ကင်ဆာရောဂါသည် ချစ်သူကို သစ္စာရှိရှိစောင့်ဆိုင်းကာ လက်ထပ်ခဲ့တဲ့အမျိုးသား

llgevents

နယူးဂျာစီမှ ဂျီလီယန်ဟန်ဆန်ဆိုသူ အမျိုးသမီးဟာ သူမကင်ဆာဖြစ်နေမှန်း သိလိုက်ရတဲ့အခါ အရမ်းကို တုန်လှုပ်ခဲ့ရပါတယ်။ ဂျီလီယန်မှာ မက်စ်အယ်လ်လီဂရက်တီအမည်ရတဲ့ ချစ်သူအမျိုးသားလည်း ရှိပါတယ်။ ဂျီလီယန်နဲ့ မက်စ်တို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ဂျီလီယန် ရင်သားကင်ဆာမဖြစ်ခင်ကတည်းက ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

facebook/Jillian Hanson

သူမမှာ ကင်ဆာဖြစ်နေမှန်းသိတော့ ဂျီလီယန်က သူမဟာ ကင်ဆာဝေဒနာအတွက် ခရီးရှည်ကြီး တိုက်ပွဲဝင်ရမှာ ဖြစ်တဲ့အကြောင်း၊ သူမဘ၀ဟာ ခက်ခဲမှာ အမှန်ဖြစ်တဲ့အကြောင်းနဲ့ သူမကို ထားသွားလိုက ထားသွားနိုင်ပါတယ်လို့ မက်စ်ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် မက်စ်ဟာ ချစ်သူဆီမှာ ကင်ဆာဝေဒနာဆိုးကြီး စွဲကပ်နေတာ သိပေမယ့် စွန့်ခွာမသွားခဲ့ပါဘူး။ ဂျီလီယန်ရဲ့ အဆိုးဆုံးအချိန်တွေမှာ သူမအနားမှာပဲနေပြီး အားပေးဖေးမခဲ့ပါတယ်။

မက်စ်ဟာ ဂျီလီယန်နားမှာပဲ သူမဆေးကုသတဲ့အချိန်တွေမှာ (၂) နှစ်တိုင် မခွဲမခွာနဲ့ နေလာခဲ့ပါတယ်။  ဒီိလိုနဲ့ ဂျီလီယန်ရဲ့ ကင်ဆာဓာတုကုထုံးကို နောက်ဆုံးအကြိမ်အဖြစ် ဆေးကုသခံရမယ့် အချိန်ရောက်လာပါတယ်။ အဲ့ဒီနေ့မှာတော့ မက်စ်ဟာ ဂျီလီယန်အတွက် ထူးခြားတဲ့ surprise တစ်ခု ပြင်ဆင်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူမကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ကင်ဆာဝေဒနာခံစားနေရတဲ့ သူမရဲ့ အခြေအနေကို လျစ်လျူမရှုခဲ့ပဲ သစ္စာရှိစွာ ကြင်ကြင်နာနာရှိခဲ့တဲ့ မက်စ်ရဲ့ လက်ထပ်ခွင့်ကိုတော့ ဂျီလီယန်ဟာ လက်ခံခဲ့ပါတယ်။

READ
ခွဲခန်းဝင်ရမှာ ကြောက်နေတဲ့ကလေးကို ကြင်နာစွာနှစ်သိမ့်ပေးခဲ့တဲ့ သူနာပြုဆရာမလေး
facebook/Jillian Hanson

“ကျွန်တော် ဂျီလီယန်ရဲ့ သူငယ်ချင်းတွေနဲ့ရော၊ မိသားစုနဲ့ပါ စကားပြောပြီးပါပြီ။ ဂျီလီယန်ရဲ့ဓာတုကုထုံးခံယူတဲ့ နောက်ဆုံးနေ့မှာ သူမပိုပျော်ရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လက်ထပ်ခွင့်တောင်းဖို့ အစစအရာရာ ပြင်ဆင်ခဲ့ကြပါတယ်…” လို့ မက်စ်က ဆိုပါတယ်။

facebook/Jillian Hanson

ဂျီလီယန်ကတော့ “ကျွန်မတို့ ကင်ဆာရောဂါမဖြစ်ခင်တုန်းကလည်း လက်ထပ်ဖို့ထိ တိုင်ပင်ထားကြဖူးပါတယ်။ ခုမှ သူက တရားဝင် propose လုပ်တာပါ။ နဂိုတည်းက ကင်ဆာဓာတုကုထုံးကို နောက်ဆုံးခံယူရမယ့် ရက်ဖြစ်လို့ ပျော်နေတာရယ်၊ သူက အခုလို surprise လုပ်လို့ ပျော်တာရယ်ဆိုတော့ ကျွန်မအတွက် တကယ့်ကို ထူးထူးခြားခြား ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာလည်း အရမ်းကောင်းတယ်…” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ ဂျီလီယန်နဲ့ မက်စ်တို့စုံတွဲဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၈) ရက်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးမိတ်သင်္ဂတွေ ခြံရံကာ မင်္ဂလာကျင်းပခဲ့တယ်လို့လည်း boredpanda အရ သိရပါတယ်။

READ
မိဘစွန့်ပစ်တာခံရပြီးလမ်းမှာ လျှောက်သွားနေတဲ့ ကလေးငယ်ကိုဖခင်မေတ္တာပေးခဲ့တဲ့ရဲသားကြီး

လင်းလင်း (ShweMom)

SHARE