မထင်မှတ်ထားတဲ့ အကူအညီလေး တစ်ခုကြောင့် အိမ်ပိုင်သွားခဲ့တဲ့ အမျိုးသမီး

Twitter- @vijaypnpa_ips

ဇူလိုင်လ ၁၈ ရက်နေ့တုန်းက Vijayakumar IPS ဆိုတဲ့ Twitter account ကနေပြီးတော့ ဗီဒီယိုလေးတစ်ခုကိုတင်လာခဲ့ပါတယ်။ “သူမဟာ ကမ္ဘာကြီးမှာ ကြင်နာမှုတွေနဲ့လူသားဆန်ဆန် ဘယ်လိုနေရမယ်ဆိုတာကို ပြသပေးတယ်” ဆိုတဲ့ caption လေးနဲ့ပါ။

ဗီဒီယိုထဲမှာတော့ အနီရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ဦးရယ်၊ အင်္ကျီအဖြူရောင်ဝတ်ပြီး တုတ်ကောက်ကြီးနဲ့ စမ်းတဝါးဝါးလမ်းလျှောက်နေတဲ့ အဘိုးအိုတစ်ယောက်ရယ်ရှိနေပါတယ်။ ပြောပုံအရဆိုရရင်တော့ အဲဒီအဘိုးအိုဟာ မျက်မမြင်တစ်ဦးပါတဲ့။ အမျိုးသမီးကတော့ အဖိုးအိုကို မျက်မမြင်မှန်း တစ်ဖက်ကားလမ်းမှာတွေ့ကတည်းကိုက ရိပ်မိတဲ့အတွက်ကြောင့် မေးကမြန်းပြီးတော့ အဖိုးအိုကို ဒီဖက်ကားလမ်းကို ကူးတာကို အရင်ဆုံး ကူညီပေးခဲ့ပါတယ်။

Twitter- @vijaypnpa_ips
Twitter- @vijaypnpa_ips

နောက် အဖိုးအိုကို ခဏလောက်လွှတ်ထားခဲ့ပြီး သူမက တစ်နေရာကို အပြေးသွားခဲ့ပါတယ်။ ဘတ်စ်ကားဆီကိုပါ။ ဘတ်စ်ကားဆီကိုပြေးသွားခဲ့ပြီး ကားပေါ်ကလူတွေကို အဖိုးအိုကမျက်လုံးမမြင်တဲ့အတွက်ကြောင့် ခဏလောက်စောင့်ပေးဖို့လှမ်းပြောခဲ့တာပါတဲ့။

READ
ပေ (၁၁၀) ရှည်တဲ့ dreadlocks ဆံပင်နဲ့ ဂင်းနစ်စံချိန်တင်ခဲ့သူ အမျိုးသမီး

သူမနာမည်ကတော့ Supriya ပါတဲ့။ Kerala မှာနေထိုင်သူတစ်ဦးပါ။ လမ်းကြုံတုန်းကူညီလိုက်တာဟာ သူမအတွက်တော့ မထင်မှတ်ထားတဲ့လုပ်ရပ်တစ်ခုဖြစ်ပေမယ့်လို့ မြင်ရသူတွေအတွက်တော့ အရမ်းကိုကြည်နူးစရာလေးပါပဲ။ နောက် ဘောလိဝုဒ်မင်းသားတစ်ဦးဖြစ်တဲ့ Riteish Deshmukh ကပါ ဒီဗီဒီယိုကို ပြန်တင်လိုက်တဲ့အခါမှာတော့ ပြည်သူတွေအကုန်သိသွားကြပါတော့တယ်။

Supriya အကြောင်း ထဲထဲဝင်ဝင်စုံစမ်းလိုက်တဲ့အချိန်မှာတော့ Supriya ဟာ Alukkas အုပ်စုမှာ အရောင်းဝန်ထမ်းအဖြစ် ၃ နှစ်ကြာလုပ်ကိုင်နေသူတစ်ဦးပါ။ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကလေးလည်း နှစ်ဦးရှိပါတယ်တဲ့။ သူတို့မိသားစုအတွက် နေထိုင်ဖို့အတွက် အိမ်ငှားခနဲ့တင် တော်တော်လေးကို ရုန်းကန်နေရသူဖြစ်ပါတယ်။

သူမအလုပ်လုပ်တဲ့ Alukkas အုပ်စုရဲ့ ဥက္ကဌကနေပြီး Supriya တို့အိမ်ကိုသွားလည်တဲ့အခါမှာတော့ အိမ်အခြေအနေအကြောင်းသိသွားခဲ့ပြီး နောက်တစ်နေ့ကျတော့ ဥက္ကဌ Jiy Alukkas ဟာ Supriya အလုပ်လုပ်နေတဲ့နေရာကို surprise လုပ် လိုက်သွားခဲ့တပြီးတော့ အိမ်အသစ်တစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်လို့ Story Pick မှာ ဖော်ပြထားပါတယ်။

READ
ဂျပန်ရဲ့ငယ်ရွယ်သူတွေကြား သတ်သေမှုနှုန်း နှစ် (၃၀) အတွင်း အမြင့်ဆုံးဖြစ်လာခဲ့

penny

SHARE