အရက်သောက်ရင်ကားမမောင်းရဘူးဆိုလို့ ပုံစံသစ်နဲ့အရက်ထွက်ဝယ်ခဲ့တဲ့သူမ

Queensland Police/Twitter

ဖြစ်ပုံကတော့ ရယ်ရခက်၊ ငိုရခက်ကြီးပါပဲ။ ပုံမှန်မဟုတ်တဲ့ပုံမျိုးနဲ့အရက်ထွက်ဝယ်ခဲ့တဲ့ အမျိုးသမီးကို သြစီရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ရတယ်ဆိုပဲ။

Queensland က Logan မှာရှိတဲ့ အရက်ရောင်းဆိုင်တစ်ဆိုင်က ရဲဌာနဆီကို ည ၁၁ ခွဲကြီးဖုန်ုးဆက်လာခဲ့ပါတယ်။ အမျိုးသမီးကြီးတစ်ယောက်က သူ့ကိုအရက်မရောင်းလို့ဆိုပြီး ဆိုင်ရှေ့ကနေ မပြန်ဘဲ ရစ်နေလို့ပါတဲ့။ ဒါနဲ့ပဲ နီးစပ်ရာဌာနမှ ရပ်အရာရှိများဟာ ဖုန်းဆက်လှမ်းခေါ်တဲ့ဆိုင်ကို ချက်ချင်းထလိုက်သွားကာ စုံစမ်းစစ်ဆေးပါတော့တယ်။

ရဲတွေရောက်သွားတဲ့အချိန်မှာ သူတို့ကိုယ်တိုင်တောင် အံ့သြမင်သက်ရတဲ့ပုံစံမျိုးနဲ့အမျိုးသမီးကြီးကို ဆိုင်ရှေ့မှာတွေ့ခဲ့ရပါတယ်။ မြင်းကြီးကို ခန့်ခန့်ညားညားစီးပြီး အရက်လာဝယ်ခဲ့တာပါ။ နောက်ပြီး ပုံကြည့်ရတာကလည်း အရက်မူးနေတဲ့ပုံစံပေါက်နေတာကြောင့် အမျိုးသမီးရဲ့အရက်ပမာဏကို စစ်ကြည့်လိုက်တဲ့အခါ သတ်မှတ်အရက်ပမာဏထက် ၄ ဆလောက်များနေတာကို တွေ့ခဲ့ရပါတယ်။

Queensland Police/Twitter

အရက်ကလည်းကုန်၊ သွားလည်းဝယ်ရမှာ လှမ်းနေပြီး မူးလျှင်ကားမမောင်းရဘူးဆိုတဲ့ ဥပဒေကြောင့် သူမက မြင်းစီးလာခဲ့တာဖြစ်ကြောင့် ပြန်ရှင်းပြခဲ့ပေမယ့်လို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေမှာ မြင်းတို့၊ နွားတို့လည်း ပါဝင်နေတာကြောင့် အမျိုးသမီးခင်ဗျာ မြင်းလေးနဲ့အတူတူ စခန်းကို ထိန်းသိမ်းခံခဲ့ရပါတော့တယ်။ ဗီဒီယိုကိုတော့ Queensland ရဲဌာနရဲ့ official Twitter မှာ တင်ထားခဲ့တာပါ။

READ
သွေးကင်ဆာကိုသုံးကြိမ်တိုင်တိုက်ခိုက်ခဲ့ပြီး ကွယ်လွန်သွားတဲ့သုံးနှစ်အရွယ်ကလေးငယ်

 

Penny

SHARE