက်အရ မိမိရဲ့အမျိုးသားလက်တွဲဖော်ထက် ရုပ်ရည်သွင်ပြင်အရ နိမ့်ကျနေခဲ့ပါက အရင်ဦးဆုံးဖြစ်ပေါ်လာတဲ့ ပြဿနာကတော့ အစားစားချိန် မမှန်ကန်တာပါပဲ။

pexels

အမျိုးသမီးအများစုဟာ အိမ်ထောင်သည်ဘဝသို့ ကူးပြောင်းသွားတဲ့အခါ နဂိုရှိရင်းစွဲ ကိုယ်ခန္ဓာအလေးချိန်ထက် ပိုပိုပြီး တက်လာကြတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့အနေနဲ့ အရင်ဦးဆုံး အစားလျှော့စားကြပါတယ်။ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အစာလျှော့စားတာမဟုတ်တဲ့အတွက် ကျန်းမာရေးအတွက် ထိခိုက်မှုတွေဖြစ်ပေါ်လာကာ ရောဂါတွေဝင်လာတတ်ပါတယ်။

READ
မျက်လုံးပုံစံအရွယ်အစား ကပြောတဲ့ သင့်အကြောင်း
pexels

Body Image ဆိုတဲ့ မဂ္ဂဇင်းမှာ ဒီအကြောင်းကို FSU ရဲ့ စိတ်ပညာဆိုင်ရာတွဲဖက်ပါမေက္ခဖြစ်သူ Andrea Meltzer နှင့် ဆေးကျောင်းသူ Tania Reynolds တို့နှင့်အတူ ဆွေးနွေးချက်များကို ဖော်ပြထားခဲ့ပါတယ်။ ဒီအအကြောင်းအရာနဲ့ပတ်သက်ပြီး သူတေသီများဟာ Dallas ဒေသတွင်းမှာနေထိုင်ကြတဲ့ အိမ်ထောင်သက် (၄) လသာရှိနေသေးတဲ့ အတွဲ (၁၁၃) တွဲကို မှတ်တမ်းယူစစ်တမ်းကောက်ခဲ့ကြပါတယ်။ အတွဲတစ်တွဲစီရဲ့ရုပ်ရည်သွင်ပြင်နဲ့ သူတို့ရဲ့ အိမ်ထောင်ရေးပျော်ရွှင်မှုတွေဟာ လက်တွဲဖော်အမျိုးသားချောလေ အမျိုးသမီးတွေရဲ့အိမ်ထောင်ရှင်ဘဝပိုမပျော်လေဖြစ်နေရတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

pexels

Source: Elite Readers , Body Image

Penny

 

SHARE