ကလေးကစားကွင်းထဲမှာ အ၀တ်ဗလာနဲ့ဓာတ်ပုံရိုက်ခဲ့တဲ့မိန်းကလေး ထောင်ကျသွား

WeiXin

တရုတ်နိုင်ငံ၊ ဂေါင်ဇီမြို့ထဲက ကလေးကစားကွင်းတစ်ခုမှာ အ၀တ်ဗလာနဲ့ ဓာတ်ပုံအရိုက်ခံခဲ့တဲ့ မိန်းကလေးတစ်ဦးကတော့ ထောင်(၅)ရက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

အများပြည်သူအပန်းဖြေတဲ့နေရာတွေမှာ တခြားသူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ရဘူးဆိုတာ ဘယ်သူမဆို သိထားကြပေမယ့်လည်း တချို့လူတွေကတော့ ဆန်းဆန်းပြားပြားလေးတွေမှ လုပ်ချင်ကြပုံပါ။

ဇန်း လို့ခေါ်တဲ့မိန်းကလေးဟာ သူမရဲ့ အ၀တ်ဗလာဓာတ်ပုံတွေကို ရိုက်ကူးဖို့အတွက် ဓာတ်ပုံဆရာတစ်ယောက်ကို ငှားရမ်းခဲ့ပြီး ညအချိန်မှာ ကလေးကစားကွင်းတစ်ခုဆီ သွားရောက် ရိုက်ကူးခဲ့တာပါ။

WeiXin

ဒါပေမယ့် အဲဒီအချိန်က အပန်းဖြေသူတွေ ရှိနေကြတဲ့အချိန်ဖြစ်ပြီး ဒီမိန်းကလေးရဲ့ လုပ်ရပ်ကို တချို့တွေက သတိထားမိသွားကြပါတယ်။

ဒါဟာ တရုတ်နိုင်ငံရဲ့ လူမြင်ကွင်းမှာ အ၀တ်ဗလာနဲ့ အရှက်မဲ့စွာမနေရဘူးဆိုတဲ့ သတိပေးမှုကို ချိုးဖောက်လိုက်တာပါပဲ။

တရုတ်နိုင်ငံရဲ့ကမ်းခြေအချို့မှာ နိုင်ငံခြားခရီးသွားအမျိုးသမီးတွေ အ၀တ်ဗလာနဲ့ အပန်းဖြေနေမှုတွေကြောင့် တရုတ်နိုင်ငံဟာ လူမြင်ကွင်းမှာ အ၀တ်ဗလာမနေဖို့ သတိပေးမှုတွေပြုလုပ်ထားပြီး သေးငယ်တဲ့အရေးယူမှုတွေ ဆောင်ရွက်နေတာပါ။

READ
လူတွေကြောက်သွားဖို့အတွက် ခွေးတစ်ကောင်ကို မိကျောင်းယောင်ဆောင်ခိုင်းလိုက်သောအခါ

ဇန်း ကတော့ ဒီအချက်ကို ဂရုစိုက်ပုံမပေါ်ပါဘူး။

WeiXin

တကယ်တမ်းအဖမ်းခံရချိန်မှာတော့ ဇန်း ရော သူမရဲ့ ဓာတ်ပုံဆရာပါ ပါဝင်ခဲ့ပြီး နှစ်ယောက်စလုံးဟာ ထောင်ထဲမှာ (၅)ရက်စီ နေခဲ့ရတာပါ။

ဇန်း ကတော့ သူမရဲ့ငယ်ဘ၀အလှအပတွေကို မှတ်တမ်းတင်ထားချင်တာကြောင့် အခုလို လုပ်ခဲ့တာဖြစ်တယ်လို့ ရဲတွေကို ထွက်ဆိုထားခဲ့ပြီး ရဲတပ်ဖွဲ့ကတော့ အများပြည်သူကို အနှောင့်အယှက်ပေးမှု၊ အ၀တ်ဗလာနဲ့လူမြင်ကွင်းမှာ ရှိနေမှုတို့အတွက် သတိပေးမှုတွေပြုလုပ်ခဲ့ပြီး အချုပ်ခန်းထဲမှာ (၅)ရက်အထိ နေစေခဲ့တာပါ။

Linn

SHARE