အိပ်ပျော်နေတာကို အမွှေးရှင်းပလာစတာတွေ ကပ်ပေးပြီး ချစ်သူချင်းကျီစယ်ပုံ

အချစ်စစ်ရဲ့ လမ်းဟာ ဘယ်တော့မှ မချောမွေ့ဘူးလို့ တော်တော်များများပြောကြပါတယ်။  မှန်ပါတယ် ဒီဗီဒီယိုထဲက လူရဲ့ ဘ၀ဟာ တကယ်ကို ခက်ခဲပါတယ်။ ကြည့်ရတဲ့သူတွေအတွက်ကတော့ ဟာသပေါ့။

သူ့ကို လက်စားချေချင်တဲ့အတွက် အိပ်ပျော်နေတဲ့အချိန်မှာ ရည်းစားဖြစ်သူက နောက်ပြောင်ကျီစယ်ခဲ့တာပါ။ ဒါပေမယ့် လုပ်ပုံကတော့ သိပ်ကို ကြမ်းတမ်းပါတယ်။ အမျိုးသားဟာ ဆိုဖာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း သူရဲ့ ရည်းစားက မွှေးညှင်းတွေကိုဖယ်ရှာတဲ့ ပလာစတာတွေကို ရင်ဘက်၊ ဗိုက်နဲ့ ချိုင်းကြားတွေမှာ ကပ်ပေးထားတာကို တွေ့ရမှာပါ။

နိုးနိုးလာချင်း သူ့မှာ ကပ်နေတာတွေကို သတိမထားမိသေးပါဘူး။ ပြန်လှဲပြီး ထပ် အိပ်ဖို့တောင် လုပ်နေတာပါ။ နည်းနည်းလဲကြာရော သူ့ရဲ့ အခြေအနေအမှန်ကို သိသွားပြီး ပထမဆုံး ပလာစတာကို ဆွဲခွာလိုက်ချိန်မှာတော့ အာခေါင်ခြစ်အော်ပြီး ပထမဆုံး အမွှေးရှင်းတဲ့ အိပ်မက်ဆိုးတွေဝင်လာခဲ့ပါတယ်။ အမှန်အကန် နာတာတောင် သူပုံကြည့်ရတာ ဒါ ရယ်စရာလို့ သဘောထားနိုင်သလိုတောင်ရှိနေပါတယ်။

READ
IQ 120 အထက်ရှိသူတွေသာ ကြိဂံဘယ်နှစ်ခုပါသလဲဆိုတာ မြင်နိုင်မယ်
Youtube

သူအနေနဲ့ ရည်းစားကို ဘာတွေများ မကျေမနပ်ဖြစ်အောင်လုပ်ထားလည်း မသိပါဘူး။ တစ်ချို့ကတော့ ဒီလိုမျိုး လက်တုန့်ပြန်မှုလေးတွေရှိမှ ကိုယ့် လက်တွဲဖော်ရဲ့ စိတ်ပျက်စရာ အကျင့်စရိုက်တွေကို ပြင်နိုင်မယ်၊ သူတို့နဲ့ ပတ်သက်ပြီး အားမလိုအားမရဖြစ်မှုတွေကို ဖော်ပြနိုင်မယ်၊ ကိုယ်ဖြစ်စေချင်တဲ့ အတိုင်းဖြစ်လာမယ့် စသဖြင့် အယူအဆတွေရှိကြပါတယ်။

လက်တုန့်ပြန်တာမဟုတ်ဘဲနဲ့ သက်သက်လုပ်တာဆိုရင်တော့ ကိုယ်လည်း ဘယ်တော့ပြန်ခံရမလဲဆိုတာနဲ့ ယုံကြည်မှုတွေ လျော့ပါးလာနိုင်တဲ့အတွက် နည်းနည်းလေးတော့ ဆင်ခြင်သင့်တယ်။ ချစ်လို့ ကျီးစယ် ဘာဖြစ်လဲ ဆိုပြီး ဟာသတော့မြောက်ပေမယ့် အချစ်ရေးမှာတော့ အဆိပ်အတောက်ဖြစ်လာနိုင်ပါတယ်။

Source: Unilad

Matthew (ShweMOM)

SHARE