ခွေးတစ်ကောင်ကိုကယ်ဖို့ ဗြိတိန်ကနေတောင်ကိုရီးယားအထိသွားခဲ့တဲ့သူ

Twitter / biacaip

ဗိတိန်အမျိုးသမီးတစ်ယောက်ဟာ သတ်စားခံရတော့မယ့်ခွေးတစ်ကောင်ကိုကယ်ဆယ်ဖို့တောင်ကိုရီးယားကို သွားရောက်ခဲ့ပါတယ်။အဆိုပါခွေးလေးကို သူမတွေ့တဲ့အချိန်မှာ သားသတ်သမားတွေဟာ ခြေထောက်တွေကို ခုတ်ဖြတ်ထားပြီးပါပြီ။

လန်ဒန်မှာနေထိုင်တဲ့ Rafi Sahin ဟာ (၂၀၁၇)ခုနှစ်ဇွန်လတုန်းက အမျိုးမျိုးသောပရဟိတအဖွဲ့အစည်းတွေ နဲ့ဆက်သွယ်ပြီး ဒီခွေးလေးကိုကယ်ဖို့အတွက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီခွေးလေးတွေကိုကယ်ဆယ်ချင်တဲ့ စိတ်ကြောင့် အိမ်မက်ထဲမှာတောင် ခနခနမက်တဲ့အထိဖြစ်ခဲ့တယ်လို့ Rafi ကပြောပါတယ်။

တစ်ရက်မှာ စိတ်ကျန်းမာရေးဝန်ထမ်းတဖြစ်လဲ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်တဲ့ အသက်(၃၃)အရွယ် Rafi ဟာ တရုတ်နိုင်ငံရှိ Yulin ခွေးသားစားပွဲတော်နဲ့ပတ်သက်တဲ့ဆောင်းပါးတစ်ပုဒ်ကိုဖတ်မိခဲ့ပါတယ်။

အဲ့ဒီနောက် CARE’s ၀က်ဘ်ဆိုဒ်တစ်ခုမှာတင်ထားတဲ့ ခွေးသားကုန်သွယ်ရေးလုပ်ငန်းမှခွေးလေးတွေကို ကိုရီးယားကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကလိုက်လံကယ်ဆယ်မှုတွေလုပ်နေတာကို Rafi ကတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီခွေးတွေထဲမှာမှ ခြေထောက်အဖြတ်ခံထားရတဲ့ကိုရီးယား Jindo ခွေးအမျိုးအစားလေးတစ်ကောင် ကိုသူမတွေ့ရှိခဲ့ပြီး မွေးစားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒီခွေးလေးကို လမ်းမပေါ်မှာအစာရေဆာပြတ်လပ်ပြီးလဲနေ တာကိုကယ်ဆယ်ရေးအဖွဲ့တွေကတွေ့ရှိပြီး ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။ခွေးလေးကိုတွေ့တဲ့အချိန်မှာ ခြေထောက်တွေအဖြတ်ခံထားရတာကိုတွေ့ရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။

ဒါ့ကြောင့် သူမဟာတာဝန်ရှိသူတွေကိုဖုန်းခေါ်ပြီး ခွေးလေးကိုမွေးစားဖို့အတွက်စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်ခွေးလေးကို ကိုရီးယားကနေ တကူးတကသွားခေါ်လာခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ကာကွယ်ဆေးတွေပါထိုးပေးခဲ့ပါတယ်။

သူ့ရဲ့ခြေထောက်တွေဘယ်လိုဆုံးရှုံးခဲ့ရလဲဆိုတာတော့ တိတိကျကျမသိပါဘူး။ ကိုရီးယားရှိလူတော်တော်များများကို ဆက်သွယ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေအဆင့်ဆင့်လုပ်ခဲ့ရပါတယ်။

ခွေးလေးကိုလည်း ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ပေးခဲ့တာကြောင့် အခုဆိုရင် ကျန်းမာရေးအတော်ကောင်းမွန်လာပြီဖြစ်တယ်လို့သိရပါတယ်။ သူ့ရဲ့ခြေထောက်တွေမှာလိုအပ်နေတဲ့ အရာတွေအတွက် သူ့ကိုအထူးကရုစိုက်မှုတွေပိုပေးခဲ့ပါတယ်။သူဟာ (၂၀၁၈)ခုနှစ်ဇန်န၀ါရီလကတည်းက ကျွန်မမိသားစုဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူကိုစမွေးပြီးပြီးချင်းတုန်းကတော့ သူဟာကြောက်ရွံ့နေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့တော့ သူကျွန်မတို့ကိုယုံကြည်လာခဲ့ပြီး မိသားစုဝင်တစ်ယောက်နီးပါးကိုဖြစ်လာခဲ့ပြီဖြစ်တယ်လို့ Rafi ကပြောပြခဲ့ပါတယ်။

Twitter / biacaip

Thae

SHARE