မူးယစ်ဆေးကို ဆံပင်စည်းတဲ့ ဖဲပွင့်ပုံစံမျိုး လုပ်ပြီးသယ်လာတဲ့ အမျိုးသမီး

Twitter / CrimeOnline

အမေရိကန်က အမျိုးသမီးတစ်ယောက်ဟာ မူးယစ်ဆေးတွေထည့်ထားတဲ့အိတ်ကို ဆံပင်မှာစည်းတဲ့ ဖဲကြိုးပုံစံမျိုး ဖန်တီးပြီး၊ သယ်ဆောင်လာခဲ့ရာ၊ ရဲက မသင်္ကာလို့ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ Flippin, Arkansas မှာ ဖြစ်ခဲ့တာပါ။ ရဲအရာရှိ Kenneth Looney ဟာ မှတ်ပုံတင်သက်တမ်းလွန်နေတဲ့ Dodge Neon ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။

အဲဒီမှာ ကားမောင်းလာတဲ့ အမျိုးသမီးကို မသင်္ကာလို့ ထပ်မံစစ်ဆေးခဲ့ရာ အထက်ပါ မူးယစ်ဆေးမှုကို ဖော်ထုတ်နိုင်ခဲ့တာပါ။ တရားခံအမျိုးသမီးရဲ့နာမည်ကတော့ Jessica Bernice Kropp ဖြစ်ပြီး၊ ကားကိုတော့ သူများဆီကနေ ငှားရမ်းလာခဲ့တာလို့ ပြောပါတယ်။ သူမရဲ့အမည်ကို ရဲတပ်ဖွဲ့ထံ အကြောင်းကြားတဲ့အခါ Kropp ဟာ ပြစ်မှု(၅)ခုကြောင့် အလိုရှိနေတဲ့ တရားခံပါတဲ့။

ဝရမ်း(၅)ခုအနက် (၄)ခုက တရားရင်ဆိုင်ဖို့ ပျက်ကွက်ခြင်းကြောင့် ထုတ်ခံထားရတဲ့ ဝရမ်းတွေလို့ သိရပါတယ်။ နောက်တော့ သူမကို အသေးစိတ်စစ်ဆေးတဲ့အခါ ဆံပင်ပေါ်မှာ တွယ်ကပ်ထားတဲ့ အဖြူရောင်အထုတ်လေးကို ရဲက သတိထားမိသွားတာပါ။ ဒါပေမယ့် Kropp က ဒီပစ္စည်း သူမဆီ ရောက်နေတာကို ဘယ်လိုမှ သတိမထားမိဘူးလို့ ငြင်းခဲ့ပါတယ်။

READ
မသိဘဲအရိုက်ခံခဲ့ရတဲ့ ဗီဒီယိုတစ်ခုကြောင့် နာမည်ကြီးနေတဲ့ အိန္ဒိယကကျောင်းသူလေး

ရဲက ကားကို ဆွဲကားနဲ့စခန်းကို ယူသွားဖို့ပြင်တော့ Kropp က အဲဒီလိုမလုပ်ဖို့ တောင်းပန်ခဲ့ပါသတဲ့။ နောက်တော့ တရားခံဟာ သူမ ဝှက်ပြီးသယ်လာတဲ့ Paraphernalia တွေ၊ Meth အဆီထည့်ပြီးသောက်ရတဲ့ Vape Penနဲ့ တစ်ခြား မူးယစ်ဆက်စပ်ပစ္စည်းတွေကို ရဲလက်ကို အပ်ခဲ့တယ်လို့ သိရပါတယ်။ သူမကို ရဲက ဖမ်းဆီးစစ်ဆေးနေဆဲပါ။

လင်းသူရိန်

SHARE