နှစ် ၃၀ ကြာမှ (၁၃)ဒေါ်လာတန်စိန်လက်စွပ်ရဲ့အဖြစ်မှန်ကို သိခဲ့ရတဲ့အမျိုးသမီး

shutterstock/By Marben

စိန်တွေကို တိုင်းတာတဲ့ စံနှုန်း (၄)ခုမှာ စိန်သွေးထားပုံ၊ ကြည်လင်မှု၊ အလေးချိန်နဲ့ အရောင်တို့ဖြစ်ပါတယ်။ နောက်တစ်ခု ထပ်ထည့်လို့ရမယ်ဆိုရင်တော့ ကုန်ကျစရိတ်ဖြစ်နိုင်ပါတယ်။ လန်ဒန်က အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့အနှစ် (၃၀)တုန်းက (၁၃)ဒေါ်လာတည်းနဲ့ လက်စွပ်တစ်ကွင်းကို ဝယ်ခဲ့ပြီး ၎င်းရင်းနှီးမြှုပ်နှံမှုဟာ အဆပေါင်းများစွာ ပြန်ရလိမ့်မယ်လို့ တွေးထားမှာ မဟုတ်ခဲ့ပါဘူး။

shutterstock/By Kwangmoozaa

(၁၉၈၀)ခုနှစ်ဝန်းကျင်တုန်းက လန်ဒန်မှ အမျိုးသမီးတစ်ဦးဟာ West Middlesex ဆေးရုံရှိ ဆိုင်တစ်ဆိုင်မှာ တန်ဖိုးနည်း ရတနာတစ်မျိုးတွေ့သွားပြီး အလွန်နှစ်သက်သွားခဲ့ပါတယ်။ လက်စွပ်ပုံစံက ခေတ်သိပ်မဆန်းပေမယ့် သူမကတော့ အလွန်ကြိုက်ပြီး သွားလေရာ ဝတ်သွားလေ့ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ ၎င်းအမည်မဖော်လိုသူအမျိုးသမီးက သူမရဲ့ လက်စွပ်အကြောင်းကို သိချင်လာပြီး နီးစပ်ရာရတနာဆိုင်တစ်ဆိုင်ကို သွားမေးခဲ့ပါတယ်။

သူမ သိလိုက်ရတဲ့အကြောင်းအရာကတော့ အကုန်လုံးကို လန့်သွားစေခဲ့ပါတယ်။ လက်စွပ်က ရတနာဟာ (၂၆)ကာရက်ရှိတဲ့ စိန်အစစ်ဖြစ်နေခဲ့ပြီး အမေရိကန်ဒေါ်လာ (၄၅၆,၀၀၀) တန်ဖိုးရှိပါတယ်။ အနှစ် (၃၀)ကျော်လုံး သူမဟာ ဒေါ်လာသန်းတစ်ဝက်တန်ဖိုးရှိ ရတနာကို ဝတ်ဆင်ပြီး လျှောက်သွားနေခဲ့တာပါ။ Sotheby’s လန်ဒန်ရတနာဌာနရဲ့ ဥက္ကဌ Jessica Wyndham ဆီသို့ လက်စွပ်ကို ထပ်ယူသွားပြခဲ့ရာ တန်ဖိုးကြီးရတနာတွေဟာ အလှဝတ်ရတနာတွေနဲ့ မှားနိုင်ကြောင်းပြောပြခဲ့ပါတယ်။

READ
မကောင်းဆိုးဝါးပူးအောင်းနေသည်ဟုထင်ပြီး သမီးကိုသတ်ပစ်ခဲ့သည့်မိခင်
shutterstock/By Aleona

လက်စွပ်က စိန်ဟာ လေးထောင့်ပုံဖြစ်ပြီး (၁၉)ရာစုဒီဇိုင်းပုံဖြစ်ပါတယ်။ သက်တမ်းကြာပြီလို့ယူဆရတဲ့အတွက် စိန်အရောင်ဟာ မှေးမှိန်နေပြီဖြစ်ပြီး ဒိတ်အောက်တဲ့ပုံမျိုးဖြစ်နေခဲ့တာပါ။ လူတွေဟာ စိန်အရောင်ဘယ်လောက်တောက်လဲဆိုတာကိုသာ ကြည့်တတ်ကြပေမယ့် နှစ်တွေကြာလာရင် တကယ့်အရောင်ကို ဖုံးပြီး မှေးမှိန်နေတတ်ကြောင်း Wyndham ကရှင်းပြခဲ့ပါတယ်။

အမေရိကန်ကျောက်မျက်သိပ္ပံတက္ကသိုလ်ရဲ့ အတည်ပြုချက်အရ ၎င်းအမျိုးသမီးရဲ့ လက်စွပ်ပေါက်ဈေးဟာ ကန်ဒေါ်လာ (၃၂၅,၀၀၀)မှ (၄၅၆,၀၀၀)အထိရှိနေခဲ့ပြီး (၂၀၁၇)ခုနှစ်မှာတော့ သူမရဲ့ လက်စွပ်ကို ရောင်းချခဲ့ပါတယ်။ သင်လည်း သင့် ဖန်စီဘူးရတနာဘူးတွေကို ရှင်းတဲ့အခါ သေချာကြည့်ဦးနော်။ ဈေးပေါတာလေးတွေက သင့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တာမျိုးလည်း ရှိနိုင်တာကြောင့်ပါ။

White (Shwemom)

Ref: Liftable

SHARE