ထောင်ထဲကို သေနတ်(၁၂)လက် ခိုးသွင်းဖို့ကြိုးစားတဲ့ အမျိုးသမီး

ထောင်ဖောက်မှုတွေ၊ ထောင်တွင်းပုန်ကန်ထကြွမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ဘရာဇီးလ်မှာ မကြာသေးခင်က အကျဉ်းထောင်တစ်ခုမှာ ထောင်ဝင်စာလာတွေ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ ထောင်အတွင်းကို ပစ္စတို(၁၂)လက် ခိုးသွင်းဖို့ ကြိုးစားတဲ့အမျိုးသမီးကို လုံခြုံရေးအဖွဲ့ဝင်တွေက တားမြစ်နိုင်ခဲ့ပါတယ်။

တကယ်လို့သာ ဒီသေနတ်(၁၂)လက် ထောင်တွင်းကိုရောက်သွားပါက အနိဋ္ဌာရုံအပြည့်နဲ့ ထောင်ဖောက်ပွဲကြီး ဖြစ်သွားနိုင်ပါတယ်။ သေနတ်တွေဟာ အဆိုပါအမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ တိပ်တွေနဲ့ ပူးကပ်ချည်နှောင်ထားတာဖြစ်ပြီး၊ ထောင်လုံခြုံရေးအရာရှိတွေက သူမရဲ့ မသင်္ကာဖွယ်ရာဖြစ်နေတဲ့ ပုံစံကြောင့် ရပ်တန့်စစ်ဆေးခဲ့ပါတယ်။

သေနတ်ထုတ်လုပ်ရောင်းချမှုဟာ ဘရာဇီးလ်မှာ တွင်ကျယ်နေပြီး၊ နှစ်ကာလရှည်လျားနေပြီဖြစ်နေတဲ့ မူးယစ်ရာဇဝတ်ဂိုဏ်းတွေကလည်း မြို့တော် ရီယိုမှာ အလွန်ပေါ်များပါတယ်။ ဘရာဇီးလ်မှာ သေနတ်အကြမ်းဖက်မှုတွေကြောင့် နှစ်စဉ် လူပေါင်း (၄၀,၀၀၀)ကျော် သေဆုံးနေကြောင်း သိရပြီး၊ ယမန်နှစ်ကတော့ (၆၁,၆၁၉)ဦးရေအထိ ရှိခဲ့ပါတယ်။

အခုလက်နက်တွေဖမ်းမိတဲ့ အကျဉ်းထောင်ဟာ မည်သည့်အကျဉ်းထောင်ဖြစ်ကြောင်းကိုတော့ သတင်းတွေမှာ ဖော်ပြမထားပါဘူး။ ဒီဗွီဒီယိုဟာ လူမှုကွန်ယက်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က ပေါ်ထွက်လာခဲ့တာဖြစ်ပြီး၊ ဘယ်အချိန်၊ ဘယ်နေရာလို့ ပြောဖို့ခက်ပေမယ့် ဘရာဇီးလ်က အကျဉ်းထောင်တစ်ခုလို့တော့ သိရပါတယ်။

READ
ခရစ်ကတ်ပွဲအလယ်မှာ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE