ဝတဲ့ အမျိုးသားနဲ့ လက်ထပ်လို့ လှောင်ပြောင်ခဲ့သူတွေကို ပြန်လည်ချေပခဲ့တဲ့ အမျိုးသမီး

[email protected] Bhattacharjee

အချစ်ဆိုတာ မျက်စိမရှိပါဘူး။ လူတိုင်းအသက်ရှင်နေရတဲ့ အခိုက်အတန့်ကာလတစ်ခုမှာ ကိုယ်ချစ်တဲ့လူဟာ အသားဖြူသည်ဖြစ်စေ၊ အသားမည်းသည်ဖြစ်စေ၊ ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ ချစ်ခွင့်ရှိပါတယ်။ ပတ်ဝန်းကျင်ဆိုတဲ့အရာကို လိုက်မခံစားတာ အကောင်းဆုံးပါပဲ။ အခုလည်း အမျိုးသမီးတစ်ယောက်ဟာ ဝတဲ့အမျိုးသားတစ်ယောက်ကို လက်ထပ်ခဲ့တဲ့အပေါ်မှာ လူတစ်ချို့က သူတို့ဇနီးမောင်နှံပုံကို ဆိုရှယ်မီဒီယာပေါ် share ပြီး အမျိုးသားဖြစ်သူကို လှောင်ပြောင်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.facebook.com/photo.php?fbid=3163278550377274&set=pb.100000854798238.-2207520000..&type=3&theater

အိန္ဒိယနိုင်ငံ၊ Kolkata မြို့ရဲ့ လူသိများထင်ရှားတဲ့ ဖက်ရှင်ဒီဇိုင်နာ Ekta Bhattacharjee လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို facebook မှာ တင်ခဲ့ပါတယ်။ ဒီလို တင်ခဲ့ပြီး သိပ်မကြာခင်မှာ လူတစ်ချို့ဟာ သူတို့ပုံကို share ပြီး Ekta ရဲ့ အမျိုးသားကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ပါတယ်။ “ဒီဖက်တီးက မင်းနဲ့မလိုက်ဘူး” “ယောက်ျားတော်တော်ရှားနေလားမသိ” “ဒီလိုဝတဲ့ယောက်ျားကိုမှယူရသလား” အစရှိတဲ့ caption တွေနဲပ သူတို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို share ခဲ့ကြပါတယ်။

READ
တရုတ်ပြည်က ဂင်းနစ်စံချိန်ဝင် ဒေါ်လာ (၁.၇)ဘီလျံတန် Solar Farm

https://www.facebook.com/photo.php?fbid=2881886335183165&set=pb.100000854798238.-2207520000..&type=3&theater

“ လူတွေက သူတို့နဲ့ မဆိုင်လဲ နေရာတကာ တော်တော်ဝင်ပါချင်ကြတယ်နော်။ ကျွန်မတော်တော်အံ့သြတယ်။ ကိုယ်နဲ့လဲမသိ၊ ကိုယ်နဲ့လဲ မဆိုင်တဲ့လူတစ်ယောက်က ဒီလိုမျိုးတွေ လုပ်နော အဆင်မပြေပါဘူး။ ကျွန်မယောက်ျားကတော့ ကျွန်မလို လှပတဲ့မိန်းမတစ်ယောက်ကို ရထားလို့ လူတွေက မနာလိုဖြစ်နေတာ၊ ထားလိုက်ပါ ဆိုပြီးနှစ်သိမ့်တယ်။ ကျွန်မအဲဒီလူတွေကို သေသေချာချာမှတ်ထားပါတယ်” လို့ ရေးပြီး Etka က သူမရဲ့ Facebook ကနေ ပြန်လည် ချေပခဲ့ပါတယ်။

https://www.facebook.com/permalink.php?story_fbid=3154356161269513&id=100000854798238

Pyi Hein Kyaw

SHARE