ပန်းအစစ်နီးပါးလှပတဲ့ အံ့သြဖွယ် အင်းဆက်တစ်မျိုးကို တွေ့ရှိ

Twitter / Margaret Neville
တောင်အာဖရိကမှာနေထိုင်တဲ့ Margaret Neville ဆိုသူ အမျိုးသမီးတစ်ဦးက သူမရဲ့လာဗင်ဒါ ဥယျာဉ်ထဲ လမ်းလျှောက်ထွက်လာရင်း ထူးထူးခြားခြားအရာတစ်ခုကို အမှတ်မထင်တွေ့ရှိခဲ့ပါတယ်။
သူမရဲ့လာဗင်ဒါအပင်ပေါ်မှာ တစ်ခါမှမမြင်ဖူးတဲ့အင်းဆက်တစ်ကောင်ကိုတွေ့လိုက်ရပြီး၊ စမြင်မြင်ချင်းအရမ်းအံ့သြသွားတယ်လို့ Nevilleက The Dodo သတင်းဌာနကိုပြောပါတယ်။
အနုစိတ်ပုံဖော်ထားတဲ့ဖန်ပန်းရုပ်ကလေးလို အရမ်းလှပတဲ့ အင်းဆက်ကောင်လေးပါ။ သူ့အတောင်တွေက အဖြူနဲ့အစိမ်းရောစပ်ထားပြီး၊ ကျော့ရှင်းထင်ရှားနေပါတယ်။ကိုယ်ထည်ရဲ့ကျန်တဲ့အပိုင်းက သေးသွယ်ပြီး ခရမ်းရောင်ပန်းပုံစံဖြစ်နေတာဖြစ်ပါတယ်။

 

Nevilleက သူ့သူငယ်ချင်း Kerri Martinagliaကို ဓာတ်ပုံပို့လိုက်တဲ့အချိန်က သူမလည်းအရမ်းကို အံ့အားသင့်သွားပါတယ်။
ပထမမြင်မြင်ချင်း ယုံတောင်မယုံဘူး သူသပ်သပ်ပန်းချီဆွဲထားတာကိုပြတယ်ထင်နေခဲ့တာလို့ Martinaglia က ပြောပြပါတယ်။
Neville နဲ့ Martinagliaတို့နှစ်ဦး အဲ့ဒီအင်းဆက်အကြောင်းကို လေ့လာလိုက်ကြည့်လိုက်တဲ့အခါမှာတော့ “Flower Mantis လို့အမည်ရတဲ့အင်းဆက်ဖြစ်ပြီး ပန်းတွေကြားမှာ သူတို့ကိုယ်သူတို့ ပတ်ဝန်းကျင်နဲ့လိုက်ပြီး ပုံပြောင်းကာလှည့်စားတတ်ကြတယ်လို့သိရပါတယ်။
Nevilleဟာ ဒီအင်းဆက်လေးကို သူမရဲ့ Miss Frilly Pantsလာဗင်ဒါခင်းထဲမှာ ပဲထားထားပါတယ်။

စက်တင်ဘာတစ်လလုံးကို လာဗင်ဒါခင်းထဲမှာပဲ နေခဲ့ပြီး၊အခုထိလည်းအဲ့မှာ နေ နေတယ်လို သူမကဆိုပါတယ်။
သူငယ်ချင်းဖြစ်သူ Martinaglia က အွန်လိုင်းမှာ အင်းဆက်ကောင်လေးရဲ့ဓာတ်ပုံတွေကိုဝေမျှလိုက်ပြီးနောက်မှာပဲ အဲ့ဒီအင်းဆက်ကို လူတွေကတော်တော်လေးသဘောကျနေကြပါတယ်။
mantisတွေမှာအထီးအမ ဆက်နွယ်မှုတွေပါလာပြီဆိုရင်တော့ သူတို့ဟာ သက်တမ်းတိုကြတယ်လို့သိရပါတယ်။ Nevilleက နောက်ထပ်လည်း Miss Frillys ပန်းခင်းထဲမှာ ဒီအင်းဆက်အကြောင်းတွေကို လေ့လာပြီး ကမ္ဘာကြီးဆီ သူတို့ရဲ့အလှတရားတွေကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ဆိုပါတယ်ရှင်။

Khaing
SHARE