ထူးထူးဆန်းဆန်း ခင်ပွန်းသည်နဲ့ ဓာတ်မတည့်တဲ့ရောဂါ ခံစားနေရတဲ့ အမျိုးသမီး

Johanna Watkins လို့ အမည်ရတဲ့ အမျိုးသမီးဟာ သူမလက်ထပ်ပေါင်းသင်းနေတဲ့ ခင်ပွန်းသည် Scott နဲ့ ဓာတ်မတည့်တဲ့ ရောဂါကို ခံစားနေရပါတယ်။ ဒီရောဂါ ခံစားခဲ့ရတာကို သူမအနေနဲ့ ရိပ်မိသိရှိခြင်း မရှိပါဘူး။ သူမ အနေနဲ့လည်း ယ
ခင်က ခင်ပွန်းသည်နဲ့ ဘာလို့ အချိန်ကြာကြာ တစ်နေရာတည်းမှာ အတူမနေနိုင်ခဲ့တာလည်းဆိုတာ မသိခဲ့ရပါဘူး။

တကယ်တော့ Johanna ဟာ အရာရာတိုင်းနဲ့ ဓာတ်မတည့်တဲ့ရောဂါကို ခံစားနေရပြီး အခန်းထဲမှာ Scott အသုံးပြုတဲ့ အရာဝတ္ထုတွေရှိနေခဲ့တယ်ဆိုရင်လည်း ရောဂါလက္ခဏာ ပြလေ့ရှိပါတယ်။ အဓိပ္ပါယ်ကတော့ Scott အပါအ၀င် သူရဲ့ အသုံးအဆောင်တွေ မရှိတဲ့ အခန်းမျိုးမှာ သူမအတွက် အဆင်ပြေတဲ့ သဘောပါ။

ဒါကြောင့် Johanna ဟာ အခြားစုံတွဲတွေလို နမ်းခြင်း၊ အချိန်ကြာကြီး အတူနေထိုင်ခြင်း မပြုနိုင်ကြပါဘူး။ သုံးထပ်ရှိတဲ့ အဆောက်ဦထဲမှာ သီခြားဆီထိုင်ပြီး စကားလှမ်းပြောခြင်းနဲ့၊ တီဗွီအစီအစဉ်တစ်ခုခုကို အတူတူ တိုက်ဆိုင်ကြည့်ခြင်းဟာ သူတို့ လင်မယားနှစ်ယောက်အတွက် Normal Date လို့ ဆိုပါတယ်။

READ
တက္ကသိုလ်ကျောင်းပုံစံတည်ဆောက်ထားတဲ့ ဒိန်းမတ်က အကျဉ်းထောင်သစ်

Johanna နဲ့ ခင်ပွန်းသည်တို့ဟာ 2013 ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အဲဒီမတိုင်ခင်တုန်းက အတူတူ တောင်တက်ခရီးတစ်ခု အတူတူ သွားရောက်ခဲ့ကြပါတယ်။ Johanna ဟာ အင်ပြင်ကဲ့သို့ အဖုအပိန့်တွေ ထွက်ပေါ်လာပြီး ၀မ်းဗိုက်ထိုးအောင့်လာခဲ့ပြီး ဦးခေါင်းလည်း အတင်းကိုက်ခဲ့ခဲ့လို့ ခရီးစဉ်ကို ဖြတ်သိမ်းခဲ့ရပါတယ်။

Scott ရဲ့ ပြန်ပြောပြချက်အရ သူနဲ့ ဇနီးသည်ဟာ မျက်နှာချင်းဆိုင် စကားပြောတဲ့အခါတိုင်း သူမဟာ ချောင်းခဏခဏ
ဆိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဇနီးသည်ရဲ့ အခြေအနေကို သွားရောက်စမ်းသပ်တဲ့ အခါမှာ Mas Cell Activation Syndrome (MCAS) ဆိုတဲ့ ရောဂါဆန်းကို ခံစားနေရပြီး အရာဝတ္ထုတော်တော်များများနဲ့ ဓာတ်မတည့်ပါဘူးတဲ့။ ရောဂါကုထုံးတွေကလည်း အခုထက်ထိတော့ ထိရောက်မှု မရှိသေးပါဘူးတဲ့။

READ
အသက်(၈၀)ကျော်အဖိုးအိုဟန်ဆောင်ပြီး အမေရိကန်နိုင်ငံထဲကိုခိုးဝင်ဖို့ကြိုးစားတဲ့ အမျိုးသား

လောလောဆယ်တော့ Johanna ရဲ့ အခန်းထဲကို သူမရဲ့ မွေးချင်းတွေကိုသာ ၀င်ခွင့်ပြုတယ်လို့ သိရပါတယ်။ Scott ဟာ အချိန်ပြည့်ဆရာတစ်ဦးဖြစ်ပြီး၊ သူကိုယ်တိုင် ဇနီးသည်အတွက် အစားအစာချက်ပြုတ်ခြင်းနဲ့ အခြားဝေယျာဝစ္စတွေ
စောင်ရွက်ပေးနေပါတယ်။ ဒီလို အခြေအနေကိုလည်း သူ့အနေနဲ့ စိတ်မပျက်ဘဲ၊ ရောဂါသက်သာပျောက်ကင်းတဲ့နေ့အထိ စောင့်မယ်လို့ Scott က ဆိုခဲ့ပါတယ်။

လင်းဇော်ကို (Shwemom)

source : metro.co.uk

SHARE