ဘာမှစိုက်ထုတ်စရာမလိုဘဲ ဆုံးဖြတ်ချက်ချပေးရုံနဲ့ တစ်လထဲ ပေါင် ၂၀၀၀ ရမယ့်အလုပ်

pixabay

Bristol မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ယောက်ဟာ အလုပ်ခေါ်တဲ့ဝက်ဘ်ဆိုက်တစ်ခုမှာ ပေါင် (၂) ထောင်တန် (မြန်မာငွေ သိန်း ၄၀ ခန့်)အလုပ်ခေါ်စာ တစ်ခုကို ကြေငြာခဲ့ပါတယ်။

သူမရဲ့တစ်လလုံးစာ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပေးရမှာပါ။ ဒီလိုမျိုးအလုပ်ဟာ မရှိလောက်အောင် ရှားပါးတဲ့အလုပ်ဆိုတာ မှန်ပေမယ့် အလုပ်ခေါ်တဲ့ အမျိုးသမီးကတော့ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ တကယ်ကြီးခက်ခဲနေတာပါ။

pixabay

တချို့လူတွေဟာ ရွေးချယ်စရာတွေအများကြီးထဲကမှ တစ်ခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ဆိုတာ အချိန်ခဏအလေးအတွင်းမှာ လုပ်ဆောင်နို်င်ပေမယ့် တချို့အတွက်ကျပြန်တော့လည်း ဒီနေ့ဘာဝတ်ရမလဲ၊ နေ့လည်စာဘာစားရမလဲဆိုတဲ့ ကိစ္စသေးသေးလေးတွေကိုတောင် အလွယ်တကူမြန်မြန်ဆန်ဆန် ဆုံးမဖြတ်နိုင်ကြပါဘူး။

pixabay

အခုအမျိုးသမီးလည်း ဆုံးဖြတ်ချက်ကို ပေါ့ပေါ့ပါးပါး မချနိုင်တဲ့အထဲမှာ ပါနေပါတယ်။ သူမရဲ့အလုပ်ခေါ်စာမှာ ရေးထားတာကတော့ သူမအတွက် ၂၀၁၈ ခုနှစ်ဟာ သိပ်ကို ဆိုးရွားလွန်းတဲ့ နှစ်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာယိုင်နဲ့မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အစီအစဉ်တွေ၊ ရည်မှန်းချက်တွေလည်း တလွဲတချော်ဖြစ်ခဲ့ရပါတယ်တဲ့။

pixabay

ဘယ်လောက်ထိဆိုးရွားနေခဲ့လဲဆိုတာ သူငယ်ချင်းတစ်ယောက်ကို ပိုက်ဆံချေးလိုက်တာ ပြန်မရတော့တာတို၊ New Zealand မှာ ပိုက်ဆံတွေ မရှိတော့လို့ သောင်တင်နေခဲ့တာတို့၊ အရင်ရည်းစားက ပြန်လာပြီး နှိပ်စက်တာတို့အပြင် အိမ်ကို မြန်မြန်ပြန်ရောက်ချင်စောနဲ့ ဖြတ်လမ်းကနေပြန်လိုက်တာ ဓားထောက်ခံရတဲ့အထိပါ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

READ
ကန်ရေတပ်ကို အချိန်မရွေး အပျောက်ဖျောက်နိုင်သည်ဟုဆိုခဲ့တဲ့ ကင်ဂျုံအမ်

ဒါကြောင့် သူမကို တကယ်စိတ်ရင်းနဲ့ ကူညီနိုင်မယ့်လူကို ရှာဖွေနေပါတယ်။ ဒီအတွက်လည်း တစ်လကို ယူရို (၂၀၀၀) ပေးသွားမှာဖြစ်ပြီး သူမအတွက် ကောင်းမွန်သင့်လျော့်တဲ့ဆုံးဖြတ်ချက်တွေကို ဝိုင်းဝန်းစဉ်းစားပေးပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပေးရမှာပါ။ ရုံးအလုပ်လို ရုံးတက်စရာမလိုဘဲ ဖုန်းနဲ့ပဲ အလုပ်လုပ်ရမျာဖြစ်တဲ့အတွက် အလုပ်ရှိပြီးသားလူတွေ၊ အိမ်မှုကိစ္စတွေကြောင့် မအားလပ်သူတွေအပြင် သူမနဲ့မြို့ချင်းမတူရင်တောင် လျှောက်လို့ရနိုင်ပါတယ် လို့ ဆိုထားပါတယ်။

pixabay

အဓိကကတော့ သူမကို ပဲ့ပြင်ဆုံးမသြဝါဒခြွေနိုင်ပီး အုပ်ထိန်းသူတစ်ယောက်လို လမ်းပြပေးမယ့်လူမျိုးကို ရှာဖွေနေတာပါ။ အမေရှိပေမယ့်လည်း သူမရဲ့စိတ်ဓာတ်ကျနေတဲ့ အခြေအနေဟာ အရင်ကတည်းကဖြစ်နေတာမို့ မဆန်းတော့တဲ့အတွက် ဟာသတောင်လုပ်နေတယ်လို့ဆိုပါတယ်။

တစ်လအတွင်းသူမကို အပြောင်းလဲကြီးပြောင်းလဲပေးကာ လမ်းကြောင့်တည့်မတ်သူဖြစ်ရပါမယ်။ ဘယ်သူနဲ့ ဒိတ်လုပ်ရမယ်၊ ဒီဟာဝယ်သင့်လား မဝယ်သင့်ဘူးလား၊ ပိုက်ဆံကျန်တာလေး စုလိုက်ရမလား အစားအသောက်ဝယ်လိုက်ရမလား စသည်ဖြင့် ဆုံးဖြတ်ချက်ချပေးရမှာပါ။ နောက်တစ်ချက်က သူမဟာ စာပို့တာကို ဝါသနာပါတဲ့အတွက် reply တော့ မြန်မှ ဖြစ်ပါတယ်တဲ့။ Bark.com မှာ register လုပ်ကာ ရှာဖွေပြီး အရွေးခံနိုင်ပါတယ်နော်။

READ
ကားခိုးမှုနဲ့ ရုံးတင်စစ်ဆေးခံနေရသူက ထပ်ခိုးထားတဲ့ကားနဲ့ တရားရုံးကိုလာခဲ့တဲ့ဖြစ်ရပ်

Source: Mirror

Penny

SHARE