မျက်စဉ်းကို သုံးပြီး ခင်ပွန်းဖြစ်သူကို သတ်တဲ့အမျိုးသမီး ထောင်(၂၅)နှစ်ကျ

Twitter

အမေရိကန်နိုင်ငံ၊ တောင်ကာရိုလိုင်းနားမှာ နေထိုင်တဲ့ လာနာ ဆူး ကလေတန် ဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖြစ်သူကို မျက်စဉ်းဆေးရည်ကို သုံးပြီး သတ်ခဲ့တဲ့အတွက် ထောင် (၂၅)နှစ် ချမှတ်ခြင်းခံလိုက်ရပါပြီ။

ဒီအဖြစ်အပျက်ဟာ (၂၀၁၈)ခုနှစ် ၊ သြဂုတ်လမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတွေနဲ့ တာဝန်ရှိသူတွေဟာ ဒီလူသတ်မှုကို အဖြေမှန်ပေါ်ဖို့ တော်တော်လေး ကြိုးစားခဲ့ရတာပါ။

နောက်ဆုံးမှာတော့ လာနာ က သူမ သတ်ခဲ့တဲ့အကြောင်း ၀န်ခံလိုက်တာကြောင့် အခုလို အပြစ်ပေးနိုင်ခဲ့တာပါ။

လာနာ ဟာ ခင်ပွန်းသည်ဆီက ပိုက်ဆံလိုချင်တာကြောင့် ဒီလိုမျိုး သတ်ခဲ့တာဖြစ်နိုင်တယ်လို့ ကောက်ချက်ချမှုတွေ ရှိနေခဲ့ပေမယ့်လည်း ဘာကြောင့် သတ်ခဲ့ရသလဲဆိုတာကတော့ အခုအချိန်အထိ အဖြေမရှိသေးပါဘူး။

READ
နိုင်ငံပေါ်မူတည်ပြီး အဓိပ္ပာယ်တွေကွာခြားသွားတဲ့ ထင်ခြားတဲ့လက်သင်္ကေတများ

လာနာ ဟာ ဒီလိုမျိုး လူသတ်မှုကို ကျူးလွန်ဖို့အတွက်ရုပ်ရှင်ကား တစ်ကားဆီကနေ စိတ်ကူးရခဲ့တာဖြစ်ပြီး သူမ ခင်ပွန်းသောက်တဲ့ ဖျော်ရည်ထဲကို မျက်စဉ်းဆေးရည်တော်တော်များများ ထည့်ခဲ့တာပါ။

သူနာပြု တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ လာနာ ဟာ ဆေးပညာနဲ့ပတ်သက်ရင် တီးမိခေါက်မိရှိခဲ့တာကြောင့် ဒီဆေးရည်ရဲ့ အာနိသင်ဟာ လူကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သိထားခဲ့ပါတယ်။

ဒါပေမယ့်လည်း လာနာ ရဲ့ ထွက်ဆိုချက်ထဲမှာတော့ လာနာ ဟာ သူမရဲ့ အသက် (၆၄)နှစ်အရွယ် ခင်ပွန်းဖြစ်သူကို သေစေဖို့ အထိ မရည်ရွယ်ပဲ ၀မ်းလျှောရုံလောက်သာ စမ်းကြည့်ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါပေမယ့်လည်း အဲဒီ မျက်စဉ်းတွေပါတဲ့ အရည်ကို သောက်ပြီး ခင်ပွန်းဖြစ်သူ သေလုနီးနီးဖြစ်နေချိန်မှာ အကူအညီတောင်းခံခြင်း မပြုနိုင်ဖို့ လာနာ ဟာ ခင်ပွန်းသည်ရဲ့ဖုန်းကို အိမ်အနီးမှာရှိတဲ့ ရေကန်ထဲ လွှင့်ပစ်ခဲ့ကြောင်း ရဲတွေက ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။

READ
2019 Miss Universe Thailand ကို ကပြားအလှမယ်က ဆွတ်ခူး

အဲဒါကြောင့်ပဲ လာနာ ဟာ လူသတ်မှုနဲ့ စွဲချက်အတင်ခံခဲ့ရပြီး သူမရဲ့ ဘ၀သက်တမ်းကို ထောင်ထဲမှာ ကုန်ဆုံးရမလို ဖြစ်သွားခဲ့တာပါ။

လာနာ တစ်ယောက် ရဲတပ်ဖွဲ့ကို ပြောပြချက်ထဲမှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူဟာ သူမကို အနိုင်ကျင့်၊ ရိုက်နှက်တာကြောင့် ဒီလို လုပ်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ပါရှိခဲ့ပြီး သူ့ကို သတ်ဖို့အထိတော့ ရည်ရွယ်ချက် မရှိခဲ့ဘူးလို့ ပါရှိပါတယ်။

Linn

 

SHARE