ကင်ဆာကို အရည်ကျည်ဖုလို့ ထင်မြင်ခဲ့ရာမှ မျက်လုံးတစ်လုံးဆုံးရှုံးခဲ့ရသည့်အမျိုးသမီး

အချိ့သောကင်ဆာရောဂါတွေဟာ ရောဂါအခြေအနေ မပြင်းထန်ခင် သတ်မှတ်ကာလအတွင်းမှာဆို ကုသဖို့ ခက်ခဲတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သတ်မှတ်ကာလ ကျော်လွန်သွားပြီး၊ ဆိုးဝါးတဲ့အဆင့်ကို ရောက်သွားရင်တော့ ကုသလို့ မရနိုင်တော့ဘဲ အသက်ဆုံးရှုံးခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းကို ဖြစ်စေပါတော့တယ်။

အခုလည်း အသက် 22 နှစ်သာ ရှိသေးတဲ့ Ceri Jones ဆိုတဲ့ အမျိုးသမီးဟာ ပါးစပ်ထဲက အကြိတ်ကလေးကို ရိုးရိုးအရည်ကျည်ဖုလို့ ထင်မြင်ချက်နဲ့ ဆုံးဖြတ်ခဲ့မိပါတယ်။ ဒါကြောင့် လောလောဆယ် လူကို ဒုက္ခမပေးသေးတဲ့ အဲဒီအကြိတ်ကလေးကို ကုသမှု မပြုပဲ ကာလအတော်ကြာတဲ့အထိ နေခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ပါးတစ်ခုလုံး ကုတ်စွဲထားသလို ဖြစ်လာခဲ့တဲ့အထိ ခြေအနေက ဆိုးဝါးလာခဲ့ပါတယ်။ သွားရဲ့အောက်ခြေမှာ ကပ်ပြီးဖြစ်နေတဲ့ အကြိတ်ကလေးမို့ သွားဆရာဝန်ဆီကို သွားရောက်ပြသခဲ့ပါတယ်။ ဒီမှာတော့ သူမ ထင်ထားတဲ့ အဖြေက တစ်ခြားဆီ ဖြစ်သွားပါတော့တယ်။

Jones ဟာ Adenoid Cystic Carcinoma အမည်ရ ရှားပါးကင်ဆာကို ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ကင်ဆာလို့ သိလိုက်ချိန်မှာပင် အကြိတ်ကာ လည်ပင်နဲ့ဦးခေါင်းဘယ်ဘက်ခြမ်းက Gland တွေကို ၀ါးမြိုထားပြီးပါပြီ။ ကင်ဆာဆဲလ်တွေက မျက်နှာတစ်ခြမ်းလုံးကို လွှမ်းမိုးနေပါပြီ။

READ
အသက်(၆၀)ဆိုပေမယ့် လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ

ဒါကြောင့် ဧပြီလထဲမှာပင် ခွဲစိတ်မှု ခံယူခဲ့ကာ မျက်နှာတစ်ခြမ်းလုံး လှီးထုတ်ခဲ့ရပါတယ်။ ဘယ်ဘက်မျက်လုံးကိုလည်း ကင်ဆာဆဲလ်တွေက တွယ်ကပ်နေပြီမို့ ဖယ်ထုတ်ခဲ့ရပါတယ်။ ခွဲစိတ်မှုမှာ ပါးစုံရိုးနဲ့ မျက်နှာပြင်အသားတွေကိုပါ ထုတ်ပယ်လိုက်ရတာမို့ လောလောဆယ် မျက်နှာ ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ်။

ဘယ်ဘက်ခြမ်းက သွားတွေကိုပါ ဖယ်ထုတ်လိုက်ရပြီး၊ ဆုံးရှုံးသွားတဲ့ ပါးစုံရိုးနေရာကို တိုက်တေနီယမ် အရိုးတုထည့်သွင်းထားကာ သွားအတု တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ ဆုံးရှုံးသွားတဲ့ မျက်နှာပြင် အသာအရေနဲ့ အရေပြားကိုတော့ ညာဘက်ပေါင်မှ အသားနဲ့ အရေကို ယူပြီး မျက်နှာထဲကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Jones ဟာ ကျန်ရှိနေသေးတဲ့ ခွဲစိတ်ကုသမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ပေါင် 5000 ခန့် လိုအပ်နေပြီး GoFundMe စာမျက်နှာမှာတော့ ပေါင် 655  ရရှိထားပြီ ဖြစ်ပါတယ်။ သူမဟာ ဝေးလ်နိုင်ငံ မြောက်ပိုင်း Dyserth မြို့အနီးက Cwm မှာ ထိုင်ပြီး၊ ယခင်က ယမကာဆိုင်တစ်ခုမှာ စားဖိုမှူးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သူ ဖြစ်ပါတယ်။

READ
မီးခလုတ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်ခဲ့တဲ့သရဲကို လျှို့ဝှက်ကင်မရာကနေဖမ်းယူနိုင်ခဲ့

နတ်စည်တော် (Shwemom)

source : thesun.co.uk

 

SHARE