ခန္ဓာကိုယ်ကို ယုံကြည်မှုမရှိတော့တာကြောင့် အလုပ်ပါထွက်ခဲ့ရသူရဲ့ ပြောင်းလဲမှုကြီး

Bonnie Staimer/Instagram

ဝတုတ်လေးတွေသာ ဝိတ်ချလိုက်ရင် လက်ရှိပိန်ပိန်လေးနဲ့လှပါတယ်ဆိုတဲ့သူတွေထက်တောင် ပိုလန်းသွားတတ်ကြတဲ့ သာဓကတွေရှိတယ်မဟုတ်လား။ အခု ကလေးနှစ်ယောက် မေမေကလည်း ကိုယ်ဝန်ကြောင့်တက်လာတဲ့ အဆီပိုတွေကို ချပစ်လိုက်ခဲ့ရာမှာ ခပ်မိုက်မိုက်မာမီတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။ Daily Star မှာ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Bonnie Staimer/Instagam
Bonnie Staimer/Instagam

သူမနာမည်ကတော့ Bonnie Staimer ဖြစ်ပြီး အသက်ကတော့ ၃၅ နှစ်ပါ။ အပျိုဘဝတုန်းကတော့ ဝတယ်လို့မရှိခဲ့ပေမယ့်လည်း သားဦးလေးကို ကိုယ်ဝန်စလွယ်ခဲ့တဲ့အချိန်မှာ ချဉ်ချင်းတက်တာတွေ၊ ဗိုက်ခဏခဏဆာတာတွေကြောင့် ဟိုစပ်စပ် သည်စပ်စပ်စားရင်းနဲ့မှ အလေးချိန်တွေစတက်လာခဲ့ပါတော့တယ်။ ကလေးတစ်ယောက်မွေးပြီးတော့လည်း single mother ဖြစ်တာကြောင့် စားဝတ်နေရေးနဲ့ ကလေးတာဝန်တွေပါတစ်ယောက်တည်း ရုန်းကန်နေရတာဆိုတော့ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုစိုက်မအားတဲ့အခြေအနေမျိုးပါ။ သိပ်မကြာခင်မှာပဲ နောက်ထပ်ကလေးလေးတစ်ယောက်ကို ကိုယ်ဝန်ထပ်ရှိပါတော့တယ်။ ဒုတိယကိုယ်ဝန်လွယ်ပြီးတဲ့အချိန်မှာတော့ Bonnie တစ်ယောက် တော်တော်လေး ဝနေပြီပေါ့။ သူမဘဝမှာ အဝဆုံးအခြေအနေတစ်ခုလို့တောင် ဆိုနိုင်တဲ့အခြေအနေမျိုးပါ။

Bonnie Staimer/Instagam
Bonnie Staimer/Instagam

အလုပ်ကလည်း DJ အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေခဲ့တော့ သူမအနေနဲ့ဒီခန္ဓာကိုယ်ကို ဘယ်လိုမှယုံကြည်မှုမရှိတော့တာကြောင့်ပဲ DJ ကို လုံးဝဆက်မလုပ်ဘဲ ထွက်ခဲ့ပါတော့တယ်။ နောက်ပိုင်း စိတ်ဓာတ်တွေ အရမ်းကျလာခဲ့ပြီးနောက်မှာတော့ Bonnie ဟာ စိတ်ကိုပြန်မာအောင်တင်ကာ ဝိတ်ချဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။

READ
ဒေါ်လာ(၂၀)ကူညီတဲ့အိမ်ရာမဲ့ကို ရန်ပုံငွေဒေါ်လာ(၃)သိန်းနီးပါး ပြန်ရှာပေးတဲ့ အမျိုးသမီး
Bonnie Staimer/Instagam
Bonnie Staimer/Instagam

တစ်ပတ်ကိုခြောက်ရက်လောက် လေ့ကျင့်ခန်းအပြင်းအထန်ပုံမှန်လုပ်ကာ အစားပါရှောင်လာခဲ့ပါတော့တယ်။ ကလေး ၂ ယောက်နဲ့လည်း အိမ်ထဲမှာ ပတ်ဆော့နေခဲ့ပြီး အိမ်မှာ မြင်နှစ်ကောင်လည်း မွေးထားခဲ့တာကြောင့် မြင်းစီးတယ်၊ ဂျင်မသွားခင် အိမ်မှာ စောစောပြီး ဝိတ်မခဲ့ပါတယ်တဲ့။ ပေါင်ချိန်ကတော့ ၂၃၁ ပေါင်ပါ။ ၂၃၁ ပေါင်ကနေချလိုက်ရာ အခုဆို ပေါင် ၁၆၈ ပေါင်တောင် ကျသွားခဲ့ပါပြီတဲ့။ DJ လောကထဲ အရင်ကထက်လှပစွာနဲ့ ပြန်ဝင်လာနိုင်ခဲ့ပြီး ဒီအပတ်ထဲမှာပဲ သူမကို UK Glamour Awards ဆုပေးပွဲမှာ DJ အဖြစ်ပါဝင်အာဖြည့်ပေးဖို့ အဖိတ်ခံခဲ့ရတာ အဒီပွဲမှာပဲ မထင်မှတ်ထားဘဲ အလှဆုံးအမျိုးသမီးအဖြစ်လည်း ဆုရရှိခဲ့ပါသေးတယ်တဲ့။ အခုဆိုရင်တော့ Bonnie ဟာ ကလေးလေး နှစ်ယောက်နဲ့အတူတူ သူမစိတ်ဝင်စားတဲ့ DJ လောကထဲကို တစ်ကျော့ပြန်ဝင်လာခဲ့ပြီးနောက် မော်ဒယ်အဖြစ်လည်း တစ်ဖက်တစ်လှမ်းကနေ အသက်မွေးဝမ်းကျောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နေနေပါတော့တယ်။

Bonnie Staimer/Instagam

Penny

SHARE