တစ်ခါတစ်လေကျရင် လူတွေရဲ့ စိတ်ကိုလည်း နားမလည်နိုင်တော့ပါဘူး။ ဘာတွေလုပ်လို့လုပ်မှန်းမသိ တောင်စဉ်ရေမရနဲ့။ အခုလည်း အမျိုးသမီးတစ်ယောက် သူမရဲ့ အဓိပ္ပာယ်လုပ်ရပ်တစ်ခုကြောင့် အဖမ်းခံခဲ့လိုက်ရပါပြီ။

ဖြစ်စဉ်ကိုတော့ Sora News 24 မှ ကိုးကားဖော်ပြပေးသွားမှာပါ။
Hokkaido ပြည်နယ်ရဲ့ Kushiro မြို့လေးမှာပေါ့။ ရဲဌာနကနေပြီးတော့ သတင်းတစ်ခုကြေငြာလိုက်ခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ကို သခွားမွှေးသီး (၁၃) လုံးဖျက်ဆီးမှုနဲ့ ဖမ်းလိုက်ခဲ့ပါတယ်တဲ့လေ။ အမှုကတော့ ဇူလိုင်လ ၂၈ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပေမယ့်လည်း တရားခံမပေါ်သေးတဲ့အတွက်ကြောင့် ကြာမြင့်နေခဲ့တာဖြစ်ပါတယ်။ တရားခံဟာ စူပါမားကတ်တစ်ခုမှာ တင်ရောင်းထားခဲ့တဲ့ တန်ဖိုးကြီး သခွားမွှေးသီး (၁၃) လုံးကို ရောင်းလို့လုံးဝမရေတော့အောင်လို့ လက်နဲ့ထိုးကာ အပေါက်တွေဖောက်ခဲ့တာပဲဖြစ်ပါတယ်။ တရားခံကို ဖမ်းမိဖို့အတွက် စီစီတီဗီမှတ်တမ်းတွေကို လိုက်ရှာခဲ့ပေမယ့်လည်း ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ပါဘူးတဲ့လေ။
ဒါပေမဲ့ ထူးဆန်းတာတစ်ခုစဉ်းစားကြည့်။ ဒီလောက်မာတဲ့ သခွားမွှေးသီးအကြီးကြီးတွေ၊ မမှည့်သေးတဲ့အလုံးတွေဆိုတော့ လက်ချောင်းလေးနဲ့ ထိုးဖောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ သခွားမွှေးသီးမပြောနဲ့ လိမ္မော်သီးကိုပဲ လက်ညှိုးနဲ့ ထိုးချကြည့်လိုက်ဦး။

ဘယ်လိုပဲဖြစ်ဖြဖ် ၃ လကျော်ကြာတဲ့အချိန်မှာတော့ ရဲတွေရဲ့ ကြိုးပမ်းမှုကြောင့် တရားခံကိုဖမ်းမိခဲ့ပါတယ်။ တရားခံကတော့ အသက် ၆၄နှစ်အရွယ် အမျိုးသမီးတစ်ဦးပါတဲ့။ ဘာလို့ သခွားမွှေးသီးတွေကို ဘာလို့ဒီလို လက်ညှိုးနဲ့ အပေါက်တွေ လိုက်ဖောက်တာလဲလို့ မေးလိုက်တဲ့အခါကျတော့ သခွားမွှေးက အရင်ကတည်းက ရောင်းတန်းမှီတဲ့ အရေည်အသွေးမရှိလို့ လုပ်တာ ဘာဖြစ်လဲတဲ့လေ။
အခုတော့ သခွားမွှေးသီး (၁၃) လုံး၊ ဒေါ်လာ ၁၃၅ ဒေါ်လာဖိုးကို ဖျက်ဆီးခဲ့တဲ့ အဖွားတော့ အဖမ်းခံခဲ့ရပါပြီ။
ツッコミどころに事欠かないニュース :
– – –
釧路市のスーパーで今年7月、夕張メロン13個に指で穴を開けたとして、64歳の女が逮捕。
防犯カメラに女の姿は映っていなかったが、警察は逮捕のきっかけや女の動機については、明らかにしていません。おいしいお https://t.co/2xPoFinkpE @gurum2222 pic.twitter.com/XKHHbdGFmh
— Ramus Inferior (@RamusInferior) November 21, 2020
Penny