ပေါင်(၂၀၀) ကျော်ကိုယ်လုံးကနေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲပစ်ခဲ့တဲ့သူမ

instagram/Kara Beck

ကီရာဘက်ဟာ ၀လို့ဆိုပြီး သူများရဲ့ အနှိမ်အပြောခံရသူတွေထဲ တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ ယောက်ျားလေးတွေဆိုရင် ကီရာ့ကို ၀လွန်းလို့ဆိုပြီး လိုက်နောက်ကြသလို သူငယ်ချင်းတွေဆိုရင်လည်း သူမကို နွားနီမဆိုပြီး ကွယ်ရာမှာ နာမည်ပေးထားကြပါတယ်။ ကီရာကတော့ အခုလို ပြောင်လှောင်ခံရတာတွေက သူမအသက်(၁၂) နှစ်လောက်ကတည်းက စခဲ့တာလို့ ဆိုပါတယ်။

instagram/Kara Beck

ကီရာ အသက်(၈) နှစ်အရွယ်မှာ ဆရာဝန်တွေက သူမကို ဆီးချိုရောဂါဖြစ်နိုင်တယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ ငယ်ငယ်တုန်းကတည်းက ကီရာက လူကောင်ထွားတဲ့အတွက် ရွယ်တူတွေနဲ့ယှဉ်ရင် အမြဲတမ်းအသက်ကြီးတယ်ဆိုပြီး အထင်ခံရပါတယ်။ တကယ်တမ်း သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ဆို ကာဗိုဟိုက်ဒရိတ်တွေလျော့စား၊ ပရိုတိန်းပိုစားရတာမျိုးတွေ လုပ်ရပါမယ်။

ဒါပေမယ့် နဂိုကလည်း လူကောင်ကြီး၊ သူငယ်ချင်းတွေကလည်း သူမရဲ့ ခန္ဓာကိုယ်ကိုပဲ အမြဲလှောင်ပြောင်သရော်ကြတဲ့အခါမှာတော့ ကီရာဟာ သူမကိုယ်သူမ ကျန်းမာအောင် ပြုပြင်နေထိုင်ဖို့ မတွေးနိုင်တော့ပါဘူး။ ဒီလိုနဲ့ သူမဟာ မစားမသောက်ပဲ နေခဲ့ပြန်ပါတယ်။ အထက်တန်းကျောင်းအရောက်မှာတော့ ကီရာက ပေါင်(၇၀) လောက်ကျသွားပါတယ်။ ၀ိတ်တွေမတရားကျနေပေမယ့်လည်း မပျော်တဲ့အပြင် ကီရာက စိတ်ကျဝေဒနာပါ ထပ်တိုးလာပြန်ပါတယ်။

READ
ဂိမ်းကို အချိန်ပြည့်ပေးနိုင်ဖို့ အမိုက်စား မော်ဒယ်ရည်းစားနဲ့ လမ်းခွဲလိုက်တဲ ပရိုဂိမ်မာ
instagram/Kara Beck

ဒီတော့ စိတ်ကျဝေဒနာအတွက် ဆေးကုသမှုခံယူရင်းကနေ တဖြည်းဖြည်းနဲ့ ပေါင်တွေပြန်တက်လာခဲ့ပါတယ်။ အသက်(၁၉) နှစ်မှာ သူမက အိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးတဲ့နောက် ပေါင်က တရိပ်ရိပ်ပြန်တက်လာလို့ ၀ိတ်ချမယ် စဉ်းစားလိုက်တော့ ကိုယ်ဝန်ရှိလာပါတယ်။ အဲ့ဒီအချိန်မှာ ကီရာဟာ ပေါင်(၃၃၀) ဖြစ်နေပါပြီ။ ကလေးလည်း မွေးပြီးရော ပေါင်တွေ ထပ်တက်လာလိုက်တာ (၃၆၈) ပေါင်ထိ ဖြစ်လာခဲ့ပါတယ်။ ဒီလောက်တောင် ပေါင်တွေတက်ပြီး လူက စည်ပိုင်းလောက်ဖြစ်လာတော့ မဖြစ်တော့ဘူး၊ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုပြီး ကီရာက ဆုံးဖြတ်ခဲ့ပါတယ်။

instagram/Kara Beck

ဒါကြောင့် (၂၀၁၈) ခုနှစ် ဇန်န၀ါရီမှာတော့ ကီရာဟာ gastric bypass ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပါတယ်။ ၄င်းခွဲစိတ်မှုကတော့ အစာအိမ်ကိုဖြတ်ပြီး အူအချင်းချင်းဖြတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုအပြီးမှာတော့ ကီရာဟာ သူမရဲ့ နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ လူနေမှုဘ၀ကိုပါ ပြောင်းလဲပစ်ခဲ့ပါတယ်။ အာဟာရမျှမျှတတစားသောက်၊ လိုအပ်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်အပြီးမှာတော့ ကီရာဟာ (၃၆၈) ပေါင်ကနေ (၁၆၃) ပေါင်ကို ၀ိတ်ကျသွားခဲ့ပြီပဲဖြစ်ပါတော့တယ်။ အောက်ဘက်မှာတော့ မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကီရာကို doyouremember သတင်းကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

READ
နှစ်ပေါင်း (၁၂၀) သက်တမ်းရှိ အိမ်အိုကြီးကို ဝယ်လိုက်မိတဲ့ စုံတွဲရဲ့ အမှားကောင်း
instagram/Kara Beck

လင်းလင်း (ShweMom)

SHARE