သေခါနီးဖြစ်နေတဲ့ ငါးလေးကို ကျန်းမာရေးပြန်ကောင်းလာအောင် လုပ်ပြခဲ့တဲ့ အမျိုးသမီး

Tiktok/heretherebesculptures

ကိုယ်မွေးထားတဲ့ ငါးကလေးတစ်ကောင်ဟာ ကျန်းမာရေးမကောင်းတော့တာပဲဖြစ်ဖြစ်၊ နောက်ဆုံးအချိန်ရောက်နေတာပဲဖြစ်ဖြစ် အဲဒီလိုအချိန်တွေကျရင် အဲဒီငါးကလေးရဲ့အရောင်ဟာ တဖြည်းဖြည်းနဲ့ ခြောက်သွေ့လာပြီး နောက်ဆုံးမှာ အနက်ရောင်ကို ပြောင်းသွားလေ့ ရှိပါတယ်။ အခုလည်း အဲဒီလို ကျန်းမာရေးမကောင်းပဲ နောက်ဆုံးအချိန်ရောက်နေတဲ့ ငါးကလေးတစ်ကောင်ကို Lacey Scott လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ အလှမွေးငါးအရောင်းဆိုင်ကနေ ဝယ်ယူခဲ့ပြီး ကျန်းမာရေးကောင်းအောင် ပြုလုပ်ပေးခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

Lacey ဟာ အလှမွေးငါးဆိုင်တစ်ဆိုင်မှာ ရွှေငါးမွေးဖို့ သွားရင်းနဲ့ အသက် ၁၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွှေငါးကြီးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါရွှေငါးကြီးဟာ နောက်ဆုံးအချိန်ရောက်နေပြီဖြစ်ပြီး ရေကောင်းစွာ မကူးခပ်နိုင်တဲ့အပြင် တစ်ကိုယ်လုံး အနက်ရောင်ကို ပြောင်းနေပြီ ဖြစ်ပါတယ်။ ဒီလိုနဲ့ Lacey လဲ အဆိုပါရွှေငါးကြီးကို ဝယ်ယူခဲ့ပြီး အရင်လိုအခြေအနေအတိုင်း ပြန်ကောင်းအောင် လုပ်ပေးဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။

[email protected]
[email protected]

Lacey ဟာ အရင်ဆုံး အဆိုပါရွှေငါးကြီးကို တိရစ္ဆာန်ဆေးကုခန်းသို့ ခေါ်သွားပြီး ဒဏ်ရာတွေ ရှိမရှိ အသေးစိတ်အရင်စစ်ဆေဲး့ပါတယ်။ ဒီလိုနဲ့ အဆိုပါရွှေငါးကြီးရဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာတစ်ခုရထားတာ တွေ့ခဲ့ရပါတယ်။ အဆိုပါဒဏ်ရာကို သေသေချာချာ ဆေးကြောသန့်စင်ခဲ့ပြီး ဆေးပါထည့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိမ်ရောက်ရောက်ချင်း ငါးကန်ကို သန့်စင်အောင် ဆေးကြောခဲ့ပြီး ရောဂါပိုးသေအောင် ငါးကန်ထဲဖြူးလို့ရတဲ့ ဆားတစ်ချိုးကိုပါ ဖြူးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ အဆိုပါ ရွှေငါးကြီးကို ငါးကန်ထဲထည့်ပြီး ငါးကန်ကိုလည်း နေ့စဉ် ရေလဲ၊ ဆားဖြူးတာတွေကို သေသေချာချာ လုပ်ကိုင်ခဲ့ပြီး ဂရုတစိုက် ပြုစုစောင့်ရှောက်ပြီး မွေးခဲ့ပါတယ်။

READ
သခင်ဖြစ်သူကို ကားလမ်းဘေးတစ်နေရာမှာ (၄) နှစ်တိုင် စောင့်ဆိုင်းနေခဲ့တဲ့ ခွေးလေး
[email protected]
[email protected]
[email protected]

အစပိုင်းမှာတော့ ရွှေငါးကြီးဟာ ရေကောင်းစွာ မကူးနိုင်ပေမယ့် ၁ ရက်၂ ရက်အကြာမှာတော့ ပြောင်းလဲမှုတွေ စဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ ဒဏ်ရာရရှိထားတဲ့ ရွှေငါးကြီးရဲ့ ဝမ်းဗိုက်ပတ်လည်မှာ အရင်အသားအရောင်ဖြစ်တဲ့ ရွှေရောင်လေးတွေ ပြန်ဖြစ်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ ရေပြန်ကူးလာတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Lacey လဲ အရင်လုပ်နေကျအတိုင်းပဲ သေသေချာချာ ဂရုစိုက်ခဲ့ရာမှာ နောက်ဆုံးမှာတော့ ရွှေငါးကြီး တစ်ကိုယ်လုံးဟာ ပုံမှန်ရွှေရောင်ပြန်ဖြစ်လာခဲ့ပြီး အရင်လို သွက်လက်လှုပ်ရှားစွာ ရေပြန်ကူးလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Lacey ဟာ ရွှေငါးကြီး သူ့အိမ်ကို စရောက်လာကတည်းက ပုံစံတွေနဲ့ အခုရွှေငါးကြီး ပြန်ကောင်းသွားတဲ့ အထိကို ဗီဒီယိုတိုလေးတွေရိုက်ပြီး အဆိုပါဗီဒီယိုကို Tiktok ပေါ်တင်ခဲ့ပါတယ်။ အဆိုပါဗီဒီယိုဟာ Tiktok ပေါ်မှာ ကြည့်ရှု့သူ ၇သန်းကျော် ရှိခဲ့ပြီး like ပေးသူ ၃ သန်းကျော်ခဲ့ကာ လူကြိုက်အများဆုံးဗီဒီယိုတစ်ခုဖြစ်ခဲ့တဲ့အပြင် လူတိုင်းက Lacey ရဲ့ လုပ်ရပ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

READ
အိမ်သာထဲစွန့်ပစ်ခံခဲ့ရပြီး မိဘရင်းတွေကို (၃၃) နှစ်ကြာပြီးနောက်မှတွေ့ရှိခဲ့တဲ့ အမျိုးသား

 

[email protected]

 

@heretherebesculpturesThe one where you accidentally become a goldfish keeper. Meet Monstro 🖤 ##rescue ##inspirational ##goldfish ##rescuepet ##fish ##recovery

♬ Inspirational Piano – AShamaluevMusic

Pyi Hein Kyaw

SHARE