၁၄၀ စတုရန်းပေသာကျယ်တဲ့အိမ်လေးထဲနေရတာ ဘာနဲ့မှလဲလို့မရဘူးဆိုတဲ့အမျိုးသမီး

Houzz

စိတ်ကူးယာဉ်ဖူးတဲ့အိပ်မက်ထဲက အိမ်လေးတစ်လုံးတော့ ကိုယ်စီရှိကြမှာပါ။ ခြံဝန်းအကျယ်ကြီး ဒါမှမဟုတ် အမြင့်ဆုံးအထပ်မှာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းကိုမြင်ရတဲ့အိမ် စသည်ဖြင့်ပေါ့။ အများစုရဲ့ အိပ်မက်ထဲကအိမ်တွေကတော့ ဇိမ်ခံပစ္စည်းတွေပြည့်နှက်နေပြီး ရေကူးကန်တွေ၊ အိမ်တွင်းရုပ်ရှင်ရုံတွေ၊ မီးဆိုင်းလှလှကြီးတွေနဲ့ ခံညားလှတဲ့လှေကြီးပါရှိတဲ့ အိမ်အကျယ်အကြီးကြီးတွေပဲ ဖြစ်ပါတယ်။

လူတစ်ကိုယ်အကြိုက်တစ်မျိုးစီဆိုသလို တချို့ကျပြန်တော့လည်း အပေါ်ကလို အိမ်အကြီးကြီးတွေထက်စာရင် သေသေသပ်သပ်၊ သန့်သန့်ရှင်းရှင်းနေရတာကြိုက်ပြီး အိမ်ထဲကပရိဘောဂတွေကို လိုအပ်သလိုအမျိုးမျိုးအသုံးပြုနိုင်အောင် တစ်ခါတည်းထည့်သွင်းတည်ဆောက်ထားတဲ့ အိမ်ဆန်းဆန်းလေးတွေကို သဘောကျကြပါတယ်။ နောက်ပြီး ဇိမ်ခံပရိဘောဂတွေအစား သဘာဝနဲ့နီးနီးကပ်ကပ်ရှိနေပြီး အရိုးရှင်းဆုံးနေထိုင်လိုသူတွေလည်း ရှိနေပါတယ်။

Houzz
Houzz

Vina Lustado ရဲ့ စိတ်ကူးထဲကအိမ်ဟာလည်း ထိုနည်းတူစွာပါပဲ။ သူမဟာ ဖိလစ်ပိုင်မှာ မွေးချင်း (၈) ယောက်နဲ့အတူ ခက်ခက်ခဲခဲ ကြီးပြင်းလာရသူဖြစ်ပါတယ်။ မိသားစုဝင်များတဲ့အတွက် ငယ်စဉ်ကတည်းက အရာရာကို လောက်ငအောင်နေထိုင်ဖို့ သင်ယူထားခဲ့ပြီး ဖြစ်နေတဲ့အခြေအနေမှာ ကိုယ့်အနေအထားကိုယ်ကို တင်းတိမ်ရောင့်ရဲနိုင်စွမ်းလည်း ငယ်ငယ်ကတည်းက ရှိခဲ့ပါတယ်။

Houzz

ဘဝတက်လမ်းအတွက် အမေရိကကို ပြောင်းလာတဲ့အချိန်မှာလည်း ငယ်ငယ်က မိဘတွေ သင်ကြားပေးထားတဲ့အတိုင်း ဆက်လက်ပြီး ဘဝကို တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်း နေထိုင်နေခဲ့ပါတယ်။ အလုပ်အကိုင် အခြေတကျဖြစ်ပြီးနောက်ပိုင်းမှာတော့ လူတိုင်းမှာရှိတတ်ကြတဲ့ အိပ်မက်တစ်ခုကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါကတော့ ကိုယ်ပိုင်အိမ်လေးတစ်လုံးပိုင်ဆိုင်ဖို့ပါပဲ။ ဒါပေမဲ့ Vina ဟာ သူများတွေလိုမျိုး အိမ်ခြံမြေကနေတစ်ဆင့် ဆောက်ပြီးသားအိမ်ကိုအဆင်သင့်နေထိုင်ဖို့ ဝယ်ယူခဲ့တာမဟုတ်ပါဘူး။ ကိုယ်တိုင်ဆောက်ခဲ့တာပါ။

READ
အိမ်ခြေယာမဲ့ဘ၀မှ မီလျံနာတစ်ဦးဖြစ်လာသူ တစ်ဦးရဲ့ဘ၀အကြောင်း တစ်စေ့တစောင်း
Houzz

သူမရဲ့ ချစ်သူ Cliff Hultgren နဲ့ ကျွမ်းကျင်လက်သမားဆရာ Kris McCourtney တို့မှ Vina ရဲ့အိမ်ကို ဦးဆောင်ဆောက်လုပ်ပေးခဲ့ပါတယ်။ အိမ်တစ်လုံးလုံးကိုစိတ်ကူးပုံဖော်သူကတော့ Vina ကိုယ်တိုင်ပဲဖြစ်ပါတယ်။ Vina က သူမရဲ့အိမ်လေးကို ရှေးခေတ်ဆန်ဆန်အငွေ့အသက်လေးမျိုးပါစေချင်ပြီး သွားလေရာလည်းသယ်သွားလို့ရတဲ့ mobile house လိုမျိုးလေးဖြစ်စေချင်ခဲ့တာပါ။ နောက်ပြီး အိမ်ရဲ့အကျယ်ကိုလည်း သေးနိုင်သလောက်သေးပြီး ကျဉ်းစေခဲ့ပါတယ်။

Houzz

စတုရန်းပေ (၁၄၀) သာရှိတဲ့အတွက် Vina ရဲ့ အိမ်လေးဟာ သူများတွေရဲ့ ရေချိုးခန်းတစ်ခန်းစာလောက်ပဲရှိတာပါ။ ဒါကြောင့် သူမရဲ့အိမ်မှာ ဘာအခန်းမှ ဖွဲ့ထားခြင်းမရှိဘဲ မီးဖိုချောင်၊ ဧည့်ခန်းနဲ့ ရုံးခန်းတို့ဟာ တစ်ဆက်တည်းရှိနေကြပါတယ်။ ဒါတောင် အိမ်ရဲ့မီးဖိုချောင်ဟာ သူမငှားနေဖူးတဲ့အဆောင်တွေအားလုံးရဲ့ မီးဖိုချောင်ထက်အများကြီးကျယ်တယ်ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ပြောခဲ့ပါသေးတယ်။ ဘေစင်ကထွက်တဲ့ အသုံးပြုပြီးသားရေတွေကိုစွန့်ပစ်တဲ့အခါမှာလည်း အလဟသတ်မဖြစ်ရလေအောင် အသုံးချခဲ့ပါတယ်။ သူမပြောင်းလာခါစတုန်းက ခြံထဲမှာရှိတဲ့ သေခါနီးဂရိတ်ဖရုပင်လေးရှိရာကို မြေအောက်မှတစ်ဆင့် ရေပိုက်လိုင်းသွယ်ထားတဲ့အတွက် အခုဆိုရင် အသီးတွေတောင် ပြွတ်ခဲပြီးပြန်ရှင်သန်လာတယ်လို့ Vina ကပြောပါသေးတယ်။

READ
ပလပ်စတစ်ဗူးခွံများကို လှပသောအသုံးအဆောင်များအဖြစ်ပြောင်းလဲနည်းများ
Houzz
Houzz

Vina ရဲ့ အိမ်သေးသေးလေးမှာ (၁၀) ပေရှည်တဲ့ ပရိဘောဂအကြီးကြီးရှိပါသေးတယ်။ ဒါကတော့ သူမရဲ့အိပ်ယာပါ။ အိပ်ရဲ့အကျယ်ဟာ (၁၀) ပေရှိတဲ့အတွက် အိပ်ရာကိုလည်း ထပ်ခိုးထပ်မှာ (၁၀) ပေကွက်တိထည့်သွင်းတာတာပါလို့ပြောပါတယ်။

Houzz
Houzz

အိမ်မှာအသုံးပြုထားတဲ့သစ်ဟာ တော်ရုံမဆေးတဲ့အပြင် ရေစိုလည်းခံနိုင်တာကြောင့် အိမ်ရဲ့ကြာရှည်မှုကိုတော့ ပြောနေစရာမလိုပါဘူး။ ဒီအပြင် သစ်သားတစ်ခုနဲ့တစ်ခုကြားမှာ ကော်သေချာကပ်ထားပြီး သစ်သားရဲ့အောက်မှာ မိုးကာတွေကပ်ထားပြီးဆောက်လုပ်ထားတာကြောင့် ရေစိမ့်ဝင်ခြင်းကို တားဆီးပေးပါတယ်။ ပျမ်းပျှတန်ဖိုးကတော့ ပေါင် (၁၀၀၀၀) လောက်ကုန်ကျခဲ့ရတယ်လို့ ခံမှန်းခြေသိထားပါတယ်။

Houzz

လောကကြီးမှာ အခုလိုမျိုး အိမ်သေးသေးလေးပိုင်ဆိုင်ရတာကို အရမ်းကိုဝမ်းသာနေတဲ့ Vina လို အမျိုးသမီးမျိုးဟာ တကယ့်ကိုလေးစားလောက်တာပါ။

Source: Elite Readers, Houzz

Penny

SHARE