ဘားမှာတွေ့ပြီး မြင်မြင်ချင်း ချစ်မိခဲ့သူကို (၂)နှစ်ကြာသည်ထိ မေ့မရလို့ ရှာပုံတော်ဖွင့်နေသူ

Instagram- @icing_on_the_kate

သူမနာမည်ကတော့ Kate Lefler ပါတဲ့။ အသက်ကတော့ ၂၃ နှစ်ရှိလို့နေပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက Kate တစ်ယောက် သူငယ်ချင်းတွေနဲ့ UK ကို လာလည်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလ တုန်းကပေါ့။

အဲဒီမှာ Kate ဟာ သူငယ်ချင်းတွေနဲ့ nightout ထွက်ရင် ဘားတစ်ခုကိုရောက်ခဲ့ပါတယ်တဲ့။ အဲဒီမှာပဲ Kate ရဲ့ သူငယ်ချင်းကောင်းမှုကြောင့် Mac နဲ့ Adam ဆိုတဲ့ နယ်ခံအမျိုးသားနှစ်ယောက်နဲ့ စတင်ခင်မင်ခဲ့ပါတယ်။ တစ်ညလုံး ဘားမှာလည်း အတူတူထိုင်၊ ညစာလည်း အတူတူစားကြရင်း အချိန်ကုန်ဆုံးခဲ့ကြပေမယ့် Kate နဲ့ Adam ဆိုတဲ့ အမျိုးသားရဲ့ စိတ်ထဲမှာတော့ မီးပွားလေးတစ်ခု စတင်ပေါက်ဖွားခဲ့ပါတယ်။

Instagram- @icing_on_the_kate

မြင်မြင်ချင်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားခဲ့ကြပြီး ချစ်မိတဲ့အထိ ဖြစ်ခဲ့တာပါတဲ့။ ဒါနဲ့ Kate တို့ တည်းတဲ့နေရာကို ပြန်တော့မယ်ဆိုတော့ Adam တို့ကပဲ လိုက်ပို့ပေးခဲ့ပြီးတော့ Kate ကို နှုတ်ဆက်အနမ်းပေးကာ နောက်ရက်တွေ့ဖို့လည်း ချိန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ နောက်တစ်ရက်ကျတော့ Kate တစ်ယောက် Adam ဆီကနေ ဘာဖုန်းမှ မရတဲ့အခါမှာတော့ သူ့ကို ပစ်သွားပြီ လျှော်သွားပြီလို့ပဲ ထင်လိုက်မိတယ်တဲ့။ တကယ်တော့ ဘားမှာ ဖုန်းနံပါတ်ပေးတုန်းက Kate တစ်ယောက် မှားပြီးပေးမိခဲ့တာပါ။

READ
အိမ်မွေးခွေးကိုက်လို့ ညာဘက်လက်တစ်ဖက်လုံး ဖြတ်တောက်ပစ်ခဲ့ရသည့် အမျိုးသား
Instagram- @icing_on_the_kate

ဒီလိုနဲ့ ခရီးကနေအိမ်ပြန်ရောက်လာပြီး ဒီကိစ္စကို မေ့ပျောက်အောင်နေနေခဲ့ပေမယ့် အခု ၂ နှစ်ကျော်ကြာတဲ့အထိ Adam ကို လုံးဝမမေ့နိုင်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် Kate ဟာ အခု Instagram account ဖွင့်ကာ Adam ကို ရှာဖို့အတွက် အားလုံးကို အကူအညီတောင်းနေတော့တယ်။

အသက် ၃၀ အရွယ်၊ နာမည်က Adam လို့ပဲ သိထားခဲ့ပြီး သူ့သူငယ်ချင်းကတော့ Mac လို့ သိခဲ့ပါတယ်တဲ့။ နောက် သူတို့တွေ့တဲ့ဘားကတော့ Wales မှာရှိနေတဲ့ Rust & Royal pub ပဲဖြစ်ပါတယ်။ နောက် Adam ဟာ တော်ဝင်ရေတပ်ထဲကဖြစ်လောက်တယ်လို့ ခန့်မှန်းမိပါတယ်။ ဒါကတော့ Adam နဲ့အတူတူ Rust & Royal pub ကို လာခဲ့တဲ့ သူငယ်ချင်း Mac ရဲ့ပုံပါ။

READ
ခင်ပွန်းသည်ရဲမှူးက အနိုင်ကျင့်လို့ အမှုဖွင့်တဲ့ဇနီး အမှုပြောင်းပြန်ဖြစ်ပြီး အဖမ်းခံရ
Instagram- @icing_on_the_kate

နှစ်နှစ်အတွင်းမှာ Adam အနေနဲ့ single ဖြစ်ချင်မှ ဖြစ်တော့မယ်ဆိုတာကိုလည်း Kate က နားလည်ပေမယ့် အကယ်၍လည်း အခွင့်အရေးရှိသေးရင်တော့ လက်လွှတ်အဆုံးရှုံးမခံနိုင်တော့တာကြောင့် အခုလို ရှာပုံတော်ဖွင့်ရခြင်းပဲဖြစ်ပါတယ်လို့ သူမရဲ့ Instagam မှာ ရေးထားပါတယ်။

နောက်ဆုံးတော့ Kate တစ်ယောက်ရှာနေတဲ့ Adam ကို ပြန်တွေ့ခဲ့ပါပြီတဲ့။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ Adam ဟာ ချစ်သူရှိသွားခဲ့ပါပြီ။ Kate ကတော့ အနည်းငယ်တော့ ခံစားခဲ့ရပမေယ့် Adam အတွက် ဝမ်းသာပြီး ပြန်ရှာတွေ့ဖို့ ဝိုင်း share ပေးကြတဲ့အင်တာနက်ကလူတွေကိုလည်း အရမ်းကျေးဇူးတင်တယ်လို့  ပြောခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

 

penny

 

SHARE