အရင်ကတည်းကိုက အနောက်နိုင်ငံတွေနဲ့ယှဉ်ရင် အာရှနိုင်ငံတွေမှာက နေထိုင်စရိတ်ပိုပြီး သက်သာတတ်ကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ ဒီအမှန်တရားကို ထုတ်ဖော်ပြောခဲ့တဲ့ အမျိုးသမီးငယ်လေးကတော့ သူမနေနေတဲ့ နိုင်ငံကနေပြီးတော့ အမေရိကကို ပြန်ဖို့ နှင်ထုတ်ခံခဲ့ရပါတယ်တဲ့လေ။ ဖြစ်ပုံကတော့ဒီလိုပါ။
သူမနာမည်ကတော့ Kristen Gray ပါ။ Influencer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ထဲမှာပဲ သူရေးတင်ထားတဲ့ ပိုစ့်တစ်ခုဟာ တော်တော်လးကို ပေါက်သွားခဲ့ရင်းနဲ့မှ လူလည်း ပိုသိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပိုစ့်ကြောင့်ပဲ Kristen ဟာ သူနေထိုင်နေတဲ့ ဘာလီကျွန်းကနေပြီးတော့ နှင်ထုတ်ခံခဲ့ရတာပါ။
Kristen အနေနဲ့ ၂၀၁၉ ခုနှစ်အကုန်လောက်ကတည်းကိုက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။ Kristen ဟာ graphic designer တစ်ယောက်ဖြစ်တဲ့အတွက် ဘယ်နေရာမှာပဲဖြစ်ဖြစ် အလုပ်လုပ်လို့ရနိုင်တဲ့အနေအထားမျိုးပါ။ ဒါကြောင့် Kristen ဟာ ခရီးတွေလည်းထွက်ရင်း အလုပ်ကိုလည်း တစ်ဖက်မှာ လုပ်နေခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းကတော့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့အတူတူ ဘာလီကိုထွက်လာရင်းနဲ့ ၆ လလောက်နေမယ်ဆိုပြီးတော့ အစီအစဉ်ဆွဲထားခဲ့တာပါ။ ဒါပေမဲ့ ကိုဗစ်နဲ့တိုက်ဆိုင်သွားခဲ့တာကြောင့် ဘာလီကျွန်းမှာသောင်တင်နေခဲ့ပါတယ်။ အဲဒီမှာစပြီး ဘာလီမှာပဲနေနေခဲ့ကြတာ အခုဆိုရင် ၁ နှစ်တောင် ကျော်သွားခဲ့ပါပြီတဲ့။ အရင် LA မှာတုန်းကဆိုရင် အခန်းကျဉ်းစတူဒီယိုလေးငှားဖို့အတွက် တစ်လကို ဒေါ်လာ ၁၃၀၀ တောင်ပေးရပေမယ့်လို့ အခု ဘာလီမှာတစ်လကို ဒေါ်လာ ၄၀၀ နဲ့အိမ်အကြီးကြီးတောင် ငှားပြီးနေနေနိုင်ပါပြီတဲ့လေ။


နောက်ပြီး ဘာလီကျွန်းဟာ နိုင်ငံခြားသားတွေအတွက် လုံလည်လုံခြုံတယ်၊ လူနေထိုင်အတွက်ကိုလည်း ဈေးသက်သက်သာသာနဲ့ အပြန်စားနေထိုင်နိုင်တယ်၊ သူတို့လိုမျိုး လိင်တူချစ်သူတွေကိုလည်း ခွဲခြားဆက်ဆံမှုတွေမရှိတဲ့အတွက် အကောင်းဆုံးကျွန်းလေးပါပဲဆိုပြီး ပြောခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ Kristen ဟာ ဘာလီမှာ ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ နေနည်းလမ်းညွှန်စာအုပ်တွေကိုပါ အွန်လိုင်းကတစ်ဆင့် ရောင်းချေနေခဲ့တာပါ။
ဒီ ပိုစ့်တွေကြောင့် ဘာလီကသက်ဆိုင်သူလူကြီးတွေဟာ Kristen ကို သတိထားမိသွားခဲ့ပြီးတော့ တရားစွဲဆိုခဲ့ပါတယ်။ အကြောင်းကတော့ ဘာလီမှာ အလည်ပတ်ဗီဇာနဲ့လာပြီးတော့ ဝင်ငွေရှာနေတာကတစ်ကြောင်းရယ်၊ နောက် George Floyd ဆုံးပါးသွားမှုနဲ့ လူမည်းနိုင်ငံခြားသားတွေပဲစုပြီးတော့ ဝမ်းနည်းခြင်းအထိန်းအမှတ်အနေနဲ့ အုပ်စုလိုက်ကြီး စားကြသောက်ကြပါသေးတယ်။ ကိုဗစ်ကာလကြီးအတွင်းမှာပါ။


ဒီသက်သေတွေကြောင့်ပဲ Kristen နဲ့ သူ့ရဲ့ချစ်သူမိန်းကလေးကို ဘာလီကျွန်းကနေပြီးတော့ ချက်ချင်းပဲ LA ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ Kristen ကတော့ သူမှန်တဲ့အတွက် ဘယ်သူ့ကိုမှမကြောက်ပါဘူးတဲ့လေ။ ဒါပေမဲ့ နိုင်ငံက နှင်နေပြီဆိုတော့လည်း ပြန်သွားရတော့မှာပေါ့လေတဲ့။ Kristen ပြောခဲ့တဲ့ အကြောင်းရင်းတစ်ခုကတော့ သူမဟာ လိင်တူချစ်သူဖြစ်နေတဲ့အတွက်ကြောင့် နှင်ထုတ်ခံခဲ့ရတာပါတဲ့။

View this post on Instagram
penny