ဘဝကိုပြောင်းလဲစေခဲ့တဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့မျက်နှာခွဲစိတ်မှု

Ellie Jones အမည်ရှိတဲ့ အသက်(၂၀)အရွယ် မိန်းမပျိုလေးဟာ မေးရိုးဖွဲ့စည်းပုံ ပုံမှန်မဟုတ်မှုကြောင့် ထွက်ပေါ်လာတဲ့ သွားတွေဟာ သာမန်ထက် ခေါ်နေပြီး အရုပ်ဆိုးနေခဲ့ပါတယ်။ သူမဟာ ဒီဖြစ်စဉ်ကို ခံစားခဲ့ရတာ အသက်ရှစ်နှစ်အရွယ်က
တည်းက ဖြစ်ပြီး အသက်(၁၆)နှစ်မှာ တစ်ကြိမ် ခွဲစိပ်မှု ခံယူခဲ့ပါတယ်။

အဲဒီမတိုင်ခင် သူမ အသက်(၁၄)နှစ် အရွယ်မှာ သွားနဲ့မေးရိုးဆိုင်ရာ ပါရဂူ Joy Hickman ဆီမှာ စမ်းသပ်မှုတွေ ခံယူတဲ့အခါ သူမရဲ့ မေးရိုးဟာ ကြီးထွားမှုရပ်ဆိုင်းနေတဲ့ အတွက် သွားတွေရဲ့ကြီးထွားမှုတွေကို မတားဆီးနိုင်ပဲ သာမန်ထက် အ
ကြည့်ရဆိုးတဲ့ အခြေအနေကို ရောက်နေခဲ့တယ်ဆိုတဲ့ အဖြေကို တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့်လည်း သူမဟာ အစာ
အမာကို မ၀ါးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် နှုတ်ခမ်းကို ကောင်းစွာ အဖွင့်အပိတ်လုပ်လို့မရတဲ့အတွက် စကားလည်း ပီပီသသ
မပြောနိုင်ခဲ့ပါ။

READ
သတိမေ့နေတဲ့ သခင်ဘေးက တဖ၀ါးမှမခွာပဲ သစ္စာရှိရှိစောင့်ဆိုင်းနေခဲ့တဲ့ ခွေးလေး

သူမဟာ အစာပျော့ကို ခြောက်လလောက် စားသောက်ခဲ့ရပါတယ်။ Ellie အနေနဲ့ ဒီလိုပုံစံနဲ့ ပိန်လှီသွားမယ့် ခန္ဓာကိုယ်ကို
လည်း မနှစ်မြို့ပါဘူး။ ဒါကြောင့် သွားနဲ့မေးရိုးဆိုင်ရာ ပါရဂူ Joy Hickman နဲ့ ဆာဂျင် Emma Woolley တို့ရဲ့ ခွဲစိပ်မှုကို
ပထမဆုံး အကြိမ်အနေနဲ့ ခံယူခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမဟာ အသက် (၁၆)နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

ခွဲစိပ်မှုလည်း အောင်မြင်ခဲ့ပြီး အဲဒီအတွက် Ellie က ” ဒါဟာ အလွန်နာကျင်တဲ့ ခွဲစိပ်မှုပါဘဲ … ဒါပေမယ့် ပြဿနာတော်တော်များများကိုတော့ ပြေလည်စေခဲ့ပါတယ် … ဒါပေမယ့် ခွဲစိပ်ပြီးရှစ်ပတ်အထိ အစာအမာ စားခွင့်မရခဲ့ပါဘူး … အဲဒီနောက်ပိုင်းမှာတော့ ကျွန်မဟာ အရာရာတိုင်းအတွက် ယုံကြည်မှု ရခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

READ
ချစ်ကြိုက်ယောင်ဆောင်ပြီး အမျိုးသမီးအ၀တ်မဲ့ပုံတွေကို စုဆောင်းနေတဲ့ အမျိုးသား

ပထမဆုံး ခွဲစိပ်မှုခံယူပြီး တစ်နှစ်အကြာမှာပဲ သူမရဲ့ မေးရိုးကို ထပ်မံခွဲစိပ်ပြုပြင်ခဲ့ပါတယ်။ အောက်ကို အရမ်းကြီးချွန်ပြီး ကျဆင်းနေတဲ့ မေးရိုးကို ရေပြင်ညီအတိုင်း ဖြတ်တောက်ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Ellie ဟာ မူလရုပ်သွင်နဲ့ တစ်ခြားဆီဖြစ်ပြီး အလွန်လှပတဲ့ အပြုံးပိုင်ရှင်တစ်ယောက် ဖြစ်နေပါပြီ။ အဲဒီအတွက်လည်း သူမဟာ ယုံ
ကြည်မှုရှိစွာနဲ့ ဘ၀ကို ရပ်တည်နေနိုင်ပြီဖြစ်သလို ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်တွေကိုလည်း အထူး ကျေးဇူးတင်နေပါတယ်။

မဒီလေး (Shwemom)

sm

source : thesun.co.uk

SHARE