ခွေးပျောက်သွားလို့ လေယာဉ်စင်းလုံးငှားပြီးရှာခဲ့တဲ့အမျိုးသမီး

Twitter / EmilieTalermo

ဆန်ဖရန်စ္စကိုမှာနေထိုင်တဲ့  Emilie Talermo ဆိုသူ အမျိုးသမီးဟာ စတိုးဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ ခိုးယူခံခဲ့ရတဲ့ မျက်လုံးပြာလေးတွေ ကိုပိုင်ဆိုင်ထားတဲ့ Australian Shepherd ခွေးအမျိုးအစား သူမရဲ့ခွေးလေးကိုရှာဖွေနေပြီး ပြန်ပေးမယ်ဆိုရင် အမေရိကန်ဒေါ်လာ(၇၀၀၀)ပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ဒါ့အပြင် ခွေးလေးကိုရှာဖွေမှု တွေပြုလုပ်ဖို့ လေယာဉ်တစ်စီးကိုငှားရမ်းခဲ့ပါတယ်။ 

ဒီလိုရှာဖွေမှုတွေပြုလုပ်နိုင်ဖို့ လေယာဉ်ကိုအပိုဆောင်းအဖြစ် အမေရိကန်ဒေါ်လာ(၁၂၀၀)ပေးပြီးငှားရမ်းခဲ့ တာဖြစ်ပါတယ်။သူမရဲ့ခွေးလေး Jackson ကိုလည်း သူမရဲ့ဝက်ဘ်ဆိုက်ကနေတစ်ဆင့်လည်း ဆက်တိုက်ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ Jackson ဟာ ဆန်ဖရန်စ္စကိုမြို့ကယ်လီဖိုးနီးယားဝန်းကျင်ရှိစတိုးဆိုင်တစ်ခုရဲ့အပြင်ဘက်မှာ ဒီဇင်ဘာလ(၁၄)ရက်နေ့ကအခိုးခံခဲ့ရတာဖြစ်ပါတယ်။

အသက်(၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမခွေးလေး Jackson ကိုပြန်တွေ့နိုင်ဖို့ ဘယ်နည်းနဲ့မဆိုကြိုးစားပြီးရှာဖွေမှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ(၁၉)ရက်နေ့က Emilie Talermo ကပြောပါတယ်။

စတိုးဆိုင်ရှေ့ရှိခုံတန်းလျားမှာရှိနေတဲ့ ခွေးလေး Jackson ရဲ့အနားကို hoodie အင်္ကျီဝတ်ဆင်ထားတဲ့အမျိုးသား တစ်ဦးက ကြိုးနဲ့တုတ်နှောင်ပြီးခေါ်သွားခဲ့တာကို စတိုးဆိုင်မှာတပ်ထားတဲ့စောင့်ကြည့်ဗီဒီယိုကနေတစ်ဆင့် တွေ့ခဲ့ရပါတယ်။

Talermo နဲ့ သူမရဲ့သူငယ်ချင်းတွေက အဖြူ၊ အနက်နဲ့ မီးခိုးရောင်တွေပါတဲ့အမွှေးရှိပြီး အပြာရောင်မျက်လုံးလေး တွေကိုပိုင်ဆိုင်ထားတဲ့ အလေးချိန်(၂၈)ပေါင်ရှိတဲ့ ခွေးလေး Jackson ရဲ့ဓာတ်ပုံပါတဲ့ လက်ကမ်းစာစောင်ပေါင်း ထောင်နဲ့ချီပြီး ဖြန့်ဝေပေးခဲ့ပါတယ်။

ဒါ့အပြင် သူမရဲ့ www.bringjacksonhome.com ၀က်ဘ်ဆိုက်မှာလည်း ခွေးလေးကိုရှာဖွေတွေ့ရှိမယ်ဆိုရင် အမေရိကန်ဒေါ်လာ(၇၀၀၀)ပေးမယ်လို့လည်းကမ်းလှမ်းထားပါတယ်။

Jackson ဟာ သူမရဲ့ဘေးမှာအမြဲရှိတဲ့ကလေးတစ်ယောက်ပါ။ ဒါ့ကြောင့် သူ့ကိုကျွန်မအရမ်းချစ်တယ်။ သူ့ကိုအမြန်ဆုံးပြန်တွေ့ချင်တယ်လို့ Talermo ကစိတ်မကောင်းစွာနဲ့ပြောကြားခဲ့ပါတယ်.။

Talermo ဟာ ဆန်ဖရန်စ္စကိုနဲ့ Oakland မြို့တွေမှာရှာဖွေဖို့အတွက် လေယာဉ်ကို(၂)နာရီစာပျံသန်းရှာဖွေဖို့ ငှားရမ်းခဲ့ပါတယ်။

Talermo ဟာ Jackson ကိုရှာဖွေကူညီပေးနိုင်ဖို့ GoFundMe အွန်လိုင်းရန်ပုံငွေပလက်ဖောင်းအဖွဲ့ကိုအကူအညီ တောင်းခံခဲ့ပါတယ်။ GoFundMe အွန်လိုင်းရန်ပုံငွေအဖွဲ့ရဲ့ကူညီမှုနဲ့ အမေရိကန်ဒေါ်လာ(၇၀၀၀)ကျော်ရရှိခဲ့ တာဖြစ်ပါတယ်။ ရရှိခဲ့တဲ့ပိုက်ဆံထဲက ဒေါ်လာ(၇၀၀၀)ကို Jackson ကိုပြန်လာပေးရင် ပေးမယ်လို့ကမ်းလှမ်းချက်ကို ကြေညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲမှ ပိုတဲ့ပိုက်ဆံတွေကို Rocket Dog ကယ်ဆယ်ရေးစခန်းကိုလှူဒါန်းမှာဖြစ်တယ်လို့ Talermo ကပြောပါတယ်။Jackson လေး(၅)နှစ်အရွယ်မှာ Los Angeles ကနေ ဆန်ဖရန်စ္စကို ကိုပြောင်းလာခဲ့တာ ဖြစ်တယ်လို့ Talermo ကပြောပါတယ်။

Thae

SHARE