အွန်လိုင်းမှာ ရေပန်းစားနေတဲ့ အိမ်မှာ အလွယ်တကူ ပဲပင်ပေါက်ဖောက်နည်း

Image:Fb/Mee Ho Chew

အားလပ်ရက် အိမ်မှာ အနားယူနေတဲ့ အချိန်မှာ အိမ်မှာပဲ အလွယ်တကူ လုပ်လို့ရတဲ့ ပဲပဲ ပေါက် ဖော က်နည်းကို ဖော်ပြ ပေးချင်ပါတယ်။ကိုယ့်အိမ်မှာပဲ ကိုယ်လုပ်တာမို့ သေချာ တာ ကတော့ သန့်ရှင်းမှုရော၊ဓါတုပစ္စည်းတွေ က တော့ ကင်းဝေး ပြီးသား ဖြစ်မှာပါ။အခု ဖော်ပြ ပေးမယ့် နည်း ကတော့ မလေးရှားအမျိုးသမီးတစ်ယောက် အွန်လိုင်းမှာ ဝေမျှ ခဲ့တဲ့ နည်းပါ။သူ မက တော့ ရေသန့်ဘူးကို သုံးပြီး ဖောက်ပြခဲ့တာပါ။

Image:Fb/Mee Ho Chew
Image:Fb/Mee Ho Chew

မြန်မာနည်းနဲ့ ဆိုရင်တော့ ကိုယ့်အိမ်မှာ အမေ တို့ ၊ အ ဖွားတို့က ဆန်ခါ နဲ့ သုံးပြီး ဖောက်တာမျိုးတွေကို တွေ့ဖူးကြမှာ ပါ။မလေးရှား က Mee Ho Chew  ဆိုတဲ့ အမျိုး သမီး ကတော့ ရေသန့်ဘူးနဲ့ ဖောက်ပြခဲ့ပါတယ်။ငါးရက်လောက် တော့ အချိန်ယူရတယ်လို့ သူမက ဆိုပါတယ်။

READ
ကိုယ်တင်သမျှ ခရီးသွားဓာတ်ပုံတွေ လူတိုင်းနှစ်သက်စေဖို့ လိုက်နာရန်အချက်များ
Image:Fb/Mee Ho Chew

အရင်ဆုံး လိုအပ်တဲ့ အရာတွေ က တော့ ပဲတီစိမ်း၊ပလတ်စတစ်ဘူးလွတ်(ရေသန့်ဘူး အလွတ်)၊အ၀တ်စ(ပိတ်စ ) တို့ ကို စုဆောင်းပြင်ဆင်ထားပါ။ပြီးရင်တော့ ပဲ တီစိမ်း အစေ့ တွေ ကို ပုလင်းထဲ ထည့်ပါ။ပြီးရင်တော့ (၆)နာရီ လောက် ရေစိမ် ပေးလိုက်ပါ။(၆)နာရီ လောက် ပြည့်ရင်တော့ ခုနက ရေတွေ ကို သွန်ပစ်လိုက်ပါ။ပြီးရင်တော့ ပိတ်စ အပိုင်း အစ လေးကို ပုလင်းအ၀ မှာ ပုံ မှာပြထားတဲ့ အတိုင်း ပိတ်ထားလိုက်ပါ။

Image:Fb/Mee Ho Chew
Image:Fb/Mee Ho Chew

ရေသန့်ဘူးကိုတော့ နေရောင်နဲ့ တိုက်ရိုက် မ ထိ တွေ့ရတဲ့ နေရာမျိုးမှာ ထားပေးပါ။အဲ့လို ထားလိုက်မယ်ဆိုရင် တော့ ပဲ စေ့ တွေ ကနေ ပဲ ပင် ပေါက် ဖြစ်လာတာကို မြင်ရမှာပါ။

READ
အိမ်ထဲက ပင့်ကူတွေကို အလွယ်တကူနဲ့ မောင်းထုတ်လို့ရနိုင်မယ့် နည်းလမ်းကောင်း

Source:Mee Ho Chew  ‘s FB

SHARE