Woman of the Year ဆုရခဲ့တဲ့အပေါ် မကျေနပ်သူတွေကို ပေါ်တင်တုန့်ပြန်ခဲ့တဲ့ Cardi B

[email protected]

Cardi B တစ်ယောက် ၂၀၀၅ ခုနှစ်ကတည်းက Bodak Yellow သီချင်းနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး အောင်မြင်လာခဲ့တာ ယနေ့ဒီအချိန်အထိ ပရိတ်သတ်တွေ တစ်နေ့ပြီးတစ်နေ့ တိုးလာခဲ့သလိုပဲ အနုပညာနဲ့ပတ်သက်တဲ့ ဆုတွေဟာလည်း တစ်ဆုပြီးတစ်ဆု ရနေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib)

အခုလည်း Cardi B အနေနဲ့ သူမရဲ့ပြေးလမ်းပေါ်မှာ မှတ်ကျောက်တစ်ခုကို စိုက်ထူလာနိုင်ခဲ့ပါပြီ။ အဲဒါကတော့ Woman of the Year ဆိုတဲ့ဆုကို ၂၀၂၀ ခုနှစ်အတွက် ရခဲ့တာပါပဲ။ ဒီဆုဟာ Billboard ကနေပေးတဲ့ ဆုဖြစ်ပြီးတော့ နှစ်ကုန်တိုင်းလိုလိုမှာ အနုပညာရှင်အမျိုးသမီးတွေထဲက တစ်ဦးကို ပေးအပ်တဲ့ ဆုလည်းဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib)

Cardi B ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ထုတ်သမျှ သီချင်းတိုင်း ပေါက်ခဲ့သလို အခုလည်း Meghan Thee Stallion နဲ့ နောက်ဆုံးထွက်ထားခဲ့တဲ့ WAP သီချင်းဟာလည်း စံချိန်တွေတော်တော်များများကို ချိုးလိုက်နိုင်ခဲ့တဲ့အတွက်ကြောင့် အခု Billboard ရဲ့ Woman of the Year ဆုကို ရခဲ့တာပါတဲ့လေ။

READ
ပုရိသအပေါင်း ရူးခါသွားစေလောက်တဲ့ ပုံလေးတွေကို နန်းသီရိမောင် ဝေမျှ

 

 

View this post on Instagram

 

A post shared by Cardi B (@iamcardib)

ဒီဆုကိုရခဲ့တဲ့အပေါ် မကျေနပ်သူတွေကိုတော့ သူမဟာ သူမ ထိုက်တန်လို့တောင် တခြားအဖွဲ့အစည်းတစ်ခုက ပေးအပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ကလေးမလေးတွေအနေနဲ့ သူမကို မနာလိုတာတွေ ဖြစ်မနေသင့်ဘဲ အောင်မြင်မှုတွေကို အေးဆေးလေးထိုင်ကြည့်နေစမ်းပါဆိုပြီး ပြောလာခဲ့ပါတယ်။

Cardi B ရဲ့ WAP ဟာဆိုရင် အရင်သူမရဲ့အအောင်မြင်ဆုံး Bodak Yellow ရဲ့ အောင်မြင်မှုထက်အောင် ပိုပြီးတော့ အောင်မြင်နေခဲ့တာပါ။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib)

penny

SHARE