အသည်းစွဲမင်းသားအတွက် သေလွန်ချိန်မှာပိုင်ဆိုင်သမျှတွေပေးသွားတဲ့အမျိုးသမီးကြီး

Twitter / TVandFilmStars

ဒီဖြစ်ရပ်က (၁၉၉၇)ခုနှစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အက်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ မင်းသားကြီး ချားလက်စ် ဘရွန်ဆန် နဲ့ သူ့ရဲ့ပရိသတ်တစ်ဦးအကြောင်းပါ။

ဆယ်စုနှစ် (၅)ခုလောက် ဟောလိဝုဒ်မှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီးမှာ ပရိသတ်အခိုင်အမာ ရှိထားတယ်ဆိုပေမယ့်လည်း ဒီပရိသတ်တစ်ယောက်ကိုတော့ ဘယ်သူမှ မှီမှာမဟုတ်ပါဘူး။ သူမကတော့ အော်ဒရေး ဆိုသူ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဘရွန်ဆန် ကို အပြင်မှာ မမြင်ဖူးပေမယ့်လည်း သူ့ရဲ့ဇာတ်ကားတိုင်းကို ကြည့်ဖူးသူ ပရိသတ်တစ်ယောက်ပါ။

ဘရွန်ဆန်ရဲ့ ထွက်ပြီးသမျှ ရုပ်ရှင်ကား (၁၀၀) နီးပါးကို အော်ဒရေး က အသေးစိတ်မှတ်မိနေပြီး သူမနဲ့ အသက် (၂၂)နှစ်ကွာတဲ့ ဘရွန်ဆန် ဟာ သူမရဲ့ စိတ်ကူးယဉ်ပုံရိပ်တစ်ခု ဖြစ်လို့နေခဲ့ပါတယ်။

ပြဿနာက အော်ဒရေး တစ်ယောက် ကွယ်လွန်တော့မယ့် အသက် (၅၅)နှစ်အရွယ်မှာ စခဲ့တာပါ။

အော်ဒရေး က သူမ ကျန်းမာရေးမကောင်းဖြစ်နေတဲ့အချိန်တွေမှာ ရှေ့နေနဲ့တိုင်ပင်ပြီး သေတမ်းစာ တစ်စောင်ရေးခဲ့ပါတယ်။ အဲဒီသေတမ်းစာထဲမှာ ဖော်ပြထားတာကတော့ သူမ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာတွေကို မင်းသားကြီး ဘရွန်ဆန် ဆီ ပေးခဲ့ဖို့ပါ။

အဲဒီအချိန်မှာ ဘရွန်ဆန် က အသက် (၇၇)နှစ် ရှိနေခဲ့ပြီဖြစ်ပြီး ရုပ်ရှင်လောက ကနေလည်း အနားယူသွားခဲ့ပါပြီ။

အော်ဒရေး က ဒီအကြောင်းကို သူမရဲ့ ဆွေမျိုးတွေကိုလည်း ပြောပြခဲ့ပြီး အော်ဒရေးရဲ့ညီမက သူ့ရဲ့အစ်မဟာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အမွေတွေကို ရဖို့ တရားရင်ဆိုင်ပါတော့တယ်။

READ
အသံပေးနေတာကို မသိကျိုးကျွန်ပြုခဲ့လို့ အဓမ္မကျင့်ပြီးအသတ်ခံခဲ့ရတဲ့မိန်းကလေး

ညီမဖြစ်သူရဲ့ လျှောက်တင်ချက်မှာတော့ ဒီအမွေတွေဟာ မိသားစုဝင်တွေပဲ ရသင့်တဲ့ပိုက်ဆံတွေဖြစ်ပြီး တစ်ခါမှ အပြင်မှာ မမြင်ဖူးသူတစ်ယောက်ကို ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။

အော်ဒရေးရဲ့ ပိုင်ဆိုင်မှု စုစုပေါင်းဟာ ဒေါ်လာ (၃၀၀၀၀၀)လောက်ရှိတာမို့အဲဒီအချိန်တုန်းက တော်တော်လေးများပြားတဲ့ ပမာဏ ဖြစ်နေပြီး တစ်သက်လုံး ဘာမှမလုပ်ပဲ ထိုင်စားလို့ရတဲ့အနေအထားပါ။

အဲဒီနောက်မှာတော့ ဒီဖြစ်ရပ်ကို သတင်းစာတွေ သိသွားခဲ့ပြီး ခေါင်းကြီးပိုင်းသတင်းတစ်ပုဒ်အဖြစ် ဖော်ပြခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ တရားရုံးက အော်ဒရေး ရဲ့ ပိုင်ဆိုင်မှုတွေကို မင်းသားကြီး ဘရွန်ဆန် ပဲ ရသင့်တယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ပိုင်ဆိုင်သမျှတွေကို လွှဲပြောင်းပေးစေခဲ့တာပါ။

READ
ဖောက်ပြန်မှုတော်တော်များများကို ဖော်ထုတ်ပေးနေခဲ့တဲ့ နှလုံးခုန်သံတိုင်းအားကစားလက်ပတ်

ဘရွန်ဆန် ကလည်း အဲဒီ ပစ္စည်းတွေနဲ့ငွေကြေးတွေကို ပရဟိတအဖွဲ့အစည်းတစ်ခုဆီ အားလုံးလှူဒါန်းလိုက်ကြောင်း သတင်းစာတွေဆီ အသိပေးသွားခဲ့ပြီး ဒါဟာ အော်ဒရေး ကို လေးစားကြောင်း ပြလိုက်တာပါပဲလို့ ပြောပြသွားခဲ့ပါတယ်။

အဲဒီနောက် (၄)နှစ်အကြာမှာ ဘရွန်ဆန် တစ်ယောက်လည်း ကွယ်လွန်သွားခဲ့တာပါ။

ဒီအဖြစ်အပျက်က အမေရိကန်မှာ နာမည်ကြီးသတင်းတစ်ခု ဖြစ်ခဲ့ပြီး အပြင်မှာ တစ်ခါမှ မမြင်ဖူးတဲ့ မင်းသားတစ်ယောက်ကို ဇာတ်ကားတွေ သဘောကျရုံနဲ့ ပိုင်ဆိုင်မှုတွေ အကုန်ပေးဖို့ ဆုံးဖြတ်ခဲ့တာ လက်တွေ့ရောကျရဲ့လားလို့ မေးခွန်းထုတ်စရာတွေ ချန်ထားရစ်ခဲ့လေရဲ့…။

Linn

SHARE