မုန့်အလကားစားရဖို့အတွက် FBI  Agent ဟန်ဆောင်ခဲ့တဲ့ အမျိုးသမီးရဲ့အဖြစ်အပျက်

Freepik

Insider မှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ဂျော်ဂျီယာမှာ ရှိနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ FBI Agent တစ်ယောက် ခြိမ်းခြောက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့အကြောင်းပါ။ ဖြစ်ပုံကတော့ဒီလို။

ပြီးခဲ့တဲ့ ကြာသပတေးန့တန်းက ဂျော်ဂျီယာ၊ Rockmart မှာရှိနေတဲ့ Chic-fil-A ဆိုတဲ့ fast food စားသောက်ဆိုင်လေးကနေပြီး သက်ဆိုင်ရာရဲဌာနကို ဖုန်းဆက်တိုင်ကြားလာခဲ့ပါတယ်။ ဆိုင်မှာ FBI Agent တစ်ယောက် သောင်းကျန်းနေတယ်ဆိုတဲ့အကြောင်းပါ။

Twitter- Chick-fil-a
Freepik- wirestock

ဒါနဲ့ အရာရှိတစ်ချို့ ဆိုင်ကို အပြေးလေးသွားခဲ့ကြပြီး ဆိုင်ရောက်သွားတဲ့အချိန်မှာတော့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ရပါတယ်တဲ့။ သူမဟာ ဆိုင်ဝန်ထမ်းကလေးတွေကို သူမကို အစားအစောတွေ အလကားပေးစားဖို့ပြောနေပြီးတော့ ပေးမစားရင် အဖမ်းခံရမယ်ဆိုပြီးတော့ ခြိမ်းခြောက်နေခဲ့တာဖြစ်ပါတယ်။ စစ်ဆေးမှုအရ အမျိုးသမီးရဲ့နာမည်ဟာ Kimberly George Ragsdale ဖြစ်နေခဲ့ပြီးတော့ သူမဟာ FBI Agent တစ်ဦးဖြစ်တယ်ဆိုပြီးတော့ အရာရှီ Randy Turner ကို ပြောနေခဲ့ပါတယ်။

READ
ကမ္ဘာ့ Fornite ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး ဒေါ်လာ(၃)သန်းဆွတ်ခူးသွားခဲ့တဲ့ (၁၆)နှစ်သားလေး
Twitter- Chick-fil-a

တကယ် FBI Agent ဖြစ်မဖြစ် ထဲထဲဝင်ဝင်စုံစမ်းတဲ့အခါကျမှ Kimberley ဟာ သာမန်အရပ်သူတစ်ဦးသာဖြစ်ပြီးတော့ ဆိုင်ဝန်ထမ်းကလေးတွေကို မုန့်အလကားစားချင်စိတ်နဲ့ FBI Agent ဆိုပြီးတော့ ပြောကာ ခြိမ်းခြောက်ခဲ့တာပါတဲ့။ ဒါကြောင့် Kimberley ကို အရာရှိ Randy Turner တို့ကနေပြီး အယောင်ဆောင်မှု၊ ဝတ်တရားနှောက်ယှက်မှု၊ ခြိမ်းခြောက်မှုတို့နဲ့ ထိန်းသိမ်းခဲ့ရပါတော့တယ်။

penny

SHARE