Quarantine ကာလအတွင်း ဘွဲ့လက်မှတ်ပေါင်း(၉)ခု ရအောင်ယူခဲ့တဲ့ ကောင်မလေး

Instagram- @themaxfactor

ကိုယ်တွေ COVID-19 ကြောင့် အိမ်မှာနေနေတုန်း တိုးပွားလာတာဆိုလို့ အဆီပဲရှိမယ်ထင်တယ်။ ဖိလစ်ပိုင်အမျိုးသမီးလေးတစ်ယောက်ကတော့ home stay ကာလအတွင်း ကြိုးစားလိုက်တာ certificate တောင် ၉ ခုရသွားခဲ့တယ်တဲ့လေ။

View this post on Instagram

say cheese 🧀

A post shared by Maxine Isabel Esteban (@themaxfactor) on

သူမနာမည်ကတော့ Maxine Esteban ပါ။ ၂၀၁၉ အရှေ့တောင်အာရှရဲ့ ဓားရေးပြအားကစားမှာ ကြေးတံဆိပ်ဆုပိုင်ရှင်လည်းဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာရှိနေသေးပြီး Atenro de Malina တက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ်။

READ
Cookie မုန့်လေးများနှင့် ဘဝသင်ခန်းစာ

https://www.instagram.com/p/B8i42IIjKG6/

Quarantine ကာလတွေမှာ Maxine တစ်ယောက် ကျွန်တော်တို့လို ဖုန်းပွတ်လိုက်၊ အိပ်လိုက်၊ စားလိုက်နဲ့ မနေခဲ့ပါဘူး။ နာမည်ကြီးကောလိတ်ကျောင်းတစ်ကျောင်းကနေပြီး အသိမှတ်ပြုဘွဲ့လက်မှတ်တွေကို ရယူနိုင်ခဲ့ပါတယ်လို့ NextShark မှာ ဖတ်လိုက်ရပါတယ်။

https://www.instagram.com/p/B5eqyIhjcDX/

Ivy League ဆိုတာ နိုင်ငံတကာမှာ နာမည်ကြီး ကောလိတ်ကျောင်းတစ်ကျောင်းပါ။ ဒီလို တက္ကသိုလ်နဲ့ ကောလိတ်ကျောင်းတွေဟာ quarantine ကာလအတွင်း အွန်လိုင်းအခမဲ့သင်တန်းတွေကို ပို့ချလျက်ရှိနေပါတယ်။ ဒီလိုအခွင့်အရေးဆိုတာ တော်တော်ရှားမှရှားအခွင့်အရေးတစ်ခုပါ။ ဒါကို Maxine က ကောင်းကောင်းအသုံးချခဲ့ပါတယ်။

https://www.instagram.com/p/B_wwpPXD57N/

အမခဲ့အွန်လိုင်းသင်တန်းပေါင်း ၉ ခုကို သင်ခဲ့ပြီးတဲ့အခါမှာတော့ Maxine ဟာ သင်တန်းဆင်းလက်မှတ်တွေကို သင်တန်းတိုင်းအတွက် ရလာခဲ့ပါတယ်။ သူမတက်ခဲ့တာကတွေကတော့..

https://www.instagram.com/p/B_cUEgVDhxx/

Wharton school of the University of Pennsylvania မှ-

  • Entrepreneurship 1-Developing the opportunity⁣
  • Entrepreneurship 2-Launching your start-up⁣
  • Entrepreneurship 3-Growth Strategies⁣
  • Entrepreneurship 4-Financing and profitability⁣
  • Viral marketing and how to craft contagious content⁣
  • Introduction to Marketing⁣
  • Customer Analytics တို့ကို သင်ယူခဲ့ပြီး
READ
နွမ်းပါးသူတွေကို ဘူးခွံ/ ပုလင်းခွံတွေနဲ့ အိမ်လိုက်ဆောက်ပေးနေတဲ့ ဘိုလီးဗီးယန်းသူ

Yale University မှာတော့-

  • Financial markets⁣ နဲ့
  • Introduction to negotiation တို့ကို သင်ယူတတ်မြောက်ခဲ့ပါတယ်။

https://www.instagram.com/p/B_kCLT3DUo_/

Penny

 

SHARE