ဘောင်းဘီထဲပါလာတဲ့အဆိပ်ပြင်းပင့်ကူ ကိုက်တာခံရလို့ ဆေးရုံရောက်ခဲ့ရတဲ့အမျိုးသမီး

Nic Mitchell-Brown/Facebook

အင်္ဂလန်နိုင်ငံ၊ Cheltenham မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ၊ ဘောင်းဘီထဲမှာပုန်းနေတဲ့ အဆိပ်ပြင်းပင့်ကူကို မမြင်ဘဲ ဝတ်ဆင်မိလို့၊ ပင့်ကူကိုက်တာကို ခံလိုက်ရပြီး ဆေးရုံအရေးပေါ်တက်ခဲ့ရကြောင်း သိရပါတယ်။ သူမရဲ့အမည်ကတော့ Nic Mitchell-Brown လို့ သိရပါတယ်။

သူမဟာ ပြင်းထန်တဲ့အဆိပ်ကြောင့် မီးစနဲ့တို့ခံလိုက်ရသလို ခံစားခဲ့ရပြီး၊ အကြောတွေ တုန့်ဆိုင်းကုန်ကာ မသန်စွမ်းသလို ဖြစ်ခဲ့ရပါတယ်။ နောက်ကြောတစ်ခုလုံး နာကျင်ကိုက်ခဲနေခဲ့ပြီး၊ ဆေးရုံမှာ အချိန်အတန်ကြာသည်အထိ ကုသမှု ခံယူခဲ့ရတာပါ။ သူမဟာ အခုအချိန်ထိ ဒီနာကျင်မှုကို ထိတ်လန့်ကြောက်ရွံ့နေဆဲလို့ သိရပါတယ်။

Nic Mitchell-Brown/ Facebook

University of Gloucestershire တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Adam Hart က အိမ်မှာရှိတဲ့ပင့်ကူတွေဟာ လူတွေကို အလွန်ရန်ပြုလေ့မရှိတဲ့ အင်းဆက်တွေဖြစ်ကြောင်း၊ သူတို့မှာ အဆိပ်ရှိမရှိကို ဆေးဘက်ဆိုင်ရာက အသိအမှတ်ပြုထားတာမျိုးမရှိကြောင်း ဆိုပါတယ်။

READ
ကျောင်းသားတစ်ယောက်နဲ့ လိင်ပိုင်းဆိုင်ရာရှုပ်ထွေးခဲ့သည့်ဆရာမ ဖမ်းဆီးစစ်ဆေးခံနေရ

Nic ဟာ အခင်းဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ စနေနေ့မနက်က Belgian Grand Prix ပွဲကို သွားရောက်ကြည့်ရှုဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး၊ အဝတ်အစားလဲလှယ် ဝတ်ဆင်စဉ်မှာပဲ အခုလို ထင်မှတ်မထားတဲ့ တိုက်ခိုက်ခံရမှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ညာဘက်ခြေထောက်ကို ပင့်ကူက ကိုက်ခဲ့တာဖြစ်ပြီး၊ တစ်ယောက်ယောက်က ဓားနဲ့ထိုးလိုက်တဲ့အတိုင်း ခံစားခဲ့ရတယ်လို့ သူမက ပြောပါတယ်။

ပင့်ကူကိုက်ခံရပြီး စက္ကန့်ပိုင်းအကြာမှာပဲ ကြီးမားလှတဲ့ အဖုအပိမ့်တွေ ထလာခဲ့တယ်လို့ ပြောပါတယ်။ သူမဟာ ပိုးသတ်ဆေးတွေ၊ တတ်သလောက် မှတ်သလောက် ဆေးတွေနဲ့ ကိုယ့်ဘာသာ ကြိုးစားကုခဲ့သော်လည်း အရာမရောက်ခဲ့ဘဲ၊ ညနေပိုင်းမှာ နီးစပ်ရာ ဆေးခန်းကို သွားပြခဲ့ရတာပါ။ ဒါပေမယ့် ပြောစရာရှိတဲ့ အချက်တွေက ရှိနေပါတယ်။

Nic Mitchell-Brown/Facebook

သူမဟာ Antihistamine ဆေးတွေ မလိုအပ်ဘဲ ပိုသုံးခဲ့တာမို့ အခုလို ဓာတ်မတည့်မှုတွေ ဖြစ်ခဲ့တာလို့ ဝေဖန်သူတွေ ရှိနေသလို၊ သူမကို ကိုက်တယ်ဆိုတဲ့ ပင့်ကူဟာ အဆိပ်မရှိတဲ့ ပင့်ကူပါလို့ ထောက်ပြခဲ့တဲ့ ပညာရှင်တွေလည်း ရှိလာခဲ့ပါတယ်။ အဲဒီငြင်းဆန်မှုတွေကြာမှာ ဒေါက်တာ Adam လည်း ပါဝင်လာခဲ့ပြီး-

READ
ဒေါ်လာ (758.7)သန်းတန် ထီပေါက်ပြီးနောက် ချက်ချင်းအလုပ်ထွက်ခဲ့သည့် အမျိုးသမီး

အခု ကိုက်တယ်ဆိုတဲ့ ပင့်ကူဟာ Eratigena အမျိုးအစား ပင့်ကူဖြစ်ပြီး “အိမ်ပင့်ကူ”လို့ ခေါ်ကြောင်း၊ အလွန်သိမ်မွေ့သော ပင့်ကူများ ဖြစ်ကြပြီး၊ ကိုက်လေ့မရှိကြောင်း၊ ကိုက်ရင်လည်း မဆိုသလောက်ကလေးသာ နာကျင်ပြီး၊ အဆိပ်လုံးဝမရှိကြောင်း ထောက်ပြခဲ့ပါတယ်။ တစ်ချို့ကလည်း Nic ကို တစ်ဆိတ်ကို တစ်အိတ်လုပ်တယ်လို့ ပြောနေကြပါတယ်။

လင်းသူရိန်

SHARE